Thursday, March 5, 2009

25-11-08 Remember, Aung San Suu Kyi's disengagement is not her choice by Dr. Thaung Htun

Response
Remember, Aung San Suu Kyi's disengagement is not her choice
Burma's pro-democracy movement is still strong, but action is not currently possible, says Thaung Htun
Dr. Thaung Htun
guardian.co.uk, Tuesday November 25 2008 00.01 GMT
The Guardian, Tuesday November 25 2008

There are several misinterpretations and failures to contextualise in the article on Burma's democracy leader Aung San Suu Kyi (Not such a hero after all, November 11).

We will concentrate on the most glaring. The writers have wrongly assumed that the Burmese pro-democracy movement's willingness to be self-critical and/or to be critical of Suu Kyi is evidence of its demise. They quote many figures. One, a "senior MP in Rangoon", said: "We ... have to consider seriously ... whether our sacrifices alone will actually bring victory." Another argued that "the NLD, a party that was popular, got lost". But, rather than signal the breakdown of the opposition movement, these voices prove its strength - its ability to air disagreements and to debate differences without recrimination.

Burma revels in its multifaceted culture and in its many voices, as would any who were as faithful to democracy as we are. Burmese people have proven that the clamour of multitudes does not equate to an implosion. This critical tendency is a sign of rude health.

In assessing Suu Kyi's current silence, your article sought to blame her for the ills of Burma's military regime. She is "internationally renowned for her recalcitrance rather than her compliance"; has become "mute since her arrest"; her "fight appears to have sublimated to a meditative battle"; and she has been guilty of "political naivety and moral high-handedness". The writers ask, "What new policies did the NLD generate?", the implication being that Suu Kyi's seemingly truculent disengagement is her choice, and that the "vacuum" she has created has left the democracy movement weak and directionless.

But under Suu Kyi's incarceration she is denied even the most rudimentary means of communicating with the wider world. Under the regime's iron rule, it is effectively impossible to engage the population and even those who represent them democratically. As such, lasting policy cannot be secured as it would be policy on the run, created without due reference to our constituents - by definition, undemocratic.

Our movement encourages an educated engagement with the issues we are confronting. Suu Kyi herself has never shied from a good debate; informed criticism is constructive guardian.co.uk © Guardian News and Media Limited 2008 and ultimately helpful. Yet firing ill-informed grapeshot in the interests of deflating a national heroine is useful only in terms of sensationalism, not solid debate. Aung San Suu Kyi's case is quite unique in world politics. Never before has a Nobel peace prize winner been imprisoned for such a long period after receiving the award. Few, if any, democratically elected governments have had to face such extraordinary obstacles over nearly five decades as we have.

Despite this article, we can only keep going, knowing such hollow attacks on the resolve and standing of a woman our people hold very dear will not break her will, nor that of the Burmese people who are sacrificing all to bring freedom to their country.

• Thaung Htun is the UN representative for the National Coalition Government of the Union of Burma, the government in exile made up of MPs elected in 1990, nominally led by Aung San Suu Kyi thaung.htun@gmail.com.
• If you wish to respond, at greater length than in a letter, to an article in which you have featured either directly or indirectly, email response@guardian.co.uk or write to Response, The Guardian, 119 Farringdon Road, London EC1R 3ER. We cannot guarantee to publish all responses, and we reserve the right to edit pieces for both length and content.

http://www.guardian.co.uk/commentisfree/2008/nov/25/burma-aung-san-suu/print 11/25/2008

Read More...

Wednesday, March 4, 2009

The Little Conspirator ပုန်ကန်သူလေး၊ အပိုင်း ၁/၄။

မြန်မာဘာသာပြန်သူ၏ အမှာစာ

ဤ “ပုန်ကန်သူလေး” အမည်ပေးထားသည့် စာအုပ်ငယ်သည် တနှစ်လေးကြိမ် ထုတ်ဝေသော Journal of the Centre for Conflict Studies, University of New Brunswik နယူး-ဘရန်စ်ဝစ်ခ် ယူနီဘာစီတီ၏ ၁၉၈၆ခုနှစ် မိုးဦးကျ “ဝိရောဓိ” စာစောင်မှ "The Little Conspirator" ကို မြန်မာလိုဘာသာပြန်ဆိုခြင်း ဖြစ်ပြီး၊ ယင်းဆောင်းပါးသည်လည်း Roman M. Boreyko ရိုမန်၊ အမ်၊ ဘော်ရေကိုးနှင့် Andrẻ YaDeau အင်ဒရီရာဒေါ် တို့ က မူရင်း ပိုလန်ဘာသာမှ အင်္ဂလိပ်ဘာသာ ပြန်ထားပါသည်။

အကြမ်းမဖက် ဒီမိုကရေစီအရေးကြိုးပမ်းနေကြကုန်သော မြန်မာပြည်သူလူထုအတွက် အထောက်အကူပြုမည်ဟု ယူဆပါသည်။ အဘယ့်ကြောင့်ဆိုသော် ဤစာအုပ်က အာဏာရှင်တွေကို ဆန့်ကျင်ဖို့ အကြမ်းမဖက်တဲ့နည်းလမ်းတွေကို သုံးရန် တိုက်တွန်း ထားသည့်ပြင်၊ ‘ဖတ်ပါ’၊ ‘ဖတ်ပြီးရင် လက်ဆင့်ကမ်းပါ’၊ ‘တတ်နိုင်ရင် သင့်ဖာသာသင် ပုံနှိပ်ထုတ်ဝေပါ’ ဆိုတဲ့ အမှာလည်းပါ ပါသည်။ ဒါ့ကြောင့် လက်ဆင့်ကမ်းလိုက်ပါတယ်။ (စာအုပ်ပါ ဥပဒေ။ ပုဒ်မများသည် ပိုလန်ဥပဒေများသာဖြစ်ပါသည်။)

မြန်မာဘာသာပြန်သူ
(အင်စီဂျီယူဘီ)ရုံး၊ နယူးဒေလီ

နိဒါန်း

ဘာသာပြန်သူများဟာ လွန်ခဲ့တဲ့နှစ် ဆောင်းဦးပေါက်က မြေအောက်အဖွဲ့အစည်းများအကြောင်းကို အားလုံးပဲ စိတ်ဝင်စားမိသွားကြတယ်။ ဒါနဲ့ပဲ မာရှယ်လော ကြေညာအပြီး၊ ပိုလန်ပြည် မြေအောက် လှုပ်ရှားမှုကြီးရဲ့ တိုးတက်ဖွံ့ဖြိုးးမှု လမ်းကြောင်းကို ပညာရှင် ဆန်ဆန် သုတေသနလုပ်ငန်းသက်သက်အနေနဲ့ စတင်လေ့လာခဲ့ကြပါတယ်။ Che Gue Vara ချေဂွေဗားရား၊ Regis Debre ရီဂျစ်ဒီဗား၊ Franz Fanon ဖရန့်ဖာနွန် နဲ့ Carlos Marighella ကာလို့စ် မာရီဂယ်လာ တို့ သုံးခဲ့တဲ့ မြေအောက်နည်းလမ်းတွေနဲ့ ပိုလန်ပြည်မှာသုံးနေတဲ့ နည်းစနစ်တွေကို နှိုင်းယှဉ်လေ့လာနိုင်ဖို့ ဒီ‘ပုန်ကန်သူလေး’ စာအုပ်ကို ဘာသာပြန်လိုက်ကြပါတယ်။ ဒီစာအုပ်လေးကို အကြမ်းဘာသာပြန်ပြီးတဲ့အခါ။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖတ်နိုင်အောင် လုပ်ရင်ကောင်းမယ်လို့ စဉ်းစားမိလာကြပါတယ်။ ဒီစာအုပ်က အာဏာရှင်နိုင်ငံတွေကို ဆန့်ကျင်ဖို့ အကြမ်းမဖက်တဲ့ နည်းလမ်းတွေကိုသုံးဖို့ တိုက်တွန်းထားတယ်။ ဒါဟာလည်း ပိုလန်မှာ စနစ်တကျ စည်းရုံး ဖွဲ့စည်းပြီးသားရှိနေတဲ့ ကွန်မြူနစ် ဆန့်ကျင်ရေးလုပ်ငန်းကြီးရဲ့ အမြင်အယူအဆတွေကြောင့်ပါပဲ။

ဒါနဲ့ ကျနော်တို့လည်း ဒီစာအုပ်ကို ထုတ်ဝေခွင့်ရဖို့နဲ့၊ တချို့ မရှင်းတဲ့ အချက်တွေကိုမေးဖို့၊ ‘ပုန်ကန်သူလေး’ ထုတ်ဝေသူတွေကို Solidarity ‘သွေးစည်းညီညွတ်ရေး’ လမ်းကြောင်းကတဆင့် ချဉ်းကပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ ကနဦး တုန့်ပြန်ချက်ကတော့ ခပ်ပြတ်ပြတ်ပဲ။ “ထုတ်ဝေခွင့် မပေးနိုင်ဘူး”တဲ့။ ဒီ မြေအောက် လက်စွဲစာစောင်လေးဟာ ပိုလန်ပြည် ပြင်ပမှာ ဘယ်သူက စိတ်ဝင်စားမှာလဲ ဆိုတာရယ်၊ ဘာ့ကြောင့်များ ကျနော်တို့က ဒုက္ခခံပြီး ဒီလို ရူးကြောင်ကြောင်အလုပ်တွေကို လုပ်နေရတာလဲ ဆိုတာတွေကို နားမလည်နိုင်အောင် ဖြစ်နေပါတယ်။ အနောက်နိုင်ငံက ပရိသတ်တွေ ဒီလက်စွဲစာစောင်လေးကို ဘာ့ကြောင့် စိတ်ဝင်စားကြမယ်ဆိုတာကို အတော်လေး ဆွေးနွေးပြီးတော့မှ ထုတ်ဝေခွင့် ပေးလိုက်ကြပါတယ်။ တွေ့ဆုံမေးမြန်းဖို့လည်း ခွင်ပြုခဲ့ပါတယ်။ ကျနော်တို့ မေးခွန်းတွေကို စာနဲ့ရေး မေးခဲ့ပြီး။ အဖြေတွေကိုလည်း ကြားခံပုဂ္ဂိုလ်တွေကတဆင့်ပဲ ရခဲ့ပါတယ်။ ကျနော်တို့ တွေ့ဆုံ မေးမြန်းခွင့်ရခဲ့သူဟာ ‘စစ်ကြောရေးကစားပွဲ’ အခန်းကို ရေးခဲ့သူလို့ယုံကြည်ရပါတယ်။ သူက နာမည်မဖော်ချင်ပဲ နေလိုပြီး။ ခုလို ပညာရှင်များရဲ့ မေးမြန်းခြင်း ခံရတာကိုလည်း သိပ်ကြိုက်ပုံ မရပါဘူး။ အချက်အလက် ပြည့်ပြည့်စုံစုံ ပေးလိုက်ရင် CND ထုတ်ဝေရေး တိုက်ရဲ့ လုံခြုံမှုကို ထိခိုက်မှာ သူစိုးရိမ်တာလို့ နားလည်နိုင်ပါတယ်။

‘ပုန်ကန်သူလေး’စာအုပ်ကို ရေးသားထုတ်ဝေခဲ့တာ ပိုလန်မှာ မာရှယ်လော ကြေညာအပြီး၊ ရာဇသတ်ကြီးနဲ့ ရာဇ၀တ်ကျင့်ထုံး ဥပဒေတို့ကို မပြင်ဆင်မီ၊ ရေးသားထုတ်ဝေခဲ့တာပါ။ အဲဒီကာလဟာ (၁၉၈၂) နွေဦး၊ ဖြစ်ဖို့များတာက မတ်လလောက်ကပါ။ ‘ဆက်ရန် ရှိသေးသည်’ CND ထုတ်ဝေရေးတိုက်ဟာ အဲဒီ အချိန်တုန်းက အမည်တူ မြေအောက် အစုတခုရဲ့ အစိတ်အပိုင်းတခုပါ။ ဒီအစုကို (၁၉၈၁) ဒီဇင်္ဘာ (၁၃)ရက် Czeslaw Beilecki ချက်လောဆီလက်ကီး က မာရှယ်လော ကြေညာအပြီး၊ တိုက်ပွဲဝင်သူ (၂၀၀) သို့မဟုတ် (၃၀၀) ရဲ့အကူအညီနဲ့ ၀ါဆောမှာ ထူထောင်ခဲ့ပါတယ်။ အုပ်စုရဲ့ သင်္ကေတစာလုံးကြီး CND ပေါ်မှာ ပိုလန်အလံ နောက်ပြန်လွင့်နေတဲ့ပုံဟာ ပထမတော့ ရင်ထိုးတွေအဖြစ်နဲ့ ပေါ်လာပြီး၊ နောက်တော့ လမ်းဘေး အုတ်နံရံတွေနဲ့ တံတိုင်းတွေပေါ်ကို (၁၉၈၂) ဇန်န၀ါရီမှာ ရောက်လာပါတယ်။

CND ဟာ Solidarity ‘သွေးစည်း ညီညွတ်ရေးအဖွဲ့’၊ MRKS ‘စက်ရုံပေါင်းစုံ အလုပ်သမားကော်မတီ’ နဲ့ နီးနီးစပ်စပ် အဆက်အသွယ်ရှိပါတယ်။ MRKS ဟာ (၁၉၈၂) ၀ါဆောရဲ့ အရဲရင့်ဆုံး မြေအောက်အဖွဲ့အစည်းပါ။ “ဆက်ရန်ရှိသေးသည်” အစုဟာ ပထမဆုံး အပတ်စဉ် CND သတင်းစာကို ထုတ်ဝေခဲ့ပါတယ်။ ဒါဟာ MRKS ရဲ့ အာဘော်သတင်းစာပါ။ “ပုန်ကန်သူလေး” ကို ထုတ်ဝေဖြန့်ချိလိုက်တာဟာ CND ရဲ့အဓိကပထမခြေလှမ်းပါပဲ။ ဒီ လက်စွဲစာစဉ်ကို ၀ါဆောမှာ ထုတ်ဝေခဲ့တာလို့ ကျနော်တို့ သိထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်က မြို့တော်တ၀ိုက် လုံခြုံရေးဂိတ်တွေအများကြီးနဲ့ တင်းကြပ်ထားတာကြောင့် မြို့ထဲကို အပြင်ကသွင်းဖို့ဆိုတာ မဖြစ်နိုင်လို့ပါ။

ပထမပိုင်း စာစောင်တွေကိုကြည့်ရတာ ဒီလက်စွဲစာစဉ်ကို Mimeograph ကျောက်ပုံနှိပ်နဲ့ အရည်အသွေး ခပ်ညံ့ညံ့ A-4 အရွယ် စက္ကူပေါ်ကူးယူပြီးမှ A-4 အရွယ်၊ လက်နဲ့ဖြတ်ပြီး၊ ချုပ်စက်နဲ့ ချုပ်ထားပုံရပါတယ်။ စက္ကူနဲ့ မင်တွေ ကတော့ မာရှယ်လော မတိုင်ခင် သိမ်းဆည်းထားခဲ့တဲ့ ‘သွေးစည်းညီညွတ်ရေးအဖွဲ့’ ရဲ့ လက်ကျန်ပစ္စည်းတွေ ဖြစ်ပုံရပါ တယ်။ စာစောင်တွေကို Kolporters တွေက ကျောပိုးအိတ်တွေ၊ ဈေးခြင်းတောင်းတွေထဲမှာ ပစ္စည်းတွေအောက်က ၀ှက်ပြီး တနေရာကတနေရာကို သယ်ပို့ပေးကြတယ်။ ပြီးတော့မှ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတွေကတဆင့် အိမ်တွေမှာ လိုက်ရောင်းကြတယ်။ မူရင်းဈေး ဘယ်လောက်ဆိုတာ မသိရပေမယ့်။ အများအပြားကို အခမဲ့ဖြန့်ခဲ့တာပါ။

“ပုန်ကန်သူလေး” ဟာ (၂၅) ကနေ (၅၀) ဇလော်တီ (၁၉၈၂) မှောင်ခိုဈေးနဲ့ဆို အမေရိကန်ဒေါ်လာ ၅ ဆင့်မှ ၁၀ ဆင့် တန်ဖိုးရှိမှာပါ။ ဒီလမ်းကြောင်းတွေကပဲတဆင့် စာစောင်ရောင်းရငွေတွေကို ထုတ်ဝေသူဆီ ပြန်ပို့ပေးကြပါတယ်။
ဒီလက်စွဲစာစောင်လေးဟာ ရေတိုရော ရေရှည်အတွက်ပါ အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ ကျနေတဲ့စိတ်တွေကို မြှင့်တင်ပေးနိုင်ခဲ့တယ်။ လှုပ်ရှားမှုဟာ အသက်ဝင်နေဆဲဆိုတာကိုပြခဲ့တယ်။ မကြာခင် လှုပ်ရှားမှုဟာ အရှိန်ပြန်ရလာမယ် ဆိုတာလည်း ယုံကြည်စေခဲ့တယ်။ ဒါ့အပြင်အာဏာရှင်စနစ်အောက်က မာရှယ်လောကြေညာထားတဲ့မြို့တော်မှာ စည်းရုံး ဖွဲ့စည်းမှုရှိတဲ့၊ စနစ်ကျတဲ့ ဆန့်ကျင်ပုန်ကန်မှုတခု လုပ်လို့ရတယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ ‘ပုန်ကန်သူလေး’ မှာ ပါဝင်တဲ့အကြောင်းအရာတွေကတော့ အရေးကြီးမြဲ၊ ကြီးဆဲပါပဲ။

ပိုလန်ပြည်တလွှား ပြန့်ကျဲနေတဲ့အစုလေးတွေကို နမူနာပုံစံပေးနိုင်ခဲ့ပြီး၊ ဘယ်လို ပုန်ကန်ရမယ်ဆိုတဲ့ သတင်းအချက်စကား ကိုလည်း ပေးနိုင်ခဲ့ပါတယ်။ ထုတ်ဝေသူကတော့ သူ့စာစောင်လေးကို ဘယ်လောက်အထိ အကျိုးပြုခဲ့တယ်ဆိုတာ ထင်မြင်ချက်ပေးလောက်အောင် အရေးမကြီးဘူးလို့ထင်သလို ဘယ်လောက် ထိရောက်မှုရှိခဲ့တယ်ဆိုတာကို စစ်ကြော ကြည့်လိုစိတ်လည်း မရှိပါဘူး။

“လျို့ဝှက်ရဲတပ်ဖွဲ့ရဲ့ စစ်ကြောရေးအရာရှိတွေရဲ့ တုန့်ပြန်ပုံကိုတော့ သိရတယ်ဗျ။ သူတို့ ဘယ်လိုနည်းတွေ သုံးတတ်တယ်ဆိုတာ ကျနော်တို့က သိထားတာကို။ စိတ်အနှောက်အယှက်ဖြစ်တာတော့ သေချာတယ်။ “ဟေ့ကောင် ‘ပကသ’ ကို မင်းဖတ်ပြီးမဟုတ်လား၊ မဖတ်ရသေးဘူးလား။ မင်းကညွှန်ကြားချက်တွေရထား ပြီးပြီပေါ့လေ..ဟုတ်လား။ မင်းတို့ရဲ့ ‘ပကသ’ ဆိုတာ အရူးတယောက်က ရေးထားတာကွ။ ဒီကောင့်မှာ ဥပဒေနဲ့ပတ်သက်လို့ ဘာ ဗဟုသုတမှ မရှိဘူး”။

နောက်တခုက ‘ပုန်ကန်သူလေး’ ဟာ နိုင်ငံတော်ရုပ်မြင်သံကြားနဲ့ ပါတီအာဘော်သတင်းစာက Trybuna Lubu မှာ အရေးတယူဖော်ပြခံရတဲ့ မြေအောက်စာစောင် အနည်းစုလေးထဲက တခုဖြစ်ပါတယ်။ “နောက်ထပ် ပြင်ဆင် ထုတ်ဝေရမယ့် မူတခုရှိမယ်ဆိုရင်ကော ဘယ်နေရာတွေကို ပြင်ချင်ပါသလဲ” ဆိုတဲ့ ကျနော်တို့ မေးခွန်းကိုတော့ သူက အခုလို ပြည့်ပြည့် စုံစုံ ပြန်ကြားခဲ့ပါတယ်။

“ဒုတိယပိုင်းကတော့ ပြန်ရေးရမယ်။ အချက်အလက်သစ်တွေ ထပ်ဖြည့်ရမယ်။ ပထမပိုင်းမှာလည်း ပြင်စရာတွေ ရှိသေးတယ်။ အထူးသဖြင့် လျို့ဝှက်ပုလိပ်အဖွဲ့ရဲ့ ထောက်လှမ်းရေးနည်းစနစ်တွေမှာပေါ့။ တယ်လီဖုန်း ကြားဖြတ် နားထောင်တာ၊ အသံခိုးနားထောင်တာ..စတဲ့ စောင့်ကြည့်ရေးနည်းစနစ်တွေပေါ့။ မြေအောက် တော်လှန်ရေးသမားတွေမှာ ဒါတွေနဲ့ပတ်သက်လို့ ယုံကြည်ရလောက်တဲ့ သတင်းအချက်အလက်တွေကလည်း ချို့တဲ့တာကြောင့် ရီစရာတွေ၊ အတင်း အဖျင်းတွေ၊ ပုံပြင်တွေလို ဖြစ်သွားတတ်တယ်။ ‘ဘယ်လိုပုန်ကန်မလဲ’ ဆိုတဲ့အခန်းကိုတော့ ‘ဘယ်လိုနေထိုင်ရမလဲ’ ဆိုတဲ့ အခန်းသစ်တခု ထပ်ဖြည့်ပေးရမယ်။ (ထောင်ထဲမှာ ဘယ်လိုနေရမယ်၊ ဖြတ်သန်းရမယ်ဆိုတာကို ရေးထားတာပါ။)

မျှော်မှန်းချက်ကြီးလှတဲ့ ဒီအခန်းကတော့ ထောင်ထဲမှာ ယောဂကျင့်ဖို့နဲ့ တခြား ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မယ့် နည်းတွေကို ရေးမှာပါ။ အဲဒီလိုပဲ တခြားအရေးကြီးတဲ့ အစာငတ်ခံ တိုက်ပွဲဆင်တာနဲ့ အတင်းအကြပ် အစာခွံ့တာကို ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာတွေလည်း ပါမှာပေါ့။ ‘စစ်ကြောရေးကစားပွဲကြီး’ အခန်းကတော့ ခုထိ မှန်ကန်ဆဲပါ။ ထပ်ဖြည့်ရမှာတွေကတော့ စစ်ကြောရေးအတွင်း ထွက်ချက်မျိုးစုံပေးခဲ့ရတဲ့ အကျဉ်းသားတွေနဲ့ ဘယ်လိုထွက်ချက်မှ မပေးခဲ့တဲ့ အကျဉ်းသားတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေပါ။”

ဒီတွေ့ဆုံမေးမြန်းခန်းမှာ ကျွန်ုပ်တို့ သတင်းထောက်ကြီးက “ပုန်ကန်သူလေး” ရေးသားသူရဲ့ နောက်ကြောင်း ရာဇ၀င်၊ အမည်၊ သူ့ရဲ့ကံကြမ္မာ...စတာတွေကို ပြောချင်ပုံ မရပါဘူး။ ဒီစာစောင်ကို ခွဲခြမ်းစိတ်ဖြာလေ့လာတဲ့ ကျနော်တို့ အလုပ်ကိုလဲ ကန့်ကန့်သတ်သတ်သာလုပ်ဖို့ အကြံပေးခဲ့ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ ကျနော်တို့ရဲ့ မြေအောက်သတင်းထောက်ကြီးက “စစ်ကြောရေးကစားပွဲ” အခန်းကို ရေးခဲ့သူဖြစ်ဖို့များပါတယ်။ “နိုင်ငံသားနှင့်လျို့ဝှက် ပုလိပ်” အခန်းကလည်း Nowa က အဲဒီ နာမည်နဲ့ပဲ အရင်က ထုတ်ဝေခဲ့ဖူးတာကို အခြေခံထားတာလို့လည်းသိရပါတယ်။ Nowa (၁၉၇၀) စုနှစ်များအတွင်း ပုံနှိပ်ထုတ်ဝေ ဖြန့်ချိရေးလုပ်ငန်းတွေလုပ်ခဲ့တဲ့ အကြီးဆုံး မြေအောက်ထုတ်ဝေရေး အစုပါ။

ကျနော်တို့ရဲ့ ကြားခံပုဂ္ဂိုလ်များက CND ကို တည်ထောင်သူ ဂျူးအမျိုးသား ဗိသုကာ Creslaw Priecki ခရက်စ်လော ပရိုက်စကီ (Maciej Poleski) မဆက် ပိုလက်စကီ လို့လူသိများသူရဲ့ ကံကြမ္မာအကြောင်းကို လူသိရှင်ကြား လုပ်ဖို့ ခွင့်တောင်းခံခဲ့ပါတယ်။ သူဟာ (၁၉၈၁) ဒီဇင်္ဘာ (၁၃) မှာ စရှောင်ခဲ့ရပြီး၊ (၁၉၈၅) ဧပြီ (၁၃) မှာ အဖမ်းခံခဲ့ရ ပါတယ်။ (၁၉၈၅) အောက်တိုဘာ (၁၃) ထဲက အစာငတ်ခံ နေတာ။ အတင်းအကြပ် အစာခွံ့ခံရပေမယ့်၊ (၁၉၈၆) ဇန်န၀ါရီလကုန်မှာ ကိုယ်အလေးချိန် ပေါင် (၆၀) လောက် ကျသွားပါပြီ။

General Jaruzelski ဗိုလ်ချုပ်ကြီးဇာရူဇဲစကီးရဲ့ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့သူဖြစ် တာကြောင့် ‘ပုန်ကန်သူလေး’ ရဲ့ ပထမအခန်း ‘ဘယ်လိုပုန်ကန်ရမလဲ’ ကို ရေးခဲ့သူဟာ သူဖြစ်လိမ့်မယ်လို့ ယုံကြည်ရ ပါတယ်။ ကွန်မြူနစ်တွေကို ‘အနီ’ တွေလို့ သုံးတတ်တဲ့သူ့ဓလေ့က ဒါကို ညွှန်ပြနေတယ်လေ။ ‘ပုန်ကန်သူလေး’ ကို ရေးသားဖို့ အမိန့်ပေးခဲ့သူဟာ သူပဲဖြစ်ပြီး၊ သူ မရေးတဲ့အပိုင်းတွေကို ကိုယ်တိုင် တည်းဖြတ်ခဲ့သူ ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
‘ပုန်ကန်သူလေး’ ကို အရေအတွက် ဘယ်လောက် ထုတ်ဝေခဲ့တယ်ဆိုတာရယ်၊ ထုတ်ဝေရေးအစု ဘယ်လောက်က ထုတ်ဝေခဲ့တယ်ဆိုတာတွေကတော့ မှန်းဆဖို့ခက်ပါတယ်။ စာအုပ်အတော်များများမှာတော့ ‘ဖတ်ပါ’၊ ‘ဖတ်ပြီးရင် လက်ဆင့်ကမ်းပါ’၊ ‘တတ်နိုင်ရင်သင့် ဖာသာသင် ပုံနှိပ်ထုတ်ဝေပါ’ ဆိုတဲ့ အမှာတွေနဲ့ချည်းပါ။ ဒီစာစောင်ဟာ ပိုလန်ရဲ့ (၁၉၈၂) ဆောင်းဦးရာသီမှာ အပေါ်လွင်ဆုံးစာစောင်တခု ဖြစ်ခဲ့ပါတယ်။ လျှော့လျှော့ ပေါ့ပေါ့ ခန့်မှန်းရင်တောင် သောင်းဂဏန်း၊ သိန်းဂဏန်းအထိ ဖြန့်ချိနိုင်ခဲ့တယ်လို့ မှန်းရပါတယ်။

အနောက်ဥရောပမှာ အနည်းဆုံး မူနှစ်မူ ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး၊ ပုံမှန်အရွယ်နဲ့ အရွယ်သေးဆိုက်တွေကို ပိုလန်ပြည်တွင်း ခိုးသွင်းနိုင်ခဲ့ပါတယ်။ ဒီဘာသာပြန်ဟာ Roman M Boreyko (အမည်ဝှက်)နဲ့ Andre Ya Dean တို့ရဲ့ ပူးပေါင်းကြိုးပမ်းမှုဖြစ်ပါတယ်။ ဘာသာပြန်မူကို တိကျအောင် ဗြိတိန်နိုင်ငံမှာရှိတဲ့ ပိုလန်လူမျိုး အသိုင်းအ၀ိုင်းထဲကတဦးက ကူညီခဲ့ပါတယ်။ ဒီလူကလဲ နာမည်မဖေါ်လိုပါ။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အဖိုးတန်လှတဲ့ အကူအညီနဲ့ထောက်ခံအားပေးမှုကိုတော့ ကျေးဇူးစကား ဆိုချင်ပါတယ်။

ကျွန်တော်တို့ဟာ မူရင်းရေးသားသူရဲ့စိတ်ဓါတ်နဲ့အာဘော်ကို အမှီလိုက်ချင်ပေမဲ့ အကြိမ်ပေါင်းများစွာပဲ အခက်အခဲတွေ့ခဲ့ရပါတယ်။ ဘာလို့လဲဆို “ပုန်ကန်သူလေး” ရဲ့ အရေးအသားဟာ ခပ်မြူးမြူး ခပ်လှောင်လှောင် ရေးထားတာကြောင့်ပါ။ ဟာသဟာ ဒီစာစောင်ရဲ့ ခွဲခြားမရနိုင်တဲ့ အစိတ်အပိုင်းဖြစ်နေတာကြောင့် ဒါကိုတော့ ကျွန်တော်တို့ တတ်နိုင်သလောက် ထိန်းသိမ်းခဲ့ပါတယ်။

ဘန်းစကားတွေ အလွန်အကျွံသုံးထားတာကိုလည်း အနီးစပ်ဆုံး အမေရိကန် ဘန်းစကားတွေနဲ့ ဖလှယ် ထားပါတယ်။ တချို့နေရာတွေမှာ ရှင်းလင်းချက်တွေ။ ထင်မြင်ချက်တွေ ထည့်ပေးဖို့လိုတာကိုလည်း အခါအားလျော်စွာ တွေ့ရတတ်တာကြောင့် စာဖတ်သူတို့ အကျိုးအတွက် (လက်သည်းကွင်း) အတွင်း ထည့်ပေးထားပါတယ်။ ‘နိုင်ငံသားနှင့်လျို့ဝှက်ပုလိပ်’ အခန်းမှာတော့ ဘယ်အပိုင်းကအသစ်၊ ဘယ်အပိုင်းက ပြန်ပြင်ရေးထားတာ။ ဘယ်အပိုင်းက Nowa ရဲ့ မူရင်းဆိုတာတွေ ပြထားပါတယ်။

(မူရင်း) ထုတ်ဝေသူ၏အမှာ
‘ပုန်ကန်သူလေး’ပါ ဆောင်းပါးတွေဟာ ခုချိန်ထိ ယာယီအားဖြင့် လွတ်လပ်နေတဲ့ သူတွေရဲ့ စုပေါင်းကြိုးပမ်းချက်ပါ။
ဒီစာအုပ်လေးရဲ့ပထမပိုင်းကိုဖတ်ပြီးရင်၊ ကျန်တဲ့နှစ်ပိုင်းရဲ့အကြံဉာဏ်ကို ယူစရာမလိုတော့ပါ။ ဒါပေမယ့် ဒုတိယပိုင်းကို ဖတ်ပြီးရင်တော့၊ တတိယပိုင်းကိုဖတ်တဲ့အတွက် ဘာ့ကြောင့်တရားမစွဲနိုင်ဘူးဆိုတဲ့ ဥပဒေဆိုင်ရာ အကြောင်းအချက် တွေကို ရပါလိမ့်မယ်။ တတိယပိုင်းကိုဖတ်ပြီးရင်တော့၊ ဒီစာအုပ်လေးပါ အကြောင်းအရာတွေကို နားလည်အောင် ကြိုးစားသင့်တယ်ဆိုတာ သိလာပါလိမ့်မယ်။ ။

မာတိကာ
(က) ဘယ်လိုပုန်ကန်ရမလဲ (လက်သစ်များနှင့် ၀ါရင့်များအားလုံးအတွက်လမ်းညွှန်) How to conspire: A Guidebook for both beginners and the advanced
• မူလ
• မြေအောက်
• ကုမ္မဏီ
• ကုန်စည်
• ဘဏ္ဍာရေး
• အစည်းအဝေးများ
• ဆက်သား
• မှတ်စုစာအုပ်
• တယ်လီဖုန်းအဆက်အသွယ်
• ချကွက်သေ
• ရုံးသွား
• အံဝှက်များ
• မြေအောက်ပုံနှိပ်စက်
• ပုလိပ်
• အမြီး
• အိုး (ထောင်ချောက်)
• စီးနင်းခြင်း
• ထောင်တွင်းဘဝ
• နာကျင်မှု
• ဆိုဗီယက်ပုံစံသွင်းခြင်း
• ကြောက်ရွံ့မှု
• အချက်ပြ
• စိတ္တဇ
• သိဖို့လိုသည်
• လွတ်လပ်ရေး
(ခ) နိုင်ငံသားနှင့်လျှိ့ဝှက်ပုလိပ် The Citizens Vs the Secret Police
• သမ္မန်စာ
• ထိန်းသိမ်းခြင်း
• ရှာဖွေခြင်း
• စစ်ကြောရေး
(ဂ) စစ်ကြောရေးကစားပွဲကြီး The Interrogation Game
(ဃ) ရည်ညွှန်းစာစုစာရင်း The Biblography

ဘယ်လိုပုန်ကန်ရမလဲ

(ပိုလန်ရှိ ဆိုဗီယက်ကွန်မြူနစ်ဆန့် ကျင်ရေးတိုက်ပွဲ)
မူလဇစ်မြစ်

အချို့သော ပိုလန်လူမျိုးများအဖို့တော့ အနီတွေကို ဆန့်ကျင်တဲ့တိုက်ပွဲဟာ ပိုလန်ကို ဆိုဗီယက်တွေ ၀င်သိမ်းတဲ့ (၁၉၄၄)ကတည်းက စခဲ့တာပါ။ အခြားသူတွေအတွက်တော့ ကွန်မြူနစ်ဆန့်ကျင်ရေးတိုက်ပွဲဟာ (၁၉၅၆) ‘ပိုလန်အောက်တိုဘာတော်လှန်ရေး’မှာစခဲ့ပါတယ်။ ဒီလိုပဲ Ursus and Radom “အာစူး” နဲ့ “ရာဒွန်း”မှာ ဇွန် အလုပ်သမား ရိက္ခာလုပွဲတွေ ဖြစ်တဲ့ (၁၉၇၆) ထိ ဒီစည်းရုံးမှုမရှိသေးတဲ့ လှုပ်ရှားမှုထဲကို လူတွေ ၀င်လာမစဲ ရှိပါသေးတယ်။

အချို့သောသူတွေအတွက်တော့ သွေးစည်းညီညွတ်ရေးအဖွဲ့ Solidarity (ဆော်လစ်ဒါရတီ)ကို စတင် မွေးဖွား လိုက်တဲ့ နေ့ကစပြီး ဒီလှုပ်ရှားမှုကြီးစပါတယ်။ အလားတူပဲ အချို့သူတွေအတွက်တော့ General Jaruzelski ဗိုလ်ချုပ်ကြီး ဇာရူဇဲစကီးက စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ (၁၉၈၁) ဒီဇင်္ဘာ (၁၃) ရက်က ဒီလှုပ်ရှားမှုကိုစခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်။ ဘယ်လိုပဲ စခဲ့၊ စခဲ့ပါ။ သေချာတာကတော့ ဒီ ကြမ္မာငင်တဲ့ ဒီဇင်္ဘာတရက်မှာပဲ ပုန်ကန်မှု ဖြစ်တော့မယ်ဆိုတဲ့ အသိကို အားလုံးပဲရခဲ့ပါတယ်။ အဲဒီ အခိုက်အတန့်ကလေးမှာပဲ ပိုလန် လူ့အဖွဲ့အစည်းဟာ ကြောက်ရွံ့မှု တံတိုင်းကြီးကို ကျော်ဖြတ်နိုင်ခဲ့ပြီး၊ ‘လျို့ဝှက်တဲ့ မြေအောက်လှုပ်ရှားမှုတရပ်ကသာ လွတ်လပ်ရေးကို အရယူပေးနိုင်တယ်’ ဆိုတာ ဘယ်သူ့ကိုမှ ဖြောင်းဖျပြောနေစရာ မလိုတော့ပါဘူး။ ‘ဒီနည်းလမ်းနဲ့သာ လွတ်လပ်တဲ့ လူမှုအဆောက်အဦတွေကို တည်တံ့နေစေလိမ့်မယ်၊ ညတွင်းချင်း ဖြိုဖျက်ခံရမယ့်အန္တရာယ်က ကင်းဝေးစေလိမ့်မယ်’ လို့ ယုံကြည်စေခဲ့ပါတယ်။

‘အနီတွေနဲ့ပတ်သက်လာရင် ဘယ်တော့မှ လျှော့မတွက်ပါနဲ့’၊ ကိုယ့်ဖက်က အလျှော့ပေးစရာ၊ အနာခံစရာ ရှိတာကို အနည်းဆုံးဖြစ်အောင် ဂရုစိုက်ပါ။ သူတို့သိတဲ့ ဥပဒေတခုပဲရှိတယ်။ ‘လက်တချောင်းရရင်၊ လက်တဖက်လုံး ရရမယ်တဲ့’။ သူတို့ကို လက်တချောင်းပေးလိုက်ရင် သင်ကိုယ်တိုင် မသိလိုက်ခင်မှာပဲ၊ လက်တဖက်လုံးပါတော့မယ်။

ပိုလန်ပြည် ပုန်ကန်မှုဖြစ်စဉ်ဟာ အာဏာပိုင်တွေနဲ့ သူတို့ရဲ့လှုပ်ရှားမှုတွေဟာ တရားမ၀င်ဘူးဆိုတဲ့အပေါ်မှာ အခြေခံပါတယ်။ ကွန်မြူနစ်တွေဟာ သူတို့လက်မှတ်ထိုးထားတဲ့ လူ့အခွင့်အရေးစာချုပ်တွေကိုသာ ဖောက်ဖျက်တာ မဟုတ်ဘူး။ သူတို့ကိုယ်တိုင်ရေး ဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတောင် လိုက်နာတာမဟုတ်ဘူး။ ဒါတင်လား ဆိုတော့ မဟုတ်သေးဘူး။ မြေတိုက်ခန်းတွေ မထားရဘူးဆိုတဲ့ ပုလိပ်ညွှန်ကြားချက်တွေကိုလည်း လိုက်နာတာမဟုတ်ဘူး။

မြေအောက် Underground
(အစည်းအရုံး) (Organization)

အကြွင်းမဲ့ လျို့ဝှက်ကြံစည်ရေး (ပုန်ကန်ရေး) ဆိုတဲ့အယူအဆဟာ အားလုံးသိတဲ့ စံပြပုံစံပါ။ အဲဒါကတော့ အဖမ်းခံရမှာစိုးလို့ အခန်းကျဉ်းလေးထဲ တံခါးပိတ်နေပြီး၊ ဘာမှ မလုပ်တဲ့နည်းပါ။ နောက်တခုက မြေအောက်ခန်းထဲမှာနေ၊ ကမ္ဘာအနှံ့ အရပ်လေးမျက်နှာကို ဆက်သားတွေလွှတ်နေတဲ့လူကလည်း ပုန်ကန်ရေးလုပ်လို့မရပါ။ တကယ့် လျို့ဝှက် ကြံစည်ရေးသမားဟာ ပုလိပ်ကအလိုရှိနေတဲ့သူ မဖြစ်စေရဘူး။ ‘နောက်ယောင်ခံအလိုက်ခံနေရသူ’ မဖြစ်စေရဘူး။ Polish Secret Police UB (ပိုလန်လျို့ဝှက်ပုလိပ်တပ်ဖွဲ့) က သူ့အကြောင်း ဘာမှမသိသူသာ ဖြစ်ရမယ်။ အရပ်ဝတ် လျို့ဝှက် ပုလိပ်တပ်ဖွဲ့ဝင်တွေနဲ့ တအိမ်ထဲ အထပ်ခွဲနေပြီး။ အလုပ် လုပ်နိုင်သူ သာဖြစ်ရမယ်။

မြေအောက်အစည်းအရုံးလေးတခုကို သင်စတင်တည်ထောင်ပြီဆိုတာနဲ့ အရေးအကြီးဆုံးက ပထမ သင်နဲ့အတူ တွဲဖက်ကြံစည် (ပုန်ကန်)မယ့်သူတွေကို သင့်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေထဲက ရှာဖွေပါ။ ဒီလူတွေဟာ သင် နှစ်ပေါင်း များစွာသိခဲ့သူ၊ နောက်ကြောင်းရှင်းသူတွေ ဖြစ်ရပါမယ်။ သင့်မြေအောက် အဆောက်အဦလေးကို အခြေခံ တည်ဆောက် မိပြီဆိုတာနဲ့ နောက်လုပ်ရမယ့်အလုပ်က အခြား မြေအောက် အစုများနဲ့ ဆက်သွယ်မိဖို့ပါ။ တကယ် စစ်မှန်တဲ့ မြေအောက်အဖွဲ့အစည်းတခုမရှိပဲနဲ့ ဆရာကြီးဂိုက် မဖမ်းပါနဲ့။ အဲဒီလို လုပ်မိရင် တကယ်မရှိတဲ့၊ စိတ်ကူးယဉ်ဆန်တဲ့၊ မြေအောက်အဆောက်အဦကို ဖန်တီးမိလျက်သား ဖြစ်နေလိမ့်မယ်။ သင့်လိုပဲ စိတ်ကူးထဲမှာသာ မြေအောက်အဆောက် အဦရှိတဲ့သူတွေနဲ့ ဆက်သွယ်မိလျက်သား ဖြစ်နေလိမ့်မယ်။

လိုတာက.. လုံ့လ၊ ၀ီရိယရှိတဲ့၊ ရိုးသားမှုရှိတဲ့ လူတယောက်ပါ။ ဒီလိုလူမျိုးက မြေအောက်အဆောက်အဦကို တည်ဆောက်ဖို့လိုပါတယ်။ ဒါပေမယ့် အဲဒီအရာ ရှိလာပြီဆိုတာနဲ့ အချိန်နဲ့ စွမ်းအားတွေ အများကြီးသုံးပြီး၊ အစစ်အမှန်နဲ့ စိတ်ကူးယဉ်မှုကို ခွဲခြားနိုင်ရမယ်။ အလုပ်ဖြစ်တဲ့ အဖွဲ့အစည်းတခု ဖြစ်လာအောင် ကြိုးပမ်းရမယ်။

Samosierra ဆာမာဆီယာ (စပိန်ကျွန်းဆွယ်စစ်ပွဲမှာ ပိုလန်မြင်းတပ်က ဆာမာဆီယာ တောင်ကြားက အခိုင်အခန့်လုပ်ထားတဲ့ အမြောက်စခန်းတွေကို တိုက်ခဲ့တဲ့စစ်ပွဲ)တိုက်ပွဲကြီးကို လူတွေ မမေ့ကြသေးပေမယ့် တကယ် အသက်စွန့် လုပ်သွားတဲ့သူကတော့ သိပ်မများလှပါဘူး။ ဒါကြောင့် သင့်လူများနဲ့ သင်ကိုယ်တိုင်ရဲ့ လုံခြုံရေးကို သတိထားဖို့ လိုပါတယ်။

မြေအောက်လုပ်ငန်းကိုစတာနဲ့ ကြုံရတတ်တာက အခြေခံပြင်ဆင်ရေးလုပ်ငန်းတွေကို မလုပ်နိုင်တော့တာပါ။ ဘာပဲဖြစ်ဖြစ် ခုလို အခြေခံသတိမူရမယ့် အချက်တွေကို မလုပ်မိတာဟာ လူထုကြီးရဲ့ မျှော်မှန်းချက်ကို အချိန်မီ ဖြည့်ဆည်း မပေးနိုင်တာထက် အန္တရာယ် ပိုများပါတယ်။

ပြည်သူလူထုနဲ့ တသွေးတည်း တသားတည်း ရှိကြောင်းပြတာကို ဘယ်ပုံစံနဲ့မဆို မြေအောက်အဖွဲ့အစည်း ကနေ ကြိုဆိုသင့်ပါတယ်။ တိတ်ဆိတ်နေတဲ့ လူများစုကြီးက ကျနော်တို့နဲ့ အတူရှိနေတယ်ဆိုတဲ့ပုံစံ ဖြစ်ဖို့လည်း လိုပါတယ်။ ဒါပေမယ့် သူတို့ကိုတော့ ဒီလို လျို့ဝှက်လုပ်ငန်းထဲ ဆွဲမသွင်းပါနဲ့။ မျိုးချစ်စိတ်ဓါတ်အကြောင်းရေးထားတဲ့ ၀တ္ထုတွေမှာသာ ဒါမျိုးကို တွေ့ရပါလိမ့်မယ်။

မြေအောက်တော်လှန်ရေးသမားတွေ ကြုံရလေ့ရှိတဲ့ အခြေခံအမှား (၂) ခုရှိတယ်။ ပထမတခုက ကိုယ့်ကိုယ်ကို ကြီးကျယ်အောင်လုပ်တာ။ ကြီးကျယ်တယ်လို့ ထင်နေတာ။ မြေအောက်တော်လှန်ရေးသမားမှာ ဒီရောဂါစွဲသွားရင် လူထုထောက်ခံမှုကို ဆုံးရှုံးရတော့မယ်။ နောက်အမှားက ‘အမှန်တကယ် စွန့်စွန့်စားစားလုပ်ဖို့ ပြင်ဆင်ထားတဲ့သူက အနည်းစုလေးပဲရှိတာကိုမေ့ပြီး၊ လူထုကို အရမ်းထင်ထားတာ’ ဖြစ်တယ်။

မြေအောက်အစုဟာ ကုသိုလ်ဖြစ် အဖွဲ့အစည်း မဟုတ်ပါ။ ပိုင်းဖြတ်မှုရှိတဲ့လူတရာက တ၀က်တပျက်သာ စိတ်ဝင်စားတဲ့ လူတယောက်ရဲ့ စေသည့်ကျွန်၊ ထွန်သည့်နွား ဖြစ်ရန် မလိုပါ။ သူတို့ဟာ ဘယ်လောက်ပဲ ရိုးသားသည် ဖြစ်စေ၊ သူတို့ရဲ့ စည်းစိမ်ဥစ္စာကိုတော့ မစွန့်လွှတ်လိုပါ။ သူတို့မူက “ခင်ဗျားတို့က ဂုဏ်သိက္ခာနဲ့နေတယ်။ ကျနော်တို့က ဇိမ်နဲ့နေမယ်”။

ကုမ္ပဏီ The Company
(မြေအောက်အစုသည် စီးပွားရေးလုပ်ငန်းကြီးတခုနှင့်တူသည်)
မြေအောက်အစုသည် သေချာကျနစွာ စည်းရုံးဖွဲ့စည်းထားမှသာ စည်းလုံးညီညွတ်စွာ၊ ထိရောက်စွာ အလုပ်လုပ်နိုင်မယ်။ တဦးချင်းစီ အောက်ခြေက စတင်ဖွဲ့စည်းရမယ်။ နိုင်ငံရေးအမြင် ကွဲလွဲပေမယ့် ပိုလန်ပြည်ကြီး လွတ်မြောက်ရေးဆိုတဲ့ ဘုံဦးတည်ချက်နဲ့ လွတ်လပ်သော၊ အာဏာပိုင်စိုးသော လူမှုအဖွဲ့အစည်းတခု ဖြစ်လာစေရမယ်။ ဒုတိယကမ္ဘာစစ်အတွင်း တပ်တွင်းမြေအောက်လုပ်ငန်းဟာ ပိရမစ်ပုံစံ ဒေါင်လိုက် ဖွဲ့စည်းထားဟန် ရှိပေမယ့်လည်း၊ အမှန်စင်စစ် လွတ်လပ်သော “ကုမ္ပဏီများ” ရဲ့ လုပ်ငန်းအရ ဆက်စပ်ထားတဲ့ စုပေါင်း အဖွဲ့အစည်း တခုသာဖြစ်တယ်။

ကုမ္ပဏီအချင်းချင်းအကြား လူထုထောက်ခံမှုရဖို့နဲ့ ကြီးထွားဖို့ ယှဉ်ပြိုင်တာဟာ မြေအောက်အဖွဲ့အစည်း လုံခြုံမှုကို အန္တရာယ်လည်းမဖြစ်စေနိုင်၊ ထိလည်း မထိခိုက်နိုင်။ သို့သော် ထိခိုက်စေတာ၊ အန္တရာယ်များစေတာဟာ ကွဲလွဲတဲ့၊ ကျင့်ဝတ်နဲ့ မညီညွတ်တဲ့ တရားနည်းလမ်းမကျတဲ့ ပြိုင်ဆိုင်မှုသာဖြစ်တယ်။

အဲဒီဖြစ်ရပ်မျိုး ဒုတိယ ကမ္ဘာစစ်အတွင်းက ဖြစ်ခဲ့ဖူးတယ်။ မြေအောက် အစည်းအရုံးရဲ့ဥပဒေဟာ အစုငယ်က ကြီးမားတဲ့ လုပ်ငန်းကို လုပ်နိုင်တယ်ဆိုတာ ဖြစ်ပါတယ်။ အစုဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိလေလေ ချေမှုန်းခံရဖို့ အခွင့်အလမ်း နည်းလေလေ၊ ပြဿနာနည်းလေလေ ဖြစ်ပါတယ်။ ပြင်ပအဆက်အသွယ်ရော အစုတွင်း အဆက် အသွယ်ကိုပါ အနည်းဆုံးဖြစ်အောင် လုပ်ထားရမယ်။

စနစ်ကျနတဲ့ စီးပွားရေးလုပ်ငန်းကြီးတခုလိုပဲ။ သီးသန့်ကလာပ်စည်းတခုစီဟာ ကုန်ချောကို တခြားကုမ္ပဏီများ သို့ အနည်းဆုံးအဆက်အသွယ်နဲ့ပေးပို့ရမယ်။ ဒါဟာ သင့်အစုအတွက်ကော။ အခြားအစုများအတွက်ပါ အန္တရာယ် မကျရောက်ဖို့ လိုအပ်ပါတယ်။ မြေအောက်အစုမှာ ကျိုးကြောင်းဆီလျော်တဲ့ စီးပွားရေးလုပ်ငန်းကြီးများရဲ့ စီမံခန့်ခွဲမှု နည်းစနစ်တွေ ကျင့်သုံးဖို့လိုပါတယ်။ ဒါဟာ ကွန်မြူနစ်တွေက ဖျက်ဆီးပစ်ဖို့ ကြိုးစားနေတဲ့အရာပဲ။

မြေအောက်အစုဟာ ကုမ္ပဏီတခုလိုပဲ ကြီးထွားလာတဲ့အခါ၊ ကုမ္ပဏီခွဲတွေ လိုလာတယ်။ ရှိလာရတယ်။ ဒါကို ဘာလို့လဲဆိုတာ အရင်ကြည့်ဖို့ အခြေခံ အောက်ခြေယူနစ်က စရမယ်။ (အရင် Flying University မိုးပျံတက္ကသိုလ်ပုံစံ လိုပဲ အခြေအနေက လိုအပ်လာပြီဆိုတာ သေချာတော့မှ ကျောင်းသုံးစာအုပ်တွေရိုက်ဖို့ ပုံနှိပ်စက်တွေထောင်၊ ဒီပုံနှိပ်စက်တွေကပဲ တရားမ၀င် ကျောင်းသုံးစာအုပ်တွေအတွက် စာကြည့်တိုက်တွေထောင်ခဲ့ကြတယ်။) သီးသန့်ကလာပ်စည်းသစ်တခု၊ ကုမ္ပဏီခွဲတခုထောင်ဖို့ လိုပြီဆိုတာကို ဗဟိုချုပ်ကိုင်မှုစနစ်အရ အထက်က ဆုံးဖြတ်ရမယ်ဆိုတဲ့အယူအဆဟာ ကျနော်တို့ခေတ်ပြိုင် ပိုလန်အတွေးအခေါ်တွေထဲ ဆိုဗီယက်ပုံစံ အသွင်းခံထား ရတာကိုပြတဲ့ မှားယွင်းတဲ့၊ ပုံစံကျတဲ့၊ ဖော်ပြချက်တခုပဲ။

အလားတူအမှားက လူမှုတရားမျှတမှုဆိုတဲ့ အကြောင်းပြချက်နဲ့ အရာရာ အညီအမျှခွဲဝေရေး သဘောတရားပဲ။ မြေအောက်လုပ်ငန်းမှာ လုံခြုံရေးသည်သာ အဓိက။ လူမှုတရားမျှတမှု မဟုတ်ဘူး။ ကလာပ်စည်းဟာ သင်တို့အားလုံးရဲ့ ကလာပ်စည်းပဲ။ ဦး‘က’ကြီး တယောက်ထဲရဲ့ ကလာပ်စည်းမဟုတ်။ အံဝှက်တွေလုပ်ဖို့ လက်သမားတယောက်ကို ရထားပြီဆိုပါစို့။ အဲဒီလက်သမားကို တခြားကလာပ်စည်းတွေထံ အလားတူလုပ်ငန်းလုပ်ဖို့ လွှဲပေးရန်မလိုပါ။ သူတယောက်ထဲက အများကြီး သိသွားရင် သူအဖမ်းခံရတဲ့အခါ အများကြီးဒုက္ခပေးလိမ့်မယ်။

မြေအောက်ယူနစ်တခုဟာ လုပ်ငန်းစပြီဆိုတာနဲ့ ခေါင်းဆောင်မှုအဖွဲ့ဟာ မလိုအပ်တဲ့ ပြင်ပအဆက်အသွယ် အားလုံးကို ဖြတ်ပြီး၊ အနည်းဆုံးသာ ထားရှိရမယ်။ လျို့ဝှက် ပုလိပ်တပ်ဖွဲ့ UB ကို ထားတာရဲ့ ရည်ရွယ်ချက်ကိုက ဒီလို ကုမ္ပဏီတွေကို ဖျက်ဆီးပစ်ဖို့ပဲ။ သူလုပ်နိုင်တဲ့နည်းက (၂) နည်းရှိတယ်။ ပထမတခုက ကလာပ်စည်း ခေါင်းဆောင်စု အဖွဲ့ကို တွေ့အောင်ရှာ၊ ဒီလူကို နောက်ယောင်ခံပြီး၊ တမြုံလုံးကိုဖမ်းဆိုတဲ့နည်း။ နောက်တနည်းက ပွေးမွေးပြီး ကိုယ့်ထဲ ထည့်ထား။ ဒီပွေးက တစုံတရာ တာဝန်ရှိတဲ့နေရာကိုရောက်ပြီး၊ အတော်များများကို သိပြီဆိုမှ ဒုက္ခပေးတဲ့နည်း။

ဘာပဲဖြစ်ဖြစ် မြေအောက်စည်းကမ်းတွေကို လိုက်နာပါ။ မတော်တဆ ဖမ်းမိတာလေးက တမြုံလုံးဖမ်းမိတာမျိုးး မဖြစ်သင့်ပါ။ နောက်တချက်က ခေါင်းဆောင်မှုကို မိသွားပြီဆိုရင်တောင်၊ ကလာပ်စည်းက ဆက်လှုပ်ရှားနိုင်ရမယ်။ ဒါမျိုးဟာ ဆိုဗီယက်ပုံစံမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာသာ ဖြစ်နိုင်တယ်။ အလယ်ဆင့်နဲ့ အောက်အဆင့်က ဆုံးဖြတ်ချက် ချမှတ်လိုစိတ်လည်း ရှိရမယ်။ ချမှတ်နိုင်စွမ်းလည်း ရှိရမယ်။

ဒီစိမ်ခေါ်မှုကို မရင်ဆိုင်နိုင်ရင် ဒါဟာ ကျနော်တို့ ပိုလန်ပြည် လူ့အဖွဲ့စည်းတခုလုံး ဘယ်လောက်အထိ ဆိုဗီယက်ပုံစံ သွင်းခံထားရသလဲဆိုတာကို ပြတာဖြစ်မှာပဲ။

ကုန်စည် Merchandise
ဘယ်နေရာမှာမှ အစထွက်မနေမှ ပုန်ကန်မှုလုပ်ငန်းဟာ ချောမွေ့မယ်။ အပြီးမသတ်ရသေးတဲ့ ကုန်ချောကိုပို့တာ ရာဇ၀တ်မှုပဲ။ ဒါဟာ ဆိုဗီယက်ပုံစံ စီးပွားရေးလက္ခဏာာပဲ။ ဒါမျိုး မဖြစ်ရဘူး။ မြေအောက်လုပ်ငန်းမှာ ပစ္စည်းတိုင်းကို လက်ဆောင်ထုပ်သလို သေသေချာချာ ထုပ်ပိုးထားပြီး၊ ငွေလင်ဘန်းပေါ် တင်ပို့တာမျိုးသာ ဖြစ်ရမယ်။ ဒါဟာ ကုန်ပစ္စည်းပို့တာပဲဖြစ်ဖြစ်၊ သတင်းပို့တာပဲဖြစ်ဖြစ်၊ အစည်းအဝေး လုပ်တာပဲဖြစ်ဖြစ်၊ ဒီအတိုင်းပဲ ဖြစ်ရမယ်။ လျို့ဝှက်တွေ့ဆုံပွဲတခုလုပ်ဖို့ အချိန်၊ နေရာ၊ လူဦးရေစတာတွေကို ကြိုပြီး သတ်မှတ်ထားရမယ်။

သတင်းပို့စရာရှိရင်လည်း သတင်းကို သေချာအောင်ပြင်ဆင်ပြီး ချရေးထားရမယ်။ ဒါမှမဟုတ်ရင် အချက် အလက်တွေ လွဲချော်သွားနိုင်တယ်။ မေ့သွားနိုင်တယ်။ အတင်းအဖျင်းအဖြစ် ယုတ်လျော့သွားနိုင်တယ်။

ဒီလိုပဲ လက်ကမ်းစာစောင်တွေကို မြေအောက်ပုံနှိပ်တိုက်တွေက ပို့စရာရှိရင်လည်း သေချာထုပ်ပိုး ချည်နှောင်ရမယ်။ အရေအတွက်ကို ထုပ်ပိုးစက္ကူပေါ်မှာ ရှင်းရှင်းလင်းလင်း ရေးထားရမယ်။ ဒီလို လုပ်ထုံးလုပ်နည်းတွေကို သေချာလိုက်နာရမယ်။ ဒီလို မလုပ်မိရင် အထုပ်ဟာ လမ်းမှာပဲ ပျောက်သွားနိုင်တယ်။ ပုလိပ်က ဘယ်ကလာတယ်။ ဘယ်ကိုပို့မလို့ဆိုတာ ခြေရာခံနိုင်သွားလိမ့်မယ်။

အခုလို ပျက်စီးကျဆုံးနေတဲ့ ကွန်မြူနစ်ဝါဒခေတ်ကြီးမှာ (၁၉၄၀)ခုလယ်ကတည်းကတွက်ရင် ကိုယ့်လုပ်အားရဲ့ အသီးအပွင့်ကို ခံစားနိုင်တာမှာ ကျနော်တို့ ပိုလန်မြေအောက် တော်လှန်ရေးသမားတွေဟာ ပထမမျိုးဆက်ပဲ။ ဒီအရသာကို ခံစားပါ။ သင့်အချိန်ကို ကောင်းစွာအသုံးချပါ။

ဥပမာပြရရင်.. သင့်ကို ဦး‘က’နဲ့ ဦး‘ခ’ကို တွေ့ပေးဖို့ကြားလူ ဦး‘ဂ’က တဆင့် စီစဉ်ခိုင်းတယ်ဆိုပါစို့။ ဦး‘ဂ’ကို “ဦး‘က’က ဦး‘ခ’ကို တွေ့ချင်ပါတယ် ခင်ဗျ”လို့ သွားပြောပြီး အချိန်မဖြုန်းပါနဲ့။ ဦး‘ဂ’ကို ဒုတိယ အကြိမ် ထပ်တွေ့မယ့် အစား၊ ဦး‘ခ’ ကို တွေ့ပြီး တခါထဲ အစီအစဉ်ကိုပြောပါ။

ဒါပေမယ့် ဦး‘က’က ဦး‘ခ’ကို တွေ့ချင်တဲ့အကြောင်းပြောတဲ့အခါ၊ တွေ့ဖို့အချိန်နဲ့ နေရာကို တခါတည်း ပြောလိုက်ပါ။ အချိန်နဲ့နေရာတခုခု အဆင်မပြေတာရှိရင် ထပ်ပြီး အတည်ပြုချက်ယူဖို့မလိုပါ။ ဒါမျိုးကိုရှောင်ရှားနိုင်ဖို့ အရံနေရာနဲ့အချိန်ကို သင် ပထမ ဆက်သွယ်ရမယ့်ပုဂ္ဂိုလ်ကို ပြောစဉ်ကတည်းက တခါထဲပေးထားပါ။

ဒီတော့ ဒီလိုအစည်းအဝေးမျိုးအတွက် နမူနာသတင်းပို့ချက်ပုံစံက… “ဦး‘က’သည် ဦး‘ခ’ကို ကြာသပတေးနေ့ ညနေ (၅)နာရီ (၁၀)မိနစ်၊ သမတ ၀ီလ်ဆင်လမ်း အပြည်ပြည်ဆိုင်ရာ သတင်းထောက်ကလပ်ရှေ့၊ ယခင် ပဲရစ်ဘုံအဖွဲ့ ရင်ပြင်တွင် တွေ့ဆုံမည်။ သူသည် ဘယ်ဖက်ဂျိုင်းကြားမှာ People's Tribune ပြည်သူ့သံတော်ဆင့် သတင်းစာကို ညှပ်လာမည်။ အရံနေ့ရက်မှာ သောကြာနေ့ ဖြစ်သည်။”

Read More...

The Little Conspirator ပုန်ကန်သူလေး၊ အပိုင်း ၂/၄။

ဘဏ္ဍာရေး Finance
ကိုယ်ကျိုးစွန့်တာတို့၊ စေတနာ့ဝန်ထမ်း လုပ်အားပေးတို့ဆိုတာတွေဟာ ကွန်မြူနစ်စနစ်ရဲ့ ခြောက်အိပ်မက် တွေပဲ။ လုံးဝဥဿုံ ကိုယ်ကျိုးမဖက်ဘူးဆိုတာ လက်တွေ့နဲ့ ဗြောင်းပြန်ပဲ။ ဒါဟာ ပုံဖျက်ထားတဲ့ ရည်မှန်းချက်တခုထက် ဘာမှမပိုဘူး။ ကိုယ်ကျိုး ကြည့်မှုရဲ့ အဆိုးဆုံးပုံစံလည်းဖြစ်တယ်။ သိမ်ငယ်စိတ်ရှိပြီး ထုံထိုင်းတဲ့သူတဦးသုံးတဲ့ မျက်နှာဖုံးပဲ။ ဒီလိုလူမျိုးမှာ ဆင်ခြေတွေအများကြီးပဲ။ အလုပ်နောက်ကျရင် “တနေ့လုံးတညလုံး ဟိုဟိုဒီဒီ ပြေးလွှား နေရလို့ပါဗျာ” လို့ပြောမယ်။ ပုံနှိပ်တာ ဟန်မကျရင်.. “ကျနော်ဟာ တတ်ကျွမ်းကျင်တဲ့စက်ဆရာမှ မဟုတ်တာဗျာ” လို့ပြောမယ်။ အစည်းအဝေး တခုခုကို ကောင်းကောင်း မစီစဉ်နိုင်ရင် “ကျနော်က စားဖို့သောက်ဖို့ ငွေရှာရသေးတယ်ဗျ” လို့ ဆင်ခြေပေးမယ်။ ဒီလိုဗျူရိုကရေစီ အသေးစားဉာာဉ်ရှိတဲ့သူဟာ ဒုက္ခပဲပေးလိမ့်မယ်။

မာရှယ် ပီလ် ဆတ်စကီး (Marsial Pilsudski) က တခါပြောဖူးတယ်.. “သူတို့ဟာ ပိုလန်ပြည်ကြီး လွတ်လပ်ဖို့ ငွေ (၂)ဆင့်နဲ့ သွေး (၂)စက်လောက်ကျမယ်ဆိုမှ ဒီတိုက်ပွဲထဲ ပါလိမ့်မယ်” တဲ့။

မြေအောက်လုပ်ငန်းမှာ အန္တရာယ်ကြားမှာ သင်လှုပ်ရှားနေရတာဟာ မျိုးချစ်စိတ်ကြောင့်ပဲ။ အလုပ်လုပ်တာ ကတော့ ၀မ်းရေးအတွက် ဖြစ်နေရမယ်။ ကွန်မြူနစ်တွေဟာ ကျနော်တို့နိုင်ငံမှာ အလုပ်ကျင့်ဝတ်ကို ဖျက်ဆီးပစ်ခဲ့ကြပြီ။ လူတွေကို သီချင်းလေးတပုဒ်လောက်၊ ကျောလေးတချက် သပ်ရုံလောက်နဲ့ အတင်းအကြပ် အလုပ်လုပ်ခိုင်းကြတယ်။ အကျိုးးဆက်ကတော့ လူတွေဟာ အလုပ်ကို ဘယ်လို ကြိုးကြိုးစားစားလုပ်ရမယ်ဆိုတာ မေ့သွားကြတာပဲ။ ကျနော်တို့ လွတ်လပ်တဲ့ကုမ္ပဏီရဲ့ ကလပ်စည်းတွေကတော့ အခုလို လူနဲ့ ပစ္စည်းတွေကို အလေလွင့်မခံနိုင်ဘူး။

ငွေကြေးနဲ့ပတ်သက်လို့ ဆောင့်ကြွားကြွားနိုင်လှတဲ့အယူအဆ၊ အပေါစားဆန်တဲ့ပြောဆိုမှုက.. “ကျနော်တို့က အမြတ်ရဖို့လုပ်နေတာ မဟုတ်ဘူး။” ဆိုတာပဲ။ ဒါကအကျိုးမဲ့တဲ့ သဘာဝမကျတဲ့ကိစ္စပဲ။ တနေ့လုံး ကောင်းကောင်း အလုပ်လုပ်ပြီးရင် ထိုက်သင့်တဲ့ လုပ်ခတော့ ရသင့်တာပေါ့။ လူတယောက်အနေနဲ့ နေထိုင်နိုင်ဖို့ လုံလောက်တဲ့ ၀င်ငွေတော့ ရှိသင့်တာပေါ့။

အနီတွေကတော့ ကျနော်တို့ကို CIA က ထောက်ပံ့နေတယ်လို့ အမြဲ စွပ်စွဲနေတာပဲ။ တကယ်တော့ ပြည်တွင်းနဲ့ ပြည်ပက ပိုလန်လူမျိုးတွေက လွတ်လပ်ရေး အရေးတော်ပုံအတွက် ကျနော်တို့ကို ထောက်ပံ့နေတာပါ။ သူတို့က ကျနော်တို့ကို ပြေစာတွေ ကြည့်ချင်တယ်လည်း မပြောဘူး။ ပုံစံတွေကို (၃)မူစီ ဖြည့်ရမယ်လည်း မပြောဘူး။ ငွေတွေကို အကျိုးရှိအောင်သုံးဖို့နဲ့ မျှမျှတတ သုံးဖို့ပဲပြောတယ်။ သူတို့ တောင်းဆိုတာက ရိုးသားမှုရှိဖို့ပဲ။ ကျနော်တို့ရဲ့ ကိုယ်ပိုင် မှတ်တမ်းအတွက် မြီစားမြီရှင် လက်ကျန်ရှင်းတမ်းတခု လုပ်ထားဖို့လောက်ပဲပြောတယ်။

အစည်းအဝေးများ Meetings
ပုံမှန်အားဖြင့် အစည်းအဝေးများကို မိမိနေရာမဟုတ်သည့် ကြားနေအရပ်တခုတွင်သာ ပြုလုပ်သင့်သည်။ သင် ကောင်းစွာ သိသောနေရာ၊ သင် ယုံကြည်စိတ်ရသူများရှိသည့်နေရာ ဖြစ်ပါစေ။ သင့်အိမ်ပတ်ဝန်းကျင် အစည်းအဝေး ပြုလုပ်ခြင်းသည် အမှားတခုဖြစ်သည်။

‘မသိတာကို မဖော်နိုင်’ ဆိုသည့် ဆိုရိုးစကားသည် ယခုတိုင် မှန်ကန်ဆဲဖြစ်သည်။ ကိစ္စရပ် တခုချင်းအတွက် ကြားခံ အဆက်အသွယ်များကို အနည်းဆုံးဖြစ်စေရမည်။ ဆိုလိုသည်မှာ သင် ဦး‘က’နှင့် လမ်းလျှောက်သွားစဉ် မတော်တဆ ဦး‘ခ’နှင့် ဆုံသည် ဆိုပါစို့။ သူ့ကို နှုတ်ဆက်ရန်၊ တွေ့ကြောင်းပြရန် မလိုပါ။ ဦး‘က’သည် ဦး‘ခ’နှင့် သိရန် မလိုပါ။ အလားတူ လမ်းပေါ်ရှိ တစုံတဦးနှင့် မမျှော်လင့်ပဲ ဆုံမိသည်ဆိုပါစို့။ ထိုသူကိုလည်း မြေအောက်လှုပ်ရှားမှုတွင် ပါဝင်နေသူဟု သင်သိထားသည် ဆိုပါစို့။ သူကဖိတ်ခေါ်သည့် လက္ခဏာ ထင်ထင်ရှားရှား မပြဘဲ သူ့နားကို မကပ်ပါနှင့်။ ဒါမှသာ သူသည် ကိစ္စရပ်တခုနှင့် သွားနေသည် (သို့) နောက်ယောင်ခံလိုက်ခံနေရသည်ကို သင်သိမည်ဖြစ်သည်။

ယေဘူယျအားဖြင့် အစည်းအဝေးမတိုင်မီ လူထူသောနေရာမှာ ကနဦး မျက်လုံးချင်းဆုံမိအောင် လုပ်ပါ။ သင့်ကို သူ မှတ်မိပြီဆိုတာ သေချာမှ၊ ဘတ်စ်ကား (သို့) ဓါတ်ရထားကို တက်စီးပါ။ သူက သင့်နောက်သို့ လိုက်လာလိမ့်မည်။ အပြောင်းအလဲအနေဖြင့် သင်က လမ်းလျှောက်သွားလိုဟန်ဆောင်၍ ဘတ်စ်ကား မှတ်တိုင်မှ ထွက်လိုက်ပါ။ အဆက်အသွယ်က သင့်နောက်ကို လိုက်လာလိမ့်မည်။

အရေးကြီးသောအစည်းအဝေးမှန်သမျှ အေးဆေး၍ လုံခြုံသောပတ်ဝန်းကျင်၊ စိတ်ချရသောအိမ် လိုအပ်သည်။ မှတ်စုလိုက်နိုင်သော၊ ပစ္စည်းလဲနိုင်သောနေရာ ဖြစ်ရမည်။ လူတိုင်းက ခိုးနားထောင်တဲ့ ကိရိယာကို ကြောက်ကြတယ်။ ဒါက တကယ်တော့ လျို့ဝှက်ပုလိပ်တပ်ဖွဲ့ဟာ ပုံမှန်အားဖြင့် အများသိပြီးတဲ့ စုရုံးတတ်တဲ့နေရာတွေမှာပဲ ထားတတ်ပါတယ်။ ဒီလိုနေရာတွေကို မသုံးသင့်တာ ထင်ရှားလှပါတယ်။

ဘာပဲဖြစ်ဖြစ် ခိုးနားထောင်တဲ့ကိရိယာတပ်ထားစေဦး အရေးကြီးတဲ့ အစည်းအဝေးတွေ လုပ်နိုင်ပါတယ်။ လိုအပ်တာက ကြိုတင် သတိရှိဖို့ပါပဲ။ စာတိုလေးတွေ (ဒါမှမဟုတ်) သာမန်စကားလေးတွေနဲ့ လုပ်နိုင်ပါတယ်။ “ဒါလေးကို သူ့ဆီယူသွားလိုက်ပါ”။ “သူ အဲဒီမှာ ရှိမယ်လို့ သူမကို ပြောလိုက်ပါ”..စတာမျိုးပေါ့။ ဒီလိုနည်းနဲ့ နာမည်တွေ၊ လိပ်စာတွေကို ခိုးနားထောင်တဲ့ ကိရိယာတွေ တပ်ထားတဲ့ကြားက လက်ဆင့်ကမ်းနိုင်ပါတယ်။ အတွေ့အကြုံအရ ဒီကိရိယာတွေကတဆင့် သူတို့သိသွားတာ နည်းနည်းလေးပါ။ လျို့ဝှက်ပုလိပ်အဖွဲ့က ဒီဟာကိုသုံးတဲ့ အဓိက ရည်ရွယ်ချက်က သတင်းအချက်အလက်စုဆောင်းရဖို့ထက် စိတ်ဓါတ်ရေးရာအရ ခြောက်ခြားအောင်လုပ်ဖို့ ရည်ရွယ်တာပါ။

ဒီလိုကိရိယာတွေသုံးနေရင်လည်း ရိုးရှင်းတဲ့ စကားဝှက်တွေကို အသုံးပြုနိုင်ပါတယ်။ အစည်းအဝေးတခုလုပ်ဖို့ လိုရင် “ကော်ဖီဆိုင်မှာ” လို့ပြောရင်ရပါတယ်။ ဒီဆိုင်ဟာ အရင်ကလည်း ဆုံဖူးပြီးသားမို့ သင့်အဆက်အသွယ်က အလွယ်တကူသိနိုင်ပါတယ်။

အလားတူပဲ သင်က “အင်္ဂါ” လို့ပြောလိုက်ရင် “သောကြာ” နေ့ကို ဆိုလိုမှန်း သူသိပါတယ်။ “မွန်းတည့်” ဆိုတာ “ညသန်းခေါင်” ပေါ့။ အလားတူ “ဒုတိယ” ဆိုတာ “ပဉ္စမ” ပေါ့။

ကနေ့ ပိုလန်မှာ လူတိုင်းလိုလိုက ကိုယ့်နည်းကိုယ့်ဟန်နဲ့ မြေအောက်လုပ်ငန်း လုပ်နေကြတာမို့ လျို့ဝှက် ပုလိပ်တပ်ဖွဲ့ဟာ ဒီလို ရှင်းလင်းလွယ်ကူတဲ့ အခြေခံကျတဲ့ အတိုဝှက်တွေကို မဖော်နိုင်ပါဘူး။

ဆက်သား Messengers
ဆက်သားနဲ့ ပစ္စည်းပို့သမားတွေဟာ ဘယ်စီးပွားရေးလုပ်ငန်းမှာမဆို ဒွန်တွဲတည် ရှိနေတဲ့အရာတွေပဲ။ သူတို့ကို ပုံမှန်စာပို့တာ၊ ပစ္စည်းပို့တာတွေမှာ သုံးတာပဲ။ ဆက်သားကို လွှတ်တော့မယ်ဆိုရင် မြေအောက်ကလပ်စည်း ခေါင်းဆောင်က သေသေချာချာ ဆွေးနွေးမှာကြားရမယ်။ ဘယ်ပစ္စည်းကို ဘယ်နေရာ၊ ဘယ်အချိန် ယူသွားရမယ်ဆိုတာ တိတိကျ ကျပြောရမယ်။

ညွှန်ကြားချက်ရပြီးတာနဲ့ ဆက်သားကောင်းဟာ သူသွားရမယ့် လမ်းကြောင်းကို အပြန်ပြန်အလှန်လှန် စစ်ဆေးရမယ်။ သူ့အလုပ်ဟာ ပုံမှန်လုပ်ငန်းပဲ ဖြစ်သင့်တယ်။ အချိန်တိုင်းမှာ သူတို့ဟာ ‘ရှင်း’ နေရမယ်။ ဆိုလိုတာက သယ်ရမယ့်ပစ္စည်းဟာ အနည်းဆုံးဖြစ်ရမယ်။ ဒါမှ ကြားဖြတ်ဖမ်းမိရင်လည်း လျို့ဝှက် မြေအောက်အဆောက်အဦကို မပေါ်အောင် ထိမ်းနိုင်မယ်။

ကလာပ်စည်းနဲ့ ဆက်သားရဲ့လုံခြုံရေးကို ထိခိုက်စေမယ့် ဘယ်အရာမဆို အလွယ်တကူ ဖျက်ဆီးနိုင်တဲ့၊ စွန့်ပစ်နိုင်တဲ့ အနေအထားရှိရမယ်။

မြေအောက်လျို့ဝှက်အဖွဲ့ကို ဖျက်ဆီးဖို့ လျို့ဝှက်ပုလိပ်တပ်ဖွဲ့သုံးတဲ့ အလွယ်ဆုံးနဲ့ အအောင်မြင်ဆုံးနည်းက ဆက်သွယ်ရေး ကွန်ယက်ထဲကို ထိုးဝင်တာပဲ။ ဥပမာအားဖြင့်.. လျို့ဝှက် ပုလိပ်တပ်ဖွဲ့ဟာ မြေအောက်အစု ခေါင်းဆောင်တယောက်ကို အပူတပြင်း ဖမ်းချင်နေပြီဆိုရင် မြေအောက်အဖွဲ့ရဲ့ ဆက်သွယ်ရေး စနစ်ထဲမှာ သတင်းမှားတွေဖြန့်ပြီး ထောင်ချောက်ဆင်တော့တာပဲ။

ဒီအလုပ်ကို ပုံစံမျိုးစုံနဲ့ လုပ်တတ်တယ်။ ဦး‘ဆ’ရဲ့ ကလေး ကင်ဆာဖြစ်နေပြီ ဆိုတာနဲ့ စလိုက်တယ်။ ဒါကို ချက်ချင်း မစစ်ဆေးနိုင်ရင်၊ (ဒါမှမဟုတ်) လျို့ဝှက်ပုလိပ်ရဲ့ ပစ်မှတ်ဆီကို အချိန်မီ အကြောင်းမကြားနိုင်ရင်၊ ပူပန်စိတ် ကြီးနေတဲ့ ဦး‘ဆ’က သူ့အိမ်ကို ဆက်သား လွှတ်တော့မယ်။ ဒါဆို သူ့ကလာပ်စည်းတော့ ပျက်ပြီ။ ဆက်သားကို အသာ နောက်ယောင်ခံ လိုက်သွားရုံပဲ။

ကလာပ်စည်းခေါင်းဆောင်က သူ့မိသားစုကို သူကိုယ်တိုင် ဆက်သွယ်လို့မရတဲ့ လုံခြုံရေး အစီအမံတွေရှိမှ ဒီလိုအချိန်မှာ ဆက်သားသုံးရမယ်။ နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေး (လူလူချင်း) ထိတွေ့မှုဟာ အရေးကြီးဆုံးဆိုတာ သဘောပေါက်ရမယ်။ လူလူချင်းဆက်ဆံရေးမဟုတ်တဲ့ စစ်တပ်ဆန်တဲ့ပုံစံကို မြေအောက်လုပ်ငန်းမှာ မသုံးရဘူး။ ကူရွန် (Kuron) တခါက ရေးဖူးသလိုပဲ.. “သွေးစည်းချစ်ကြည်မှုဟာ အရေးတော်ပုံထက် အရေးကြီးတယ်။”

သွေးစည်းချစ်ကြည်ရေးဆိုတာ လူသားချင်း သွေးစည်းချစ်ကြည်ရေးကိုပြောတာပါ။ ဒါကို ဆက်သားလွှတ်ပြီး တည်ဆောက်လို့မရဘူး။

မှတ်စုစာအုပ်များ Notebooks
မြေအောက်အဖွဲ့ဝင်တွေ ဘယ်သူမှ လိပ်စာစာအုပ် ဆောင်မထားရဘူးလို့ တားမြစ်ထားရမယ်။ ကိုယ့်အခန်း ကိုယ်ထားတာ၊ ကိုယ့်ကိုယ်ပေါ်မှာထားတာ ကိစ္စမရှိတန်ကောင်းပါဘူးလို့ ထင်ကောင်း ထင်လိမ့်မယ်။ စစ်ကြောရေး ရောက်မှ.. “ဒါ ကျနော့်မိတ်ဆွေ ဟောင်းပါ”။ “သူက ကျနော် ငယ်ငယ်ကတည်းကသိတဲ့ အမျိုးသမီး မိတ်ဆွေပါ။” ဆိုတာ လောက်နဲ့ မရတော့ဘူး။
ခင်ဗျားလိပ်စာစာအုပ်ထဲပါတဲ့ လူတိုင်းရဲ့နာမည်။ လိပ်စာတွေကို စစ်ဆေးဖို့ ဆိုတာ ပုလိပ်အလုပ်ပဲ။ ဒီလိုလုပ်ဖို့ သူတို့မှာ အချိန်လည်းရှိတယ်။ ပုလိပ်စစ်ဆေးချက်က ထွက်လာတဲ့အဖြေတွေဟာ သင့်အတွက် အံ့သြစရာတွေ ဖြစ်လာလိမ့်မယ်။
သင်က ရှက်တတ်ကြောက်တတ်တဲ့၊ မလုပ်တတ် မကိုင်တတ်လို့ သိထားတဲ့ ကလေးဘ၀က အမျိုးသမီး မိတ်ဆွေတွေရဲ့အခန်းမှာ လျို့ဝှက်ပုလိပ်တပ်ဖွဲ့က တရားခံပြေးတယောက်လို သွားတွေ့တာ ဖြစ်ချင်ဖြစ်မယ်။ ဒီလူကလည်း မိန်းကလေးရဲ့ သင်္ကာမကင်းဖြစ်စရာမရှိတဲ့ အနေအထားကိုကြိုက်ပြီး ပုန်းဖို့ နေရာရွေးခဲ့တာပေါ့။

အဲဒီလိုပဲ ခင်ဗျားကို အပြစ်ကင်းစင်တဲ့ ငယ်ဘ၀ ကစားဖော်အဖြစ် သိထားတဲ့ အခြားသူတို့ရဲ့ အပျင်းထူမှုကြောင့် ခင်ဗျားလည်း ဒုက္ခရောက်နိုင်တာပဲ။

မြေအောက်အ၀န်းအ၀ိုင်းဟာ လူတွေအများကြီးရှိပေမယ့် တကယ်တော့ ဒီကမ္ဘာဟာ ကျဉ်းကျဉ်းလေးပါ။ ဒါကို မျှော်လင့်ထားရမယ်။ ဒုတိယကမ္ဘာစစ်အတွင်းက အုတ်ဂူတွေပေါ်က ကမ္ဗည်းစာတွေကိုကြည့်ပါ။ မိသားတစုလုံး သေသွားမှတော့၊ ဘယ်စစ်ပြန်က “ကျနော်တို့ နိုင်တယ်” လို့ပြောလို့ရမှာလဲ။ ခင်ဗျားကိုယ်ခင်ဗျား ဒီလိုမဖြစ်ပါစေနဲ့။ အဖြစ်အပျက်တိုင်းဟာ သေးဖွဲတဲ့၊ အမှတ်တမဲ့ဖြစ်တဲ့၊ မတွေးတောမစဉ်းစားမိတဲ့ ကိစ္စငယ်လေးတွေက စခဲ့တာချည်းပဲ။

ဒါကြောင့် သတင်းကို ၀ှက်စာသွင်းဖို့ လိုတယ်။ ၀ှက်စာသွင်းထားတဲ့ စာတိုလေးတစောင်၊ လိပ်စာစာအုပ်လေး တအုပ်ကြောင့် သင်္ကာမကင်းဖြစ်ခံရမှာကို မပူပါနဲ့။ ဒီဝက်တွေကို ဘယ်အချိန်မဆို သင် ဒီလို ပြောဆိုနိုင်ပါတယ်.. “ကျနော့် သူငယ်ချင်းတွေကို ကျနော့်လို ငရဲမခံရစေချင်လို့ပါဗျာ”..လို့။

အိမ် (သို့) အခန်းတခန်းရဲ့နံပတ်ကိုပဲ ရေးပါ။ လမ်းနဲ့တခြားဟာတွေကို ခေါင်းထဲမှာပဲ မှတ်ထားပါ။ လိုအပ်သမျှသာ ခဲတံနဲ့ရေးထားတာ အကောင်းဆုံးပဲ။ ကိစ္စပြီးရင် အလွယ်တကူ ဖျက်လိုက်လို့ရတာပေါ့။ မှင်မသုံးပါနဲ့။ သင် ဘောပင်နဲ့ရေးထားတာကို အပေါ်က ဟိုခြစ်ဒီခြစ် လျှောက်ခြစ်ထားရုံနဲ့ အောက်မှာရေးထားတာက ပျက်သွားတာ မဟုတ်ဘူး။

ဝှက်စာနဲ့ရေးထားပေမယ့် သင့်မှတ်စုစာအုပ်ကို အခါအားလျော်စွာ ပြန်ရေးပါ။ မလိုတဲ့လိပ်စာတွေကို ဆုတ်ပစ်ပါ။
ယေဘူယျအားဖြင့်တော့ စာတိုတွေကို သေးနိုင်သမျှ အသေးဆုံး စာရွက်ပေါ်မှာ ရေးပါ။ ဒါမှ ကိစ္စပေါ်တဲ့အခါ ဖျက်ဆီးဖို့ ပါးစပ်ထဲထည့်ဝါးဖို့ လွယ်မယ်။ ပေါ့ဆမှုဟာ နာနာကျင်ကျင် ခံစားရစေလိမ့်မယ်။

(၁၉၇၀) စုနှစ်များက ဒီလိုပဲ မြေအောက် အဖွဲ့ဝင်တဦးဟာ သတင်းတပုဒ်ကို မာကျောတဲ့ ကွန်ပြူတာကဒ်ပြား ပေါ်မှာရေးတဲ့ အမှားတခုကိုကျူးလွန် ခဲ့ဖူးတယ်။ ပုလိပ်လာဖမ်းတော့ အန္တရာယ်ရှိတဲ့ သတင်းတိုလေးတပုဒ်ကိုသာ မျိုချနိုင်လိုက်တယ်။ ပုလိပ်က သူ့ကို နံပတ်တုတ်နဲ့ နှံလိုက်လို့..။

တယ်လီဖုန်းအဆက်အသွယ် Phone calls
တယ်လီဖုန်းအဆက်အသွယ်ဟာ နည်းလေလေ ကောင်းလေလေပဲ။ တယ်လီဖုန်း အဆက်အသွယ်ဟာ သင့်ရဲ့ လျို့ဝှက်လုပ်ငန်းတွေကို ထောက်လှမ်းဖို့ လျို့ဝှက်ပုလိပ်အတွက် အလွယ်ဆုံးနည်းပဲ။ တယ်လီဖုန်းသုံးရမယ်ဆိုရင် အများသုံးဖုန်း (ဒါမှမဟုတ်) သင့်အလုပ်တိုက်က အလွယ်တကူ သုံးနိုင်တဲ့ဖုန်းကိုသုံးတာ အကောင်းဆုံးပဲ။ သိပ် ယဉ်ကျေးဖို့လည်း မလိုပါဘူး။ သင်္ကာမကင်းဖွယ်ဖြစ်မယ့် စကားဝှက်တွေကိုလည်း မသုံးပါနဲ့။

“ကျနော်ပို့ လိုက်တဲ့ငါးတွေ ရပြီလား”။ “ဟုတ်တယ်လေ ဘီရိုထဲထည့်ထားတာ။” “ဟာ မဟုတ်ဘူး။ ရေခဲသေတ္တာာကိုပြောတာ”။ ဒါ မျိုးတွေက ပုလိပ်ကို အနံ့ရစေရုံမကဘူး၊ အကောင်ပါ ပြလိမ့်မယ်။

ကနေ့ကာလမှာ ပိုလန်လူမျိုးတော်တော်များများက ဘာမှအရေးမကြီးတာလေးလည်း စကားဝှက် သုံးပြီး ပို့နေကြတာပဲ။ ဒီလို ‘ညံသံ’ တွေကြောင့် အမှားကို ဖုံးကွယ် ထားသလိုဖြစ်ပေမယ့် သတိရှိတာ အကောင်းဆုံးပါပဲ။

မြေအောက်လုပ်ငန်းမှာ တယ်လီဖုန်းဟာ ဆက်သွယ်ရေးအတွက် ဖြစ်တယ်။ အလာပသလာပပြောဖို့ မဟုတ်ဘူး။ တယ်လီဖုန်းဆက်လိုက်လို့ လိုင်းပေါ်မှာ “အမိန့်ပေးမူနှင့် ပြောနေသောစကားများ” လို့ ကြိုတင်အသံသွင်းထားတဲ့ တိပ်ခွေလို ထပ်တလဲလဲ ကြားနေရရင် ဒါဟာ တကယ်မဟုတ်ဘူးဆိုတာ သတိပြုပါ။ ကွန်မြူနစ်တွေ ဖြစ်စေချင်တာက ဘယ်သူ့ကိုမဆို၊ ဘယ်အရာကိုမဆို ကိုင်လို့ရ သလောက် ကိုင်ဖို့ပဲ။

ချကွက်သေ Dead drops
ချကွက်သေဆိုတာ မီးခလုတ်တခုလိုပဲ။ တခုခုဖြစ်ရင် လျှပ်စီးကို အလိုလိုဖြတ်ချ လိုက်မယ်။ ချကွက်သေဆိုတာ အုပ်စုအသီးသီးက ဆက်သွယ်နိုင်တဲ့။ ပစ္စည်းဖလှယ်နိုင်တဲ့ နေရာတခုပဲ။ အဲဒါဟာ အိမ်၊ ဆိုင် (သို့) အိမ်ခန်းတခန်း ဖြစ်နိုင်တယ်။

ချကွက်သေကို အများကြီးသုံးလို့လည်းရတယ်။ နည်းနည်းပဲ သုံးလို့လည်း ရတယ်။ ချကွက်သေ တခုကို အလွန်အကျွံသုံးရင် မလိုလားအပ်တဲ့ အာရုံစိုက်မှုကို ခံရနိုင်တယ်။ အိမ်နီးချင်းတွေ၊ အလုပ်အတူ လုပ်ဖက်တွေက သင်္ကာမကင်း ဖြစ်လာနိုင်တယ်။
ချကွက်သေကို ခဏခဏ မသုံးဘူးဆိုပြန်ရင်လည်း၊ ချကွက်သေမှာ တာဝန်ယူသူနဲ့ အခြားအဆက်အသွယ်များ အကြား ဆက်သွယ်မှုဟာ ခမ်းခြောက်သွားနိုင်တယ်။ ဘယ်သူမှ တလကို စာလေး (၃)စောင် လက်ခံဖို့ တပတ်ကို နှစ်ကြိမ် နာရီပေါင်းများစွာ ချကွက်သေမှာ ထိုင်မစောင့်ချင်ဘူး။

ချကွက်သေမှာ ကောင်းမွန်တဲ့ အံဝှက်တွေ လုပ်ထားတာ။ ဒါမှမဟုတ် တခြား လုံခြုံတဲ့ အိမ်တအိမ်ဆီ အလွယ်တကူ ကူးသွားနိုင်တာတွေဟာ အန္တရာယ် မရှိပါဘူး။ ချကွက်သေကို တာဝန်ယူသူဟာ ဒါတွေကို နားမလည်ရင်၊ လုံခြုံရေးအစီအမံတွေ လုပ်မထားရင် တခြားတယောက်ကိုရှာပြီးခိုင်းတာ အကောင်းဆုံးပဲ။

ခပ်လန့်လန့်လူကို တာဝန်ပေးရတာနဲ့စာရင် ချကွက်သေအသစ်တခုကို စီစဉ်ရတာ ပိုလွယ်ပါတယ်။ သူ့ချကွက်သေကိုသုံးတိုင်းလည်း စိတ်ချရတယ်။ ပိုလန်နဲ့ဇာရူဆဲစကီး ရဲ့တိုက်ပွဲမှာ ရာဇ၀င်တွင်သူတဦး ရှိခဲ့ဖူးတယ်။ မြေအောက်ပုံနှိပ်တိုက်ဟာ ပစ္စည်းတွေလာပို့သူကို တံခါးဖွင့်ပေးပြီး၊ အဲဒီစာစောင်တွေ လာယူသူတွေကိုတော့ နှင်ထုတ်တယ်။ အဲဒီလို အရေးကြီးပြီး လူကြိုက်များတဲ့ ကုန်စည်အတွက် သူစိုးရိမ်တယ်လေ။ ဒါမှ တကယ့် ချကွက်သေပဲ။ (သူ့ပစ္စည်းက ဘယ်မှ မရွေ့တော့ဘူး။)

ရုံးများ Offices
မြိ့ဟိုဖက်ထိပ်နဲ့ ဒီဖက်ထိပ် ပြေးလွှားပြီး မဆုံးနိုင်တဲ့အစည်းအဝေးတွေ မတက်ချင်ရင်၊ တယ်လီဖုန်း အဆက် မပြတ် ဆက်နေရတာ မဖြစ်ချင်ရင်၊ ဆက်သားနဲ့ တချိန်လုံး နပန်းလုံးမနေချင်ရင်၊ သင့်မှာ ရုံးတရုံးရှိဖို့လိုပါတယ်။ ရုံးဟာ လုပ်ဖော်ကိုင်ဖက် မြေအောက်အဖွဲ့ဝင်တွေနဲ့တွေ့ဖို့၊ ဆက်သားကို လက်ခံတွေ့ဆုံဖို့ သုံးနိုင်တဲ့ နေရာတနေရာဖြစ်ရင် ရပါပြီ။ ရုံးဟာ ပုံမှန် ဆက်သွယ်မှုအတွက်သာ ဖြစ်ရမယ်။ အခြား ပုံမှန်မဟုတ်တဲ့ကိစ္စတွေ၊ လူမှုရေးပွဲသဘင်တွေ အတွက်တော့ အခြားကုမ္ပဏီလူကြီးရဲ့ရုံးမှာ အပြောင်းအလဲအနေနဲ့ လုပ်နိုင်ပါတယ်။ သင့်အစည်းအရုံးဟာ လူ (၇) ယောက် မှ (၁၀) ယောက်သာရှိတဲ့၊ ဘယ်လောက်ပဲ သေးငယ်တဲ့အဖွဲ့ဖြစ်ပါစေ။ ပုံမှန်ဆက်သွယ်ရေးလုပ်ငန်းတွေရဲ့ အလွန်အမင်း ဖိစီးဆဲ့ဒဏ် မခံချင်ရင်၊ ရုံးတရုံးရှိဖို့ လိုအပ်ပါတယ်။

ဒီလိုလုပ်မထားရင် သာမန်ပုဂ္ဂိုလ်ရေး အခက်အခဲ၊ တုပ်ကွေးလေးမိလိုက်ရင်တောင်မှ ကလာပ်စည်းရဲ့ လျို့ဝှက် လုပ်ငန်းတွေ ရပ်တန့်သွားနိုင်ပါတယ်။ ရုံးဟာ ချကွက်သေလိုပဲ အသေအချာ ကာကွယ်ထားရမယ်။ စကားဝှက် သုံးရမယ်။ အများ အာရုံစိုက်မခံရအောင် ဂရုပြုရမယ်။

အံဝှက်များ Secret compartments
သင့်ကို စွဲချက်တင်ခံရနိုင်စေတဲ့ ဘယ်အရာကိုမဆို ဖွက်ထားပါ။ “ဘာမှ မရှိတာနဲ့စာရင် ပုံစံ တမျိုးမျိုးနဲ့ ၀ှက်ထားတာက ပိုကောင်းပါတယ်” ဆိုတဲ့ ဥပဒေသကို သတိရပါ။

ပုလိပ်က လာရှာတဲ့ပုံစံ (၃) မျိုးရှိတယ်။ ပထမ တမျိုးက.. အိမ်မှာ ဘယ်သူနေသလဲ ဆိုတာရယ်။ အိမ်နား ပတ်ဝန်းကျင်မှာ ဘာရှိသလဲ ဆိုတာကို ဝေ့၀ဲကြည့်ရုံလောက်ရယ် ဒီလောက်ပဲ သာမန်စစ်ဆေးတာ။ ဘာကို တွေ့အောင် ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိပေမယ့်၊ သင့်ကို အမှုဖွင့်နိုင်လောက်တဲ့၊ ဘယ်အထောက်အထားမဆို၊ ဥပမာ.. ကျောက်ပုံနှိပ်ရာမှာသုံးတဲ့ ပိုးစ၊ သစ်သားဘောင်လေးလောက်ကိုပဲ ဖြစ်ဖြစ်ရှာမှာပဲ။

ဒုတိယတမျိုးကတော့.. သင့်အိမ်၊ အခန်း၊ အလုပ်ဌာနတို့ကို စနစ်တကျရှာတာ။ ဘီရိုတိုင်း၊ စာအုပ်တိုင်း၊ အံဆွဲတိုင်း၊ စာရွက်တိုင်းကို အကုန်လှန်လှောရှာမှာပဲ။ ဒါကတော့ အလွန်အချိန်ယူတဲ့၊ နာရီပေါင်းများစွာကြာတဲ့၊ ခက်ခဲတဲ့ လုပ်ငန်းပဲ။
နောက်ဆုံးတမျိုးကတော့.. သင့်အိမ် ဥပမာ တနေရာရာမှာ မြေအောက်လုပ်ငန်းသုံး ပစ္စည်းများ သော်လည်းကောင်၊ ပုံနှိပ်စက်သော်လည်းကောင်း ဖွက်ထားတယ်ဆိုတာ သေချာသိထားလို့လာရှာတာမျိုးပဲ။ အဲဒါကတော့ သူတို့လိုချင်တာ မတွေ့မချင်းရှာမှာပဲ။

သဘောတရားအရပြောရင် လူတယောက်က ဖွက်နိုင်တဲ့အရာကို နောက် တယောက်ကလည်း တွေ့အောင် ရှာနိုင်တာပဲ။ ကြုံတောင့်ကြုံခဲဖြစ်ရပ်တွေအပေါ် သိပ်မမှီခိုပါနဲ့။ လက်တွေ့အရပြောရင် တတိယအမျိုးအစား ရှာဖွေမှုက ဖြစ်ခဲပါတယ်။ ဒုတိယအမျိုးအစားက ရံဖန်ရံခါ ဖြစ်တတ်တာပါ။ ပုလိပ်က တခုခုကို ရှာတွေ့သွားတယ်ဆိုတဲ့ ဖြစ်ရပ်ရဲ့ (၉၀%) က ကိုယ့်ဖက်က ပေါ့လျော့လို့ပဲ။ ပစ္စည်းကို လူမြင်သူမြင်ထားတာမျိုးပေါ့။

မြေအောက်အဖွဲ့ဝင်တွေအတွက် ကိုယ့်လည်ပင်းကြိုးကွင်းစွပ်မဲ့အယူအဆမျိုးကို ပယ်ဖို့လိုမယ်။ ပထမတမျိုးက.. “ပုလိပ်လာလိမ့်မယ် ဒါပေမယ့် ဘာမှလုပ်ထားစရာ မလိုဘူး” ဆိုတဲ့အမြင်။ ဒုတိယတမျိုးက.. “ပုလိပ်လာမှာ မဟုတ်ပါဘူး။ ပစ္စည်းတွေ ဟိုဖွက် ဒီဖွက်နဲ့ ဘာလို့ ဒုက္ခရှာနေဦးမှာလဲ” ဆိုတဲ့အယူအဆ။

“ဟိုဖွက်ဒီဖွက်လုပ်လည်း ခံရမှာပါပဲ။ မလုပ်လည်း ခံရမှာပါပဲ” ဆိုတဲ့အမြင်က တကယ့်ကို မှားပါတယ်။ အန္တရာယ်ကြီးပါတယ်။ အန္တရာယ်ကို အရှိအတိုင်း သေချာတွက်ချက်ရမယ်။ တခါတရံတော့ မြေအောက်အဖွဲ့အစည်းကို ဒုက္ခပေးတာ ပုလိပ်မဟုတ်ဘူး။ စပ်စပ်စုစုနိုင်လှတဲ့ အိမ်နီးချင်း ကြောင့်လည်း ဖြစ်တတ်တယ်။ လုံခြုံရေးအစီအမံတွေကိုသာ သေချာလိုက်နာရင် စစ်ဆင်ရေးဝင်ဦးတော့ ပုလိပ် လိုချင်တာကို ရမသွားအောင်လုပ်နိုင်ပါတယ်။

အရေးအကြီးဆုံးဖြစ်တဲ့ တခုတည်းသောအချက်ကတော့ အံဝှက်တွေကြိုတင် စီမံထားဖို့ပါပဲ။ တကယ် အလေး အနက်ထား လုပ်ကိုင်တတ်တဲ့ပုံစံ အမျိုးမျိုးရှိပါတယ်။ စက္ကန့်ပိုင်းအတွင်း စာရွက်စာတမ်းတွေကို အလွယ်တကူ ဖွက်နိုင်တဲ့ သေးငယ်တဲ့ အံဝှက်ကလေးတွေ လုပ်ထားနိုင်ပါတယ်။ နောက် ပိုကြီးတဲ့ မြေအောက် ပုံနှိပ်စာရွက်စာတမ်းတွေ ဖွက်နိုင်တဲ့ ဒုတိယအံဝှက်လည်း ရှိတတ်ပါတယ်။ လိုအပ်ရင် ဒီထက် ပိုကြီးတဲ့အံဝှက်လည်း ရှိနိုင်ပါတယ်။

အလွန်အကျူး အစိုးရိမ်မလွန်ဖို့တော့ လိုပါတယ်။ တရားမ၀င် မြေအောက်စာအုပ်တအုပ် (သို့) သတင်းစာ တစောင်ကို လက်ဝယ်ထားရုံနဲ့ အန္တရာယ်မရှိပါဘူး။ ဒါဟာ နေ့စဉ် ပိုလန်ပြည်သူ သန်းပေါင်းများစွာ လုပ်နေကျအလုပ်ပါ။

မြေအောက်ပုံနှိပ်တိုက် Underground Press
မြေအောက် ပုံနှိပ်တိုက်တတိုက် တည်ထောင်တာဟာ ဘယ်ဘက်ကကြည့်ကြည့် အသုံးတည့်တဲ့ အရာပါ။ လုံခြုံရေးကြောင့် တသီးတခြားစီဖြစ်နေတဲ့ ကလာပ်စည်းတွေအတွက် ဆက်သွယ်ရေး လမ်းကြောင်းတခု ဖွင့်ပေးနိုင်တယ်။ ကလာပ်စည်း ခေါင်းဆောင်တွေအတွက်လည်း နိုင်ငံရေးအယူအဆတွေ၊ ပညာရပ်ဆိုင်ရာ အကြောင်းအရာတွေကို မိမိဖာသာ ပြန်ဆန်းစစ်နိုင်တယ်။
သတင်းစာဟာ စိတ်ကူးစိတ်သန်းတွေကို ဖြန့်ဖြူးပေးရုံသာ မဟုတ်ဘူး၊ သတင်းအချက်အလက်၊ ငွေနဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေအတွက်လည်း အကောင်းဆုံး ရေသောက်မြစ် ဖြစ်တယ်။ မြေအောက်လုပ်ငန်း လက်သင်လေးတွေအတွက် နည်းပညာဆည်းပူးရာ လေ့ကျင့်ရေးကွင်းလည်းဖြစ်တယ်။ သူတို့ကို အကြောက်တရားကို ဘယ်လို ကျော်လွှားရမယ်။ ရင်ဆိုင်ရမယ်ဆိုတာကို သင်ပေးနေတာပဲ။ လက်သင်တယောက် ဘယ်လောက် တိုးတက်လာတာကို၊ ပြဿနာတွေကို ဘယ်လောက်ဖြေရှင်းနိုင်လာပြီဆိုတာကို တိုင်းတာနိုင်တဲ့ နည်းတခုကတော့ သူ ဘယ်လောက် သတင်းအလုပ်တွေ သယ်ပို့ပေးနိုင်မလဲဆိုတာကြည့်ရင် သိနိုင်တာပဲ။

မြေအောက်သတင်းစာတစောင်ကို ထုတ်လုပ်ဖြန့်ဖြူးရတဲ့ဖြစ်စဉ်ဟာ ပုန်ကန်ရေးအတွက် အခြေခံ နည်းစနစ်တွေ အားလုံးကို သင်ပေးလိုက်တာပဲ။ ကဏ္ဍတခုနဲ့တခု ကတ္တားခြားထားဖို့ (ပုံနှိပ်တိုက်နဲ့ ဖြန့်ချိရေး)လိုတယ် ဆိုတာ ပြနေတယ်။ ဥပမာအားဖြင့်.. အယ်ဒီတာအဖွဲ့နဲ့ ပုံနှိပ်တိုက်တို့အကြား ဆက်သွယ်ဖို့ ချကွက်သေ စာတိုက်ပုံးစနစ် လိုတယ် ဆိုတာဖြစ်လာစေတယ်။ လက်ကားပို့ဆောင်ရေးနဲ့ဖြန့်ချိရေးကို လက်လီပို့ဆောင်ရေးနဲ့ဖြန့်ချိရေးနဲ့ ခွဲခြားထားဖို့လိုတယ်ဆိုတာကိုလည်း နားလည်လာစေတယ်။

ဒီနေရာမှာ ကလာပ်စည်းတခုနဲ့တခု၊ မိတ်ဆွေချင်း အဆက်အသွယ်တို့နဲ့ အလျားလိုက် ဆက်ဆံမှုက ပေးနိုင်တဲ့ အန္တရာယ်တွေကို ဆွေးနွေးချင်တယ်။ ကလာပ်စည်းတခုရဲ့ ခေါင်းဆောင်က သတင်းစာဖြန့်ချိရေး ယူနစ်တခုကို ပိတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဥပမာလေးကို ပြောပြချင်ပါတယ်။ သူဆုံးဖြတ်ခဲ့ရတာက ဒီယူနစ်ရဲ့ လုပ်ငန်းတွေကို ပုလိပ်က သိသွားပြီလို့ ယုံကြည်ရလို့၊ ဒါမှမဟုတ် ဒီဖြန့်ချိရေးယူနစ်ကို ပုလိပ်က စောင့်ကြည့်တာခံနေရပြီလို့ သင်္ကာမကင်း ဖြစ်လာလို့ စသဖြင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ ယူနစ်ရဲ့ဆက်သားအဖမ်း ခံလိုက်ရပါတယ်။ ဒီဆက်သားဟာ နေရာသစ်ကို သွားဖို့ ပြောထားပေမယ့် အန္တရာယ်ကို မသိကျိုးကျွံပြုပြီး၊ သူနဲ့ရင်းနှီးခင်မင်ပြီးသား ကလပ်စည်း ခေါင်းဆောင်ဆီကိုပဲ သွားဖို့ ဆုံးဖြတ်ခဲ့လို့ပါ။

ပုလိပ် Police
ကြွက်တွေအပေါ် မြေအောက်တော်လှန်ရေးသမားတွေထားတဲ့ သဘောထားက သူတို့နဲ့ ဝေးဝေးနေလိုတာပဲ။ သူတို့ဟာ တန်ဖိုးအနဂ္ဂ ရှိသူတွေလည်း မဟုတ်။ နေရာအနှံ့ ရှိနေနိုင်တာလည်း မဟုတ်ပါ။ ဒီလိုပဲ ရက်စက်ဖို့သာသိတဲ့ အန္ဓတွေလည်းမဟုတ်ပါ။
ပိုလန်ပြည်သူ့သမတနိုင်ငံရဲ့ အခြားယန္တယားများလိုပဲ ပုလိပ်တွေဟာလည်း ပြည်သူ့ဝန်ထမ်းတွေပါပဲ။ ည (၁၀) နာရီ မထိုးခင်၊ မိနစ်ပိုင်းအလို ဒုတိယဆိုင်းမှာ အလုပ်စောစော ဆင်းချင်ကြသူတွေချည်းပါပဲ။

ဒါပေမယ့် ရံဖန်ရံခါတော့ တကယ် အမဲလိုက်မုဆိုးဇရှိတဲ့ အလွန်ကြိုးစားတဲ့ ရဲအရာရှိနဲ့လည်း ဆုံရတတ်ပါတယ်။ အဲဒီလိုပဲ တခါတုန်းက မြိ့ငယ်လေးတမြိ့မှာ သိပ်အရေးမကြီးလှတဲ့နေရာမှာ အလွန် မျှော်မှန်းချက်ကြီးတဲ့ ရဲအရာရှိငယ် တဦး ရှိခဲ့ဖူးတယ်။ တနေ့တော့ ဒေသခံ အစိုးရ ဆန့်ကျင်ရေးသမားတွေကို ဖော်ထုတ်မယ်ဆိုပြီး သူဆုံးဖြတ်လိုက်ပါတယ်။ ဒီလို ဆုံးဖြတ်ပြီးတာနဲ့ ညဖက် ရုပ်မြင်သံကြားပြီးချိန်၊ မြိ့လုံးပတ်လည် ညနေတိုင်း လှည့်ပါတော့တယ်။ ဘယ်အိမ်က မီးလင်းနေတုန်းလဲဆိုတာ သူကြည့်တယ်။ သူ့အတွက်တော့ ဒီအိမ်တွေ အားလုံးဟာ မသင်္ကာစရာတွေချည်းပဲ။ အိမ်တအိမ်ဆီနားကပ်ပြီး ဘာတွေပြောနေကြသလဲဆိုတာ ချောင်းနားထောင်ပါတယ်။ မြိ့ငယ်လေးမို့ အိမ်တွေအားလုံးဟာ တထပ်အိမ်တွေ ချည်းဖြစ်လို့ သူ့အတွက် အတော်လွယ်ကူသွားပါတယ်။ ဒီလိုနဲ့ လျို့ဝှက်လုပ်ငန်းလုပ်နေတဲ့ မြေအောက် ဌာနချုပ်တွေကို သူ ခြေရာခံမိသွားပါတယ်။

ကျနော်တို့အတွက်ကံကောင်းတာက ဒီလိုလူမျိုး ပိုလန်ပုလိပ်အဖွဲ့ထဲမှာ များများ မရှိတာပါပဲ။ ပုလိပ်အဖွဲ့ရဲ့ အင်အားဟာ အလွန်ကြီးမားတဲ့ ဘတ်ဂျက်နဲ့ အတွေ့အကြုံပေါ် တည်ပါတယ်။ ပုလိပ်အဖွဲ့က သူတို့အဖွဲ့အစည်းကို ဂုဏ်ယူပြီး ခပ်ကြွားကြွားလေးပြောတာ ရှိပါတယ်။ သူတို့စက်ရုံက ထုတ်လုပ်လိုက်တဲ့ပစ္စည်းရဲ့ (၉၀%) က အရည်အသွေး မမှီရင်တောင် ကွန်မြူနစ်ယန္တယားထဲမှာ စစ်တပ်နဲ့ ပါတီထက် သာသေးတယ်တဲ့။ ဒါ မှန်ပါတယ်။

မကြာသေးခင်ကလေးကတင် အစိုးရ၀န်ထမ်း အလိုတော်ရိ ဒါဇင်အတော်များများကို သမ္ဗာန်စာ မှားဆင့်ပြီး၊ ၀ါဆော ပုလိပ်ဌာနချုပ်ကို ခေါ်ခဲ့မိပါသေးတယ်။ ပုလိပ်အဖွဲ့ အလုပ်လုပ်နေတာဟာ ဆွစ်ဇာလန်လုပ် နာရီတလုံးလို မဟုတ်ပါဘူး။ ဆိုဗီယက်ဗျူရိုကရက် ယန္တယားအတိုင်း လုပ်နေတာပါ။

မြေအောက် ‘သွေးစည်းညီညွတ်ရေးအဖွဲ့’ က ဒဏ်ရာရထားတဲ့ Jan Narolhiale ဂျန်နာရိုဟေး ကို ဆေးရုံက ခိုးထုတ်သွားတဲ့အခါ ပုလိပ်က လွန်ခဲ့တဲ့ (၂)နှစ် (၁၉၈၀)က သူ့ဆီက ဖမ်းမိထားတဲ့ လိပ်စာစာအုပ်ကို အခြေခံပြီး လိုက်ပါတယ်။ ဒါကိုကြည့်ရင် သူတို့ဟာ စနစ်တကျ ဖွဲ့စည်းထားတယ်။ အရာအားလုံးကို မော်ကွန်းတင်ထားတယ်ဆိုတာ ထင်ရှားပါတယ်။

အန္တရာယ် အချက်ပေးခေါင်းလောင်းသံကြားရင် ဂမူးရူးဒိုးမဖြစ်ပါနဲ့။ အန္တရာယ်ကို သေချာတွက်ပါ။ တယောက် ယောက်ကို ‘ပုလိပ်သတင်းပေး’ လို့ မသင်္ကာရင် သူ့ကို လျို့ဝှက်လုပ်ငန်းတွေထဲ မပါစေပဲ ကင်းကွာအောင်ထားပါ။ ခုလို ကန့်သတ်ထားတာကို ကြာကြာလုပ်ဖို့လိုပါတယ်။ ပုလိပ် အလုပ်လုပ်တာ နှေးလို့ပါ။

အမြီး The tail
လျို့ဝှက်ပုလိပ်က သင့်ကို နောက်ယောင်ခံလိုက်ဖို့ နည်းများစွာ ရှိပါတယ်။ တခါတရံ မသိသာဘူး။ သင့်ကားကို နောက်ယောင်ခံကိရိယာတပ်ပြီး အဝေးကလိုက်မယ်။ ဒါမှမဟုတ် သင့်အိမ်ကို စောင့်ကြည့်နေမယ်။ တခါတရံတော့ ဗြောင်ကျကျပဲ နောက်ယောင်ခံလိုက်ပြီး၊ အနှောက်အယှက် ပေးလိမ့်မယ်။ ရည်ရွယ်ချက်ကတော့ တခုထဲပဲ။ သင့် မြေအောက်လုပ်ငန်းကို အနှောက်အယှက်ဖြစ်အောင် လှုပ်ရှားမှုကို ကန့်သတ်ဖို့နဲ့ နေရာပျောက်အောင် လုပ်ဖို့ပါ။

လျို့ဝှက် နောက်ယောင်ခံလိုက်တာကတော့ သင့်အဆက်အသွယ်တွေအားလုံးကို ခြေရာခံဖို့ပါပဲ။ ယေဘူယျအားဖြင့် ဒီလိုလုပ်ရင် ကား (၃) စီး (၄) စီး၊ လူ (၁၀) ယောက်မှ (၁၂) ယောက် သုံးတတ်ပါတယ်။ လမ်းလျှောက် နေသည်ပဲဖြစ်စေ၊ ဘတ်စ်ကားပေါ်မှာပဲဖြစ်စေ၊ သင့်အရိပ်ဟာ သင့်နောက်ရော ရှေ့မှာပါရှိပါတယ်။ ဗြောင် အနှောက်အယှက်ပေးတာက ကြောက်ရွံ့နေစေဖို့နဲ့ သင့်စိတ်ဓါတ်ကို ဖျက်ဆီးဖို့ပဲ။

မြေအောက်လုပ်ငန်းကို သမားရိုးကျ ပုံသေ လုပ်နေတာဟာ အကျိုးရှိသလိုပဲ အန္တရာယ်လည်း ရှိပါတယ်။ အလုပ်ဒဏ်ကို ခံနိုင်ရည်ရှိစေတယ်။ စိတ်ဖိစီးမှုကို လျော့ကျစေပြီး၊ အန္တရာယ်ကို ရင်ဆိုင်ဖို့ စိတ်ဓါတ်အရ အသင့် ဖြစ်စေတယ်။ ဒါပေမယ့် တချိန်ထဲမှာပဲ အမြဲတမ်း နိုးနိုးကြားကြားဖြစ်အောင် နေနေရတာကြောင့် လူကို ပင်ပန်းနွမ်းနယ်လာ စေတယ်။

ကျနော်တို့မှာ အငြင်းပွားမှုတခုရှိတယ်။ အဲဒါက အရေးကြီးတဲ့ မြေအောက်ခေါင်းဆောင်တွေကိုပဲ ပုလိပ်က နောက်ယောင်ခံလိုက်တာ။ အောက်ခြေက ဘာအန္တရာယ်မှ မရှိပါဘူးဆိုတဲ့ အမြင်ပဲ။ သင်ဟာ အချိန်မရွေး၊ နေရာမရွေး နောက်ယောင်ခံ လိုက်ခံရနိုင်တယ်ဆိုတာကို သတိမမေ့မှသာ သင့်လုံခြုံရေးဟာ စိတ်ချရလိမ့်မယ်။

နောက်ယောင်ခံအလိုက်ခံရပြီဆိုတာနဲ့ သင် ပထမဆုံး လုပ်ရမယ့်အလုပ်က အဲဒီ အမြီးကို ခါချပစ်လိုက်ဖို့ပဲ။ သဘာဝကျကျလုပ်နိုင်လေ ကောင်းလေပဲ။ နောက်ယောင်ခံ အလိုက်ခံနေရပြီဆိုတာကို သင် သိတဲ့အကြောင်း သူတို့ မသိပါစေနဲ့။

ဒီနည်းနဲ့မရရင် လှည့်ဖျားတဲ့နည်းကိုသုံးပါ။ ဂိတ်ပေါက်တွေအများကြီးရှိတဲ့ဝန်းထဲ ၀င်သွားပါ။ အပေါက်တွေ အများကြီးရှိတဲ့ ရှုတ်ထွေးတဲ့စင်္ကြန်တွေရှိတဲ့ အဆောက်အဦထဲ ၀င်သွားပါ။ တံတားပေါ်က ဖြတ်ပြေးပါ။ ဘတ်စ်ကားကို အဆင့်ဆင့် ပြောင်းစီးပါ။
(ဒီအချိန်မှာ) သင့်ရဲ့ပထမဆုံးအတွေးက ဒီလိုဖြစ်သင့်တယ်။ “ငါကတော့အဖမ်း ခံရတော့မယ် (ဘယ်လောက် ကြာမယ်ဆိုတာ ဘယ်သူမှမသိနိုင်)။ ဒါပေမယ့် ဒီအစဟာ ငါ့မှာပဲအဆုံးသတ်ရမယ်” ပုလိပ်ကို ဘယ်နေရာကိုမှ ခေါ်သွားပြီး ပြမိတာမျိုးမဖြစ်ပါစေနဲ့။ ကားကို တနေရာမှာရပ်ထားခဲ့ရင် သွားပြန်ယူဖို့ မြိကိုးစားပါနဲ့။ သင့်ဓါတ်ပုံ ပုလိပ်ထံမှာ ရှိနိုင်ပါတယ်။ ဒါပေမယ့် သင်ဘယ်သူလဲဆိုတာကိုတော့ သူတို့မသိပါစေနဲ့။ သင့်ဓါတ်ပုံဟာ ပိုလန်လူမျိုး (၃၆) သန်းထဲက မျက်နှာတခုမျှသာဖြစ်ပါတယ်။ ဒါပေမယ့် သင့်ကားနံပတ်ကတော့ သင်ဘယ်သူလဲဆိုတာ ပြောပြလိမ့်မယ်။

အိုး The pot
(ပုလိပ်ဆင်တဲ့ ထောင်ချောက်) (A trap the police set)
ပုလိပ်က မြေအောက်လုပ်ငန်းသုံး လျို့ဝှက်အိမ် (သို့)ရုံးကို တွေ့ပြီဆိုတာနဲ့ ထောင်ချောက် ဆင်ထားလိုက် လိမ့်မယ်။ ရက်ပေါင်းများစွာ အိမ်ရှေ့က ထိုင်စောင့်နေပြီး။ တံခါးလာခေါက်သူ ဘယ်သူ့ကိုမဆို ဖမ်းလိမ့်မယ်။

ဒီလို မနှစ်မျို့ဖွယ် အလန့်တကြားဖြစ်ရမှုကို ရှောင်ရှားဖို့ ရိုးရှင်းတဲ့၊ မသိသာတဲ့၊ အချက်ပေးစနစ် သုံးပြီး၊ တစုံတခုဖြစ်နေပြီဆိုတာကို အခြားသူတွေကို အလွယ်တကူ သတိ ပေးနိုင်ပါတယ်။ အိမ်ရှိရာကို ချဉ်းကပ်လာတာနဲ့ ၀င်းထဲမှာဖြစ်စေ၊ အ၀င်ဝမှာဖြစ်စေ၊ အိမ် တံခါးဝမှာဖြစ်စေ၊ တခုခုနဲ့အချက်ပြပြီး သတိပေးနိုင်ပါတယ်။ အိမ်ဟာ အားလုံးကို တံခါးဖွင့်ထားတယ်ဆိုရင် အဲဒီထဲမှာ ပုလိပ်လည်းပါတယ်ဆိုတာ မမေ့ပါနဲ့။

စီးနင်းခြင်း Busted
ရန်သူကစီးနင်းမှုကို သင် မမျှော်လင့်ဆုံး အချိန်မှာ လုပ်လေ့ရှိတယ်။ ဒီအချိန်မှာ အကောင်းဆုံးကတော့ ကွန်မြူနစ်တွေရဲ့ လူဖမ်းစာရင်းမှာ ငါဟာ ပထမဆုံးလည်းမဟုတ်၊ နောက်ဆုံးလည်းမဟုတ်ဆိုတာ သင့်ကိုယ်သင် သတိပေးနေဖို့ပါပဲ။ Alexander Solzenicsyn အဲလက်ဇင်းဒါး ဆိုဇင်နစ်ဇင် ရဲ့ “The Gulag Archipelago” ကို ကြည့်ပါ။

အဖမ်းခံရရင် ဘယ်လောက်ပဲယုတ္တိမရှိတဲ့ ရူးသွပ်တဲ့ဟာဖြစ်ပါစေ၊ အခင်းဖြစ်ချိန်က သင်ဘယ်မှာ ရှိနေတယ်ဆိုတာ သက်သေပြဖို့ အဆင်သင့်လုပ်ထားပါ။ သဘောတရား အနေနဲ့တော့ ပုလိပ်နဲ့ ဆက်ဆံတဲ့အခါ အကောင်းဆုံးက ဆိတ်ဆိတ်နေဖို့ပါပဲ။ ဒါပေမယ့် တခါတရံတော့ သူတို့ကို တစုံတခုပြောလိုက်တာ ပိုကောင်းပါတယ်။ ပုလိပ်က သင်ဘယ်သူလဲဆိုတာနဲ့ သူတို့ရှာတွေ့တဲ့ပစ္စည်း ဘာဆိုတာ သိချင်မှသိမယ်။ ဒီလိုအခြေအနေမှာ သူတို့ ဖမ်းမိသူဟာ တကယ့် မြေအောက် တော်လှန်ရေးသမားတယောက်ပါလား ဆိုတာ ဘယ်လိုနည်းနဲ့မှ သိမသွားပါစေနဲ့။

ဖမ်းမိပြီး သင်ဟာ သူတို့ကို ဒူးထောက်မည့်သူ မဟုတ်မှန်းသိတာနဲ့ ကြွက်တွေက သင့်ကို စိတ္တဗေဒအရ ဖိအားပေးတာကို ရပ်လိုက်လိမ့်မယ်။ အကျဉ်းသားဆီက သူတို့လိုချင်တာ ညှစ်ထုတ်လို့ မရဘူးဆိုတာ သိတာနဲ့ ညှဉ်းပမ်းတာကို ရပ်လိုက်လိမ့်မယ်။ သံန္နိဋ္ဌာန်ပိုင်းဖြတ်ချက်ရှိပြီး၊ ဘာမျှမပြောပဲ ရေငုံနှုတ်ပိတ်နေခဲ့တဲ့သူတွေရဲ့ စာရင်းရှည်ကြီး အတိတ်ကအတွေ့အကြုံအရ ရှိခဲ့ဖူးပါတယ်။ ဒီလို လူတွေကို ဖော်ကောင်လုပ်သူ တွေထက်တောင် စောစောလွှတ်လိုက်တာကို ကြုံဖူးပါတယ်။

အကျဉ်းထောင်ထဲရောက်ပြီဆိုတာနဲ့ ပြင်ပက ဘ၀ကို မေ့ပစ်လိုက်ပါ။ ဒီအရာတွေ အားလုံးကို သင်ဆုံးရှုံးခဲ့ပြီ။ အကျဉ်းထောင်ထဲရောက်တာနဲ့ သင့်ဂုဏ်သိက္ခာနဲ့ လူသားသဘာဝအပေါ် သင့်ယုံကြည်ချက်ကို စစ်ဆေးတဲ့ အခက်ခဲဆုံး စာမေးပွဲစပါပြီ။

အကျဉ်းထောင်တွင်းဘ၀ Prison life
လူသားအားလုံးနဲ့ အဆက်ဖြတ်ခံထားရပြီး၊ အခြား အကျဉ်းသားတဦးတလေနဲ့ စကားလေးပြောမိရုံနဲ့ အပြစ်ပေးခံရတဲ့ အကျဉ်းခန်းလေးထဲမှာ တယောက်ထဲ အထီးကျန် နေရရင်တောင်မှ အကျဉ်းထောင်ဝါဒါတွေရဲ့ ဦးနှောက်ဆေးမခံရအောင်နဲ့ မိမိရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ အင်အားကို မိမိရဲ့ မှတ်ဉာဏ်ထဲမှာ ရှာတွေ့နိုင်ပါတယ်။ လွတ်မြောက်ရေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေတဲ့ ရဲဘော်များအပေါ် ယုံကြည်စိတ်ထားပါ။

နောက်တခုက အကျဉ်းထောင်တံခါးဝကို ဖြတ်ပြီးဝင်လိုက်တာနဲ့ အရာရာ နိဂုံးချုပ်သွားပြီလို့ မစဉ်းစားပါနဲ့။ အရာရာဟာ ခုမှအသစ်စတာပါ။ အခုထိတော့ ဒီအယူအဆနှစ်ခုစလုံးက မှန်ဆဲပါပဲ။ ဘ၀မှာ လေ့လာသင်ယူခဲ့ရတဲ့ အခြား အရာတွေလိုပဲ၊ အကျဉ်းထောင်တွင်း ဘယ်လိုရှင်သန်အောင်နေထိုင်ရမယ်ဆိုတဲ့ အရာဟာလည်း သင်ယူရမယ့် အရာတခုပဲ။ သင် ပြင်ပမှာ သိခဲ့တဲ့သူတဦးဟာ အလုပ်မှာသော်လည်းကောင်း၊ လူမှုရေးအရလည်းကောင်း၊ တိုက်ပွဲအတွင်းမှာ သော်လည်းကောင်း အတော်ဆုံးရဲဘော်တဦး ဖြစ်ခဲ့ပေမယ့် ထောင်တွင်းရောက်တဲ့အခါ အလွန် ပျင်းစရာကောင်းတဲ့ အခန်းဖေါ်ဖြစ်ချင်ဖြစ်နေလိမ့်မယ်။
အကျဉ်းထောင်ဆိုတာ လူ့လောကအငယ်စားလေးပါပဲ။ အကျဉ်းထောင်တွင်းဘ၀က အကျဉ်းသားတိုင်းကို စိတ်ခံစားမှုကို ထိန်းချုပ်ဖို့၊ ပရိယာယ်ရှိဖို့၊ အလွန်အကျွံ မဖြစ်ဖို့၊ မိမိကိုယ်မိမိ ချုပ်တည်းနိုင်ဖို့ လိုအပ်တယ်ဆိုတာ တောင်းဆိုနေမယ်။ ဒါမှ စိတ်ခံစားမှု လျှံထွက်ပြီး၊ ရေဆူမှတ်မရောက်မှာ။ ငြိမ်ငြိမ်လေးထိုင်တတ်ဖို့နဲ့၊ ကိုယ့် ပုဂ္ဂလိက ခံစားမှုက အခြားသူတွေကို အနှောက်အယှက်မဖြစ်ဖို့ သင်ယူရမယ်။ နေ့စဉ် အချိန်ဇယားဆွဲပြီး အဲဒီအတိုင်း လိုက်နာရမယ်။

မိမိအတွင်းစိတ်ကို တည်ငြိမ်အောင် ထိမ်းထားနိုင်ဖို့၊ တံတိုင်းခြားထားနိုင်ဖို့၊ အရေးကြီးတယ်။ ဒါမှ အကျဉ်းထောင်ရဲ့ စည်းကမ်းတွေကို ကျော်လွှားရင်ဆိုင်နိုင်မှာ။ ထောင်ထဲမှာ ဘယ်သူ့ကိုမှ မယုံရပါလားဆိုတဲ့ အမှန်တရားကိုလည်း ရင်ဆိုင်နားလည်နိုင်လာလိမ့်မယ်။ အကျဉ်းထောင်တွင်း စိတ်ဖိစီးမှုကိုပြေစေဖို့ဆိုပြီး မိမိခံစားချက်ကို ဖွင့်ပြမယ့်စာမျိုး မိသားစုဆီ မရေးပါနဲ့။ အလားတူပဲ တစုံတဦးရဲ့ ကျန်းမာရေးနဲ့အခက်အခဲကို စိုးရိမ်ပူပန်ကြောင်းဆိုတဲ့ စာမျိုးလည်း မရေးပါနဲ့။ သင့်စာတွေကို အကျဉ်းထောင်ဆင်ဆာအဖွဲ့ကသာ ဖတ်နေတာမဟုတ်ဘူး။ သင့်အမှုစစ် ပုလိပ် စုံထောက်ကလည်း ဖတ်နေတယ်ဆိုတာ မမေ့ပါနဲ့။ သင့်ကို ဘယ်လိုကျိုးသွားအောင် လုပ်ရမယ်ဆိုတာရှာဖို့က သူ့အလုပ်ပဲ။

Read More...

The Little Conspirator ပုန်ကန်သူလေး၊ အပိုင်း ၃/၄။

နာကျင်ခြင်း Pain
လူတွေဟာသူတို့ဘ၀မှာ အကြောက်ဆုံး နှစ်ခုပဲရှိတယ်။ တခုက နာကျင်ခြင်းနဲ့ ထွက်ပေါက်မဲ့သွားခြင်းတို့ပဲ။ ဒီနှစ်ခုလုံးဟာ အထီးကျန်ဖြစ်ခြင်းကလာတာ။ လူလူချင်း ဆက်ဆံရေးကို ဖျက်ဆီးပစ်လိုက်တဲ့အရာပဲ။ ရိုးရှင်းတဲ့ ခန္ဓာကိုယ် နာကျင်မှုကို အလွယ်တကူ စဉ်းစားကြည့်လို့ရနိုင်တယ်။ ဒါကို လူတိုင်းကြုံဖူးပါတယ်။ အရိုးကျိုးတုန်းကဖြစ်ဖြစ်၊ သွားစိုက် ဆရာဝန်ဆီတုန်းကဖြစ်ဖြစ်၊ ခွဲစိတ်ခံရတုံးကဖြစ်ဖြစ် ကြုံဖူးကြတာပဲ။

အကျဉ်းထောင်ထဲမှာကြုံရတဲ့ နာကျင်ခြင်းက ဒါနဲ့ ခြားနားတယ်။ နာကျင်ခြင်း ပထမတမျိုးက ကိုယ်ကမစိုးပိုင်တဲ့၊ မတားဆီးနိုင်တဲ့၊ ကံကြမ္မာကပေးတဲ့နာကျင်ခြင်း။ ဒုတိယတမျိုးဖြစ်တဲ့ အပြစ်ပေးခံရခြင်း၊ ရိုက်နှက်ခံရခြင်း၊ ညှဉ်းပန်းခံရခြင်း၊ လူ့သိက္ခာ ညှိုးနွမ်းအောင်လုပ်ခံရခြင်း (ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ဘာဖြစ်နေမှန်း မသိတော့အောင်) ထွက်ပေါက်မဲ့သွားခြင်း… စတဲ့ ထောင်ထဲမှာ ကြုံတွေ့ရတဲ့ နာကျင်ခြင်းကတော့ လွတ်လပ်စွာ (မိမိဖာသာ) ရွေးချယ်ခဲ့တဲ့အရာဖြစ်တယ်။ လူတယောက်ဟာ အကျဉ်းထောင်ထဲမှာ သူခံစားနေရတဲ့ နာကျင်ခြင်းကို သက်သာအောင် ဖော်ဖို့ ဆုံးဖြတ်ခဲ့ရင် ဒါဟာ အသိရှိစွာ ဆုံးဖြတ်တာပဲ။ သူလုပ်စရာလိုတာက သိသမျှကို အသာလေး ဖော်ပြောလိုက်ဖို့ပါပဲ။

လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံရတဲ့အခါ၊ လက်သဲခွံအခွါခံရတဲ့အခါ ဘယ်သူမဆို ဦးကျိုးသွားနိုင်ပါတယ်။ ဒီလို ကျိုးသွားသူကို ကရုဏာတရားကြောင့်ပင် ဆိုစေဦးတော့ ခွင့်လွှတ်ပါတယ်လို့ အလွယ်တကူ မပြောသင့်ဘူး။ ကံဆိုးချင်တော့ လျို့ဝှက်ပုလိပ်အရာရှိက ယဉ်ယဉ်ကျေးကျေး စကားပြောပြီဆိုရင် ကိုယ်သိသမျှ အကုန်အန်ချတဲ့ သူကလည်း အများသား။ ဒီလူတွေဟာ လှုပ်ရှားမှုကို သစ္စာဖောက်ရုံသာမဟုတ်၊ မိမိကိုယ်မိမိနဲ့ မိမိရဲ့ယုံကြည်ချက်ကိုပါ သစ္စာ ဖောက်ကြသူတွေဖြစ်တယ်။

ဒီလိုလူမျိုးဟာ နောက်ပိုင်းမှာ သူတို့လုပ်ခဲ့သမျှမှန်ကြောင်း ဆင်ခြေလဲတတ်ကြတယ်။ “ကျနော့်မှာ မိန်းမနဲ့ ကလေးတွေနဲ့ဗျာ” လို့ ပြောကောင်းပြောလိမ့်မယ်။ ဒီအလုပ်ကိုမလုပ်ခင်ကတည်းက ဒီလိုဖြစ်လာနိုင်တယ်ဆိုတာ သူသိပြီးသား။ မြေအောက်လှုပ်ရှားမှုမှာ ပြည်သူချင်း သွေးစည်းချစ်ကြည်ရေးလုပ်ရတယ်ဆိုတာ ခင်ဗျားလို မိန်းမတွေ၊ ကလေးတွေရှိတဲ့သူတွေနဲ့ လုပ်ရတာပါ။

ဆိုဗီယက်ပုံစံသွင်းခြင်းကို ဆန့်ကျင်ခြင်း Fighting Sovietization
ကွန်မြူနစ်စနစ်ကို တိုက်ဖျက်တယ်ဆိုတာ ဖြစ်နိုင်သမျှ အကျယ်ပြန့်ဆုံးပြောရရင် ဆိုဗီယက်ယဉ်ကျေးမှုကို ဆန့်ကျင်တာဖြစ်တယ်။ အရှေ့ (ဥရောပ)မှာ လူတိုင်းဟာ အတိုင်းအတာတခုထိ ဆိုဗီယက်ပုံစံ အသွင်းခံထားရတာပဲ။ ဘယ်သူက မြန်မြန်အသွင်းခံရတယ်၊ ဘယ်သူက နှေးတယ်ဆိုတာပဲ ပြဿနာရှိတယ်။

Bolshevism ဘော်ရှီဗစ်ဝါဒ က ကင်းစင်စေချင်ရင် ဉာဏ်ပညာရှိရမယ်။ ဖန်တီးနိုင်စွမ်း ရှိရမယ်။ ပြောင်းလဲနေတဲ့ အခြေအနေနဲ့အညီ တုန့်ပြန်ဆောင်ရွက်နိုင်စွမ်းရှိရမယ်။ ဆိုဗီယက်ဝါဒကို သစ္စာဖောက်ရမယ်။ (J. Kachersarbi ၏ From White to Red Czarism “အဖြူရောင်ဇာစနစ်မှ အနီရောင်ဇာစနစ် သို့” ကိုကြည့်ပါ။)

ရန်သူကို လျှော့မတွက်ပါနဲ့။ သူတို့ရဲ့ ရှေးရိုးကျခြင်းနဲ့ရက်စက်မှုက သူတို့ရဲ့ရူးသွပ်မိုက်မဲမှုကိုပြတာမဟုတ်ဘူး။ ပိုလိန်လျို့ဝှက်ပုလိပ်တပ်ဖွဲ့ UB ဟာ ဆိုဗီယက် KGB ရဲ့ ညီငယ်ပါ။ ကွန်မြူနစ် ဗျူရိုကရက်ယန္တယားဟာ အားနည်းချက်နဲ့ အားသာချက်နှစ်ရပ်လုံးရဲ့ ဗဟိုချက်မပဲ။

ကျနော်တို့က တီထွင်ဖန်တီးနိုင်သူများဖြစ်ရင် ယဉ်ကျေးမှုနယ်ပယ်မှာ ဒီအရာတွေကို ကျော်လွှားနိုင်ပါတယ်။ ပုန်ကန်ဖို့အတွက် နည်းလမ်းသစ်တွေကို အမြဲရှာနေရမယ်။ အနီတွေကို အလစ်အငိုက်မှာ ခြုံခိုတိုက်ရမယ်။ သူတို့ကို ပညာသုံးပြီး ရင်ဆိုင်နိုင်ပါတယ်။
ဒါမျိုးကို ဗိုလ်ချုပ်ကြီးဇာရူဇဲစကီးနဲ့ ပိုလန်ပြည်သူတွေရဲ့ တိုက်ပွဲအမှာ တစုံတဦးက သပ်သပ်ရပ်ရပ် လုပ်သွားဖူးပါတယ်။ သူက သွေးစည်းညီညွတ်ရေးအဖွဲ့ကို ဖိနှိပ်တာတွေရပ်ဖို့ အမိန့်အတုတွေ ထုတ်ခဲ့တယ်။ ကြီးမားလှတဲ့ ဆိုဗီယက်ယန္တယားကြီးကို သဲမှုန်လေးတပွင့်က ရပ်သွားအောင် လုပ်နိုင်ခဲ့တယ်။

ကြောက်ရွံ့ခြင်း Fear
ပိုလန်ပြည်နဲ့ ဇာရူဇဲစကီးတို့အကြား ဆင်နွှဲနေတဲ့စစ်ပွဲမှာပြခဲ့တာကတော့ ‘သွေးစည်းရေး’ တံဆိပ်ကို ထိုးထားဖို့နဲ့ တခြားသူများနဲ့ အမှန်တကယ် ချစ်ကြည်ဖို့လိုကြောင်း ပါပဲ။ တစုံတယောက်က သင့်အား သူ့အိမ်ကို ချကွက်သေအဖြစ်သုံးဖို့ပြောတဲ့ တချိန်တည်း “ဘယ်လောက်ကြာမှာလဲ” လို့ မေးလိမ့်မယ်။ ဒါဆိုရင် သူဟာ ရက်သတ္တပတ် အနည်းငယ်အတွင်း စိတ်ဓါတ်ပျက်ပြားစ ပြုလာတော့မယ်ဆိုတာ သေချာနေပြီ။

နည်းနည်းလေးကြာလာတာနဲ့ ကျနော့်အိမ်တော့ စောင့်ကြည့်ခံနေရပြီ။ ကျနော့် အိမ်နားမှာလည်း မသင်္ကာစရာလူတွေ အများကြီးပဲလို့ တီးတိုးတီးတိုး ပြောတော့မယ်။ ဒီလိုလူမျိုးက “ကျနော်တော့ ကြောက်နေပြီဗျာ။ ဆက်မလုပ်ချင်တော့ဘူး” လို့ဗြောင် ပြောမှာမဟုတ်ဘူး။ မြေအောက်လုပ်ငန်းကိုလုပ်ဖို့ ကြောက်ဒူးတုန်နေတဲ့ ဒီလိုလူမျိုးက သူ့ သူရဲဘောကြောင်မှုကို ဖုံးကွယ်ဖို့ သူများကိုအပြစ်ပြောလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်တွေ ကို ‘သူခိုး-ပုလိပ်’ ကစားနေကြတာလို့ စွပ်စွဲလိမ့်မယ်။ နောက်တမျိုးက ဒီလူတွေဟာ အေးအေးဆေးဆေးထိုင်ပြီး၊ တခုလုံး အခြေအနေကို အကဲဖြတ်ဖို့အချိန်ကလေးတောင် မရှိကြဘူး။ ဒါမှ မဟုတ်လည်း ဒီလူတွေဟာ တညလုံးထိုင် စကားပြောပြီး၊ ပုလိပ်လာဖမ်းမှာကို ထိုင်စောင့်နေကြတာလို့ ပြောလိမ့်မယ်။

ဒီလို တ၀က်တပျက် မျိုးချစ်တွေဟာ တိုင်းပြည်ရဲ့ပါရမီရှင် အညွန့်အဖူးလေးတွေကို ထိန်းသိမ်းထားဖို့ လိုတယ်လို့ မပြောင်းမလဲ အလေးပေးပြောလိမ့်မယ်။ သူတို့ကိုယ် သူတို့လည်း ဒီအစုထဲကလို့ထင်ပြီး အနာဂတ်မှာ အဖနိုင်ငံတော်ဟာ သူတို့မရှိပဲ မရှင်သန်နိုင်ဘူးလို့ မြင်ကြလိမ့်မယ်။ သူတို့ကပြောကြလိမ့်မယ်.. အသင့်တော်ဆုံး တိုက်ပွဲပုံစံက မမြင်နိုင်တဲ့ စိတ်ဓါတ်ရေးအရ ခုခံကာကွယ်မှု…လို့။ (ဆိုလိုတာက တိုင်းပြည်ရဲ့ အညွန့်အဖူးလေးတွေကို ထိန်းသိမ်းကာကွယ်ဖို့ပါပဲ။) ဒါမှမဟုတ် မြေအောက်လုပ်ငန်းရဲ့ လိမ်လည်လှည့်ဖျားမှုတွေဟာ ကျင့်ဝတ်အရကြည့်ရင် ရန်သူလို့ မြင်လိမ့်မယ်။ လူတိုင်းဟာ ခုလို ကြောက်ရွံ့မှုတွေကို တန်ပြန်ဖို့ အသင့်ဖြစ်ထားကြရမယ်။ ဒီ ကြောက်ရွံ့မှုက ဖြည်းဖြည်းချင်း ဖြစ်လာတာပါ။

တယောက်ယောက်က အစိုးရနဲ့ပေါင်းသွားတဲ့ နိုင်ငံရေးပြည့်တန်ဆာအလိုတော်ရိတယောက်ကို ခေါင်းတုံးရိတ် ပစ်မယ်လို့ ဟန်ဆောင်ပန်ဆောင် ရက်သတ္တပတ်ပေါင်းများစွာ ပြောလာရင် မယုံပါနဲ၊ တဖက်က သူကလည်း အကြမ်း ဖက်တာကို ဘုရားသခင်က မကြိုက်ဘူးလို့ပြောချင်နေတာပါ။ ကက်သလစ် ဘာသာဝင်ကောင်း တယောက်အနေနဲ့ သူ ဒါမျိုး မလုပ်နိုင်ဘူးတဲ့။
တကယ့် ပုန်ကန်သူစစ်စစ်တွေဟာ ထိတ်လန့်ကြောက်ရွံ့မှုကို ကြုံခဲ့ဖူးခဲ့ကြတာ ချည်းပါပဲ။ ဒါပေမယ့် ကြောက်ရွံ့မှုကို ဖုံးကွယ်ဖို့ထက် အခြားသူတွေနဲ့ သွေးစည်းညီညွတ်မှုကို တည်ဆောက်ပြီး၊ ကြောက်ရွံ့မှုကို ကျော်လွှား နိုင်ဖို့ကြိုးစားကြတယ်။
မြေအောက်လုပ်ငန်းမှာ ကြောက်စရာကောင်းတာက သူရဲဘောကြောင်သူတွေ မဟုတ်ဘူး။ အကြောက်အလန့် မရှိတဲ့သူတွေ။ တော်သေးတာပေါ့ ဒီလိုလူမျိုးကလည်း သိပ် မများလို့။

အချက်ပြများ Signals
(အချက်ပြကို ပို့ပါ။ ညံသံကို မပို့ပါနဲ့) (Send signals, not noises)
အရေးကြီးတာက သင်ဘာလုပ်နိုင်တယ်ဆိုတာ တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်း သတ်မှတ် ထားဖို့ပါပဲ။ ဦး‘က’၊ ဦး‘ခ’၊ ဦး‘ဂ’တို့နဲ့ စကားပြောနေရင်း သူတို့ထဲမှာ ဘယ်သူက အကြီးအကဲဆိုတာ၊ ဘယ်သူက ဘာလုပ်ရမယ်ဆိုတာ၊ သူတို့ဖာသာသူတို့ မဆုံးဖြတ်နိုင်ဘူးဆိုတာသိလာရင် ဘာမှဆက်မလုပ်တာ အကောင်းဆုံးပါပဲ။ အဲဒီလို အခြေအနေမျိုး မှာတော့ ‘ကိုယ်မသိတာကို မဖော်နိုင်’ ဆိုတဲ့ ဥပဒေသကို လိုက်နာရင် မှားလိမ့်မယ်။ ဒီလိုလုပ်ရင် နားလည်မှု လွဲမှားတဲ့ အန္တရာယ်ရှိတယ်။ သင့်ကိုသင်ရော အခြားသူများကိုပါ လှည့်ဖျားရာရောက်လိမ့်မယ်။ လေထဲမှာ တိုက်အိမ် မဆောက်ပါနဲ့။ Kazimierz Brandy ရဲ့ Rondo ကိုကြည့်ပါ။
နောက်ပြဿနာတခုက လုံခြုံရေးအကြောင်းပြချက်နဲ့ သတင်းလိုမဟုတ်ပဲ ညံသံတွေ ပို့မိတာပါပဲ။ သတင်းတွေဟာ တိုရမယ်၊ ဇဝေဇ၀ါမဖြစ်စေရဘူး။ အထူးသဖြင့် လုံခြုံရေးနဲ့ဆိုင်ရင်ပေါ့။ ဒီလိုမဟုတ်ရင် ဒီသတင်းတွေကို ရှင်းအောင်လုပ်နေရတာ အချိန်နဲ့ဂွင်းဆက်တွေ ကုန်လိမ့်မယ်။

ဥပမာ..“လျို့ဝှက်ပုလိပ်အဖွဲ့က ဦး‘က’အကြောင်း အကုန်သိနေသည်” ဆိုတဲ့သတင်းမျိုးဟာ တန်ဖိုးမရှိပါဘူး။ ဘာကိုမှ ပြောမပြနိုင်ပါဘူး။ ဦး‘က’ အတွက်သာ အလုပ်လုပ်ရတာ ပိုအခက်အခဲ တွေ့စေပါလိမ့်မယ်။

စိတ္တဇများ Manias
ကျိုးကြောင်းမဆီလျော်တဲ့ ကြောက်ရွံ့မှုပုံစံမျိုးစုံကို တနည်းအားဖြင့် စိတ္တဇတွေကို မြေအောက်လုပ်ငန်း သက်တမ်းမှာ ကြုံရတတ်ပါတယ်။ လျို့ဝှက်ပုလိပ်ရဲ့ စောင့်ကြည့်ခံရတာကို ကြောက်တာရယ်။ အထင်ကြီးလွန်း တာရယ်တို့က ပေါ်လာတဲ့ အ၀ိုင်းခံနေရပြီလို့ထင်တဲ့(မလုံခြုံတဲ့) စိတ်ဟာ စိတ္တဇပါပဲ။ အလားတူ ကြောက်စရာကောင်း တဲ့နောက်စိတ္တဇက နှိပ်စက်ညှဉ်းပန်းခံရမှာကို ကြောက်တဲ့စိတ်ပါ။ ဒါလည်း အခုလို အစမ်းသပ်ခံနေရတဲ့ ကာလမျိုးမှာ နားလည်နိုင်ပါတယ်။

အလားတူ ကြုံရတတ်တဲ့ နောက်အစွဲက အရာအားလုံးကို ရန်စတာလို့ချည်း မြင်နေတာပါ။ ထောင်ထဲမှာမရှိပဲ အပြင်မှာလွတ်နေတဲ့သူမှန်သမျှကို အာဏာရှင်တွေက မဖမ်းချင်လို့လွှတ်ထားတာလို့ မြင်တယ်။ ဒီလိုကြောက်ရွံ့မှုမျိုးဟာ ကိုယ့်ကိုယ်ကို ‘သင်း’ ပစ်တာနဲ့ အတူတူပဲ။ ဒီလိုဖြစ်ရင် ပုလိပ်အကူအညီတောင်မလိုပဲ ကျနော်တို့အလုပ်ကို ဖျက်ဆီး တတ်တယ်။
အလွန်ကြီးကျယ်တဲ့ ပုန်ကန်မှုသဘောတရားတွေဟာ အမှန်တရားကိုပုံပျက်ပန်း ပျက်ဖြစ်အောင်လုပ်ထားကြပြီး ဒါတွေကို စိတ္တဇတွေလို့ အမည်ပေးသင့်တယ်။ ဒါမျိုးဟာ နယ်ချဲ့တွေကပဲဖြစ်ဖြစ်၊ နိုင်ငံတကာ ကွန်မြူနစ်တွေကပဲဖြစ်ဖြစ်၊ ညီအကိုတော်ဂိုဏ်းသား တွေကပဲဖြစ်ဖြစ်၊ ဂျူးတွေကပဲဖြစ်ဖြစ် လုပ်တဲ့ပုန်ကန်မှု အကုန်အကျုံးဝင်တယ်။ ဆိုဗီယက်တွေက ပိုလန်လူမျိုးတွေကို တယောက်နဲ့တယောက် သတ်စေချင်နေကြတာ။ ကွန်မြူနစ်ပါတီကို လျို့ဝှက်ပုလိပ်ကပဲ နောင်မှာ အလျှော့ပေးစေ့စပ်လို့ရအောင် လျော့လျဲလျဲလေး လုပ်ခိုင်းတာ။ ဒီလိုပဲ စစ်တပ်ကလည်း ဘာညာဆိုပြီးပြောတဲ့ ရန်စမှု သဘောတရားအားလုံးဟာ အတူတူပဲ။ အမှန်တရားနဲ့ကင်းကွာတဲ့ အစွဲတွေချည်းပဲ။

ဒီ ပုန်ကန်မှုနဲ့ ရန်စမှုစိတ္တဇတွေဟာ လုပ်သင့်လုပ်ထိုက်တဲ့အရာကို မလုပ်တာမှန်တယ်လို့ ထင်လာစေတယ်။ “ကျနော်တို့လုပ်သမျှ ကွန်မြူနစ်တွေ အကျိုးရှိဖို့ချည်းဖြစ်နေတော့ ဘာလို့ လုပ်နေဦးမှာလဲဗျာ” ဆိုတာမျိုးပေါ့။ နှိပ်စက်ညှဉ်းပန်းခံရမှာကိုကြောက်တဲ့ စိတ္တဇကတော့ ပိုပြီးအခံရခက်တယ်။ ဒီလိုလူမျိုးဟာ သူ့အဖို့နေရာတကာမှာ လျို့ဝှက်ပုလိပ်ချည်းပဲဖြစ်နေပြီး၊ တပြေးထဲပြေးနေရလို့ပဲ။

သိဖို့လိုသည် Need to know
အတင်းအဖျင်းပြောတဲ့ အိမ်နီးချင်းဟာ ပုလိပ်သတင်းပေးထက် ပိုအန္တရာယ်ရှိတယ်ဆိုတဲ့ ဆိုရိုးစကားဟောင်း ရှိတယ်။ အတင်းအဖျင်းဆိုတာမျိုးကလည်း သူပြောသမျှအတွက် ဘာမှတာဝန်ယူစရာ မလိုပဲကိုး။ အကျိုးဆက်အနေနဲ့ ပြောရရင် အမြင်ဖလှယ်တဲ့အခါ သင့်ကလာပ်စည်းရဲ့ဖွဲ့စည်းပုံနဲ့ ဘာလုပ်နေတယ်ဆိုတာတွေကို မပြောမိပါစေနဲ့။ ဘယ်လို အကြောင်းကြောင့်နဲ့မှ နာမည်တွေ၊ လိပ်စာတွေကို မပြောပါနဲ့။ အရေးကြီးဆုံးက အရင်းနှီးဆုံးမိတ်ဆွေ မဟုတ်တဲ့သူတွေနဲ့ အာမချောင်ပါနဲ့။

ဆိုရိုးစကားသစ်ကတော့ အကောင်းဆုံးမြေအောက်ရဲဘော်ပင်လျှင် ရေခဲသေတ္တာလိုပဲ တခါတရံတော့ ရေခဲ အရည်ဖျော်ပေးဖို့လိုတယ်တဲ့။ လူတိုင်းဟာ တယောက်ယောက်ကိုတော့ စကားပြောဖို့လိုတယ်။ အရေးကြီးတာက ဘယ်နေရာမှာ ဘယ်သူ့ကို ဘယ်မီးဖိုချောင်ထဲမှာပြောမလဲဆိုတာပါပဲ။ ယုံကြည်စိတ်ချရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကြားမှာပဲ ပြောပါ။ အခြားအကြောင်းအရာတခုကိုတော့ ဘားခန်းဒေါင့် တနေရာမှာပြောပါ။ တချို့သော လျို့ဝှက်ချက် တွေဟာ အခြားအချက်တွေထက် အရေးကြီးတယ်။ အရေးအကြီးဆုံးက သင့်အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံနဲ့ အခြား မြေအောက်ရဲဘော်တွေရဲ့ အမည်တွေနဲ့ လိပ်စာတွေ ပါပဲ။
ဒါမှ အရေးကြီးတဲ့ပစ္စည်းနဲ့ အဖမ်းခံရရင်တောင် ထောင်ထဲမှာသိပ်မကြာပဲ ပြန်လွတ်လာမယ်။ အဖွဲ့အစည်းထဲမှာ သင်ဘာဆိုတာမပြောနဲ့၊ တိတ်တိတ်နေ၊ သင့်ဟာသင် ဉာဏ်ကို ထိန်းသိမ်း၊ ဒီလိုနေရမယ်။ ဒါ့အပြင် ဒီလိုသန္နိဋ္ဌာန်မျိုးဟာ သင့်မိတ်ဆွေတွေကို ၀မ်းနည်းစရာ ကြမ္မာဆိုးနဲ့မတွေ့အောင် ကယ်တင်နိုင်လိမ့်မယ်။

လွတ်လပ်ရေး Freedom
(၁၉၄၄) မှာ ပိုလန်လူမျိုးတွေနဲ့ အခြားအရှေ့ဥရောပလူမျိုးတွေဟာ တရားဥပဒေ စိုးမိုးမှုရဲ့ အပြင်ဖက်ကို ရောက်သွားတယ်။ အဲဒီအချိန်ကစပြီး တခုတည်းသောပြောင်းလဲမှုက ဥပဒေမဲ့မှုရဲ့အပြင်းအပျော့ပဲ။ ဆိုရှယ်လစ် ဥပဒေ အယူအဆလောက် အားလုံးကို လွှမ်းခြုံထားနိုင်တာ၊ သားရေကွင်းလို အလျော့အတင်း လုပ်နိုင်တာ ဘာမှမရှိဘူး။

(၁၉၈၁) ဒီဇင်္ဘာ (၁၃) ရက်နေ့က မာရှယ်လော ပြဌာန်းလိုက်တာဟာ ကွန်မြူနစ်စနစ်အောက်မှာ ဥပဒေမဲ့မှု ကိုယ်တိုင်က ဥပဒေပြဌာန်းနိုင်တယ်ဆိုတာ နောက်တကြိမ် သက်သေပြလိုက်တာပဲ။ ပိုလန်ပြည်သူ့သမတနိုင်ငံမှာ သေချာတာတခုပဲရှိတယ်။ အဲဒါက လွတ်လပ်ရေးရဲ့ အတိုင်းအတာဟာ ခုခံဆန့်ကျင်ရေးအင်အားစုတွေရဲ့ အင်အား အပေါ်မှာပဲ တည်တယ်ဆိုတာပါပဲ။ ခုခံဆန့်ကျင်ရေး လမ်းပေါ်လျှောက်နေသူ မည်သူမဆို ဒီ အမှန်တရားကို အမြဲ အလွတ်ရနေရမယ်။ မာ့က်စ်ဝါဒီတွေဟာ လွတ်မြောက်ရေးသဘောတရားက ဖမ်းဆီးခြင်းဟာ လိုအပ်တယ်ဆိုတာ လက်ခံတယ်လို့ပြောကြတယ်။ မြေအောက် တော်လှန်ရေးသမားတွေကတော့ ကျနော်တို့ စွမ်းဆောင်နိုင်သလောက်သာ လွတ်လပ်ရေးကိုရမယ်လို့ အသိအမှတ်ပြုကြတယ်။ နိုင်ငံတော်ကခွင့်ပြုသလောက် လွတ်လပ်ရေးနဲ့သာ တင်းတိမ် နေမယ်ဆိုရင် အဲဒါဟာ ကျွန်စနစ် ပုံစံသစ်တခုပဲဖြစ်မယ်။

ကျနော်တို့ဟာ အစကတည်းက လွတ်လပ်တဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ မစဉ်းစားခဲ့ဘူးဆိုရင်၊ လူသားကိုအခြေခံတဲ့ ကိုယ့်လွတ်လပ်ရေးကို ကိုယ့်ဖာသာ အရယူတာမဟုတ်ခဲ့ရင် အနာဂတ် တချိန်ချိန်မှာ ကွန်မြူနစ်တွေ ရှုံးနိမ့်သွားရင်တောင် ဒီစာအုပ်ငယ်လေးကို ပြန်ဖတ်နေရတာ ကိုယ့်ကိုယ်ကို တွေ့ကြရလိမ့်မယ်။ ဒီတိုက်ပွဲဟာ ကွန်မြူနစ် စနစ်ကိုသာ အနိုင်တိုက်ဖို့မဟုတ်။ ကျနော်တို့ထံမှာ အမြစ်တွယ်နေတဲ့ ကွန်မြူနစ် အယူအဆတွေကိုပါ အနိုင်တိုက်ဖို့ လိုတယ်။

အစပထမတော့ လူတိုင်းပြဿနာနဲ့ ကြုံကြဖူးကြတာချည်းပဲ။ ကနဦး မြေအောက်သတင်းစာကို နေရာစိမ်းမှာ ကိုယ်မသိတဲ့ လူစိမ်းတယောက်ဆီ သွားပို့ရတော့ လူတိုင်း ကြောက်ကြတာချည်းပဲ။ လာယူရတဲ့လူကလည်း ကြောက်တာပဲ။ နှစ်ယောက်လုံးက ဒီအခက်အခဲကို ကျော်လွှားနိုင်လိုက်တဲ့အခါ အကျဉ်းခန်းနှစ်ခန်းကြား ခြားထားတဲ့ တံခါးလေးကို တွန်းဖွင့်လိုက်သလိုပဲ။ နောက်တခန်း၊ နောက်တခန်း.. ဆက်တိုက် ဖွင့်သွားနိုင် တော့တာပဲ။ တယောက်နဲ့တယောက် ပြုံးကြည့်ကြလို့ လွတ်မြောက်ရေးဆိုတာ ယုံကြည်ရမယ့်အရာတခုသာမဟုတ်၊ လက်တွေ့ ကျင့်သုံးရမယ့်အရာလည်းဖြစ်တယ်ဆိုတာ သိလာလိမ့်မယ်။

နိုင်ငံသားနှင့်လျှို့ဝှက်ပုလိပ် The Citizen Vs the Secret Police
သမ္မန်စာ The summons
ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄) အရ “နိုင်ငံသားတဦးဦးကို (တရာရုံး၊ ပုလိပ် ဌာနချုပ်၊ တရားလိုရုံး) ရှေ့မှောက်သို့ လာရောက်ရန်ဆင့်ဆိုသည့် သမ္မန်စာကို ထုတ်ပြန်သည့် အာဏာပိုင်အဖွဲ့ (သို့) အာဏာပိုင်တဦးသည် သတ်မှတ်ထားသောပုံစံကို ပြည့်စုံစွာ ဖြည့်သွင်းရမည်” လို့ ပါရှိပါတယ်။ မကြာခဏပဲ ‘အမှုတွဲအမှတ်’၊ ‘မည်သည့်ပုဂ္ဂိုလ် အဖြစ် ဆင့်ဆိုသည်’ ဆိုတဲ့ နေရာမျိုးတွေမှာ ကွက်လပ်ချန်ထားတာဖြစ်ဖြစ်၊ ရာဇ၀တ်ကျင့်ထုံး ဥပဒေအတိုင်း အပြည့်အစုံ မရေးသွင်းတာဖြစ်ဖြစ် ကြုံရတတ်တယ်။ အမှုအမှတ်နေရာမှာ ‘အစိုးရအမှု’၊ ‘နိုင်ငံကူးလက်မှတ်အမှု’၊ ‘ရှင်းလင်းချက် တင်ပြရန်’ ဆိုတာလောက်ပဲပါပြီး၊ အမှုအမှတ်မပါတာ တွေ့ရတယ်။ ဒါမှမဟုတ်လည်း ရာဇ၀တ်ကျင့်ထုံးဥပဒေမှာ ကွက်လပ်နေရာမှာ အမှုအမှတ်ကလွဲပြီး၊ ဘာမှ မဖြည့်သွင်းရဘူးလို့ အတိအလင်းဆိုထားတယ်။ ‘မည့်သည့် ပုဂ္ဂိုလ်အဖြစ်’ ဆိုတဲ့ ကွက်လပ်မှာလည်း အောက်ပါပုဂ္ဂိုလ် (၆) ဦးထဲက တမျိုးမျိုးကိုသာ ဖြည့်သွင်းရမယ်လို့ ဆိုထားတယ်။ အဲဒါတွေက.. သက်သေ၊ ပါရဂူ၊ စကားပြန်၊ သင်္ကာမကင်းခြင်းခံသူ၊ စွပ်စွဲခံရသူ၊ တရားခံ.. (၆)မျိုးပါ။ ဒီအချက်တွေထဲက တချက်ချက် သွေဖီရင် သမ္မန်စာထုတ်ဆင့်ခံရသူဟာ သမ္မန်စာကို မလိုက်နာပဲ နေနိုင်ပါတယ်။

အာဏာပိုင်က ရာဇ၀တ်ကျင့်ထုံးဥပဒေကို မလိုက်နာရင် သမ္မန်စာလည်း ပျက်ပြယ်ပါတယ်။ ဥပဒေအရ ဒီလို သမ္မန်စာမျိုးကို မလိုက်နာလို့ သင့်ကို အရေးမယူနိုင်ပါ။ လူတော်တော်များများက ဒီလိုသမ္မန်စာမျိုးဟာ မလိုက်နာပဲ နေလို့ရတယ်ဆိုတာ သိထားတာတောင်မှ ပုလိပ်နဲ့ပြဿနာမဖြစ်ချင်လို့ဆိုပြီး၊ ပုလိပ်ဌာနချုပ်ကို သွားကြတယ်။ ဒီလို အကြောင်းပြချက်မျိုးဟာ မခိုင်လုံပါဘူး။ ဒါဟာ နောင်မှာ ပုလိပ်ကို ဥပဒေအတိုင်း မလိုက်နာဖို့ လမ်းခင်းပေးလိုက်တာပဲ။ တယောက်ယောက်က သူ့နာမည်၊ သူ့အိမ်လိပ်စာတပ်ပြီး သမ္မန်စာတစောင်လက်ခံရပြီဆိုရင် “ပုလိပ်ကျနော့်ကို မျက်စိကျလာမှာ မလိုလားဘူးဗျာ” လို့ ပြောတာဟာ အဓိပ္ပါယ်မရှိပါဘူး။

ထုံးနည်းမကျတဲ့သမ္မန်စာကို ‘မြင့်မြတ်တဲ့ငြိမ်းချမ်းရေး’ အတွက် ပုလိပ်နဲ့ဆက်ဆံရေး ကောင်းနေစေချင်တာ အတွက်ဆိုပြီး လိုက်လျောလိုက်ရင်၊ ဒီလူဟာ အနှေးနဲ့အမြန်ဆိုသလို ပုလိပ်နဲ့သူနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောတာ ခံရဖို့သေချာနေပြီ။
ဒီလို နည်းလမ်းမကျတဲ့ သမ္မန်စာတွေဟာ လူသူလေးစားခြင်းခံရတဲ့ နိုင်ငံသားတဦးကို ပုလိပ်သတင်းပေး ဖြစ်အောင်လုပ်ဖို့ လျို့ဝှက်ပုလိပ်ရဲ့ ပထမခြေလှမ်းပဲ။

မကြာခင် ဒီလို ထိတ်လန့်ကြောက်ရွံ့နေတဲ့လူဟာ ပုလိပ်က လက်ဖက်ရည်ဆိုင်တခုမှာ ‘အလွတ်သဘော စကားစမြည်ပြော’ ဖို့ ဖိတ်ခေါ်တာကို လက်ခံတော့မယ်။ ဒီလို စကားစမြည်ပြောဆိုမှုက ဖြစ်နိုင်တာ (၂) ခုပဲရှိတယ်။ ပုလိပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်လိုက်ပြီး၊ ဆွေးနွေးပွဲပျက်သွားတာရယ်။ ပုလိပ်သတင်းပေးလုပ်ဖို့ လက်ခံလိုက်တာရယ်.. ဒီ (၂)ခု တခုခုဖြစ်မှာပဲ။
ငြင်းလိုက်မိရင်တော့ ပုလိပ်ကငြိုငြင်မှာပဲ။ ပုလိပ်က ဘာပဲဖြစ်ဖြစ် သူတို့ကို စကားမပြောချင်သူကို သူတို့ကလည်း စကားမပြောချင်ပါဘူး။ အချိန်ကုန်ရုံပဲ ရှိတယ်။ သူတို့ရှာတာက လူပျော့တွေပါ။ သတင်းညှစ်ထုတ်လို့ ရတဲ့သူတွေ။ အကြပ်ကိုင်လို့ရတဲ့သူတွေကို သူတို့နဲ့ ပူးပေါင်းဖို့ ဆွဲသွင်းတာပဲ။

ဒီလို မခိုင်လုံတဲ့သမ္မန်စာတွေအပြင် အခုလို ရာဇ၀တ်ကျင့်ထုံး ဥပဒေအကြောင်း မသိသူတွေကို အထင်ကြီး အောင်လုပ်ပြီး၊ ဖမ်းစားနိုင်တဲ့နည်းတွေ အများကြီးရှိသေးတယ်။ လျို့ဝှက်ပုလိပ်ရဲ့ ဖိတ်ကြားချက်တွေ၊ သမ္မန်စာတွေ၊ ကမ်းလှမ်းစာတွေ၊ အဆိုပြုချက်တွေနဲ့ သူတို့ရဲ့ကိုယ်စားလှယ် စုံထောက်တွေကို ပုလိပ်ရုံးမှာပဲဖြစ်ဖြစ်၊ ဘားမှာပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်မှာပဲဖြစ်ဖြစ် တွေ့ဖို့ချိန်းတတ်တယ်။

ဒီလို ပထမတကြိမ်တွေ့စဉ် ပြတ်ပြတ်သားသား မငြင်းလိုက်ဘူးဆိုရင် အကြိမ်ကြိမ် ဖုံးဆက် ခေါ်လိမ့်မယ်။ ဆိုင်းမပါ ဗုံမဆင့် သင့်အိမ်ကိုဖြစ်ဖြစ်၊ အလုပ်ကို ဖြစ်ဖြစ် ရောက်လာလိမ့်မယ်။ နောက်ထပ် ထပ်တွေ့ဖို့ ချိန်းလိမ့်ဦးမယ်။ အဲဒီအခါကျမှ ရှောင်ဖို့ကြိုးစားရင် အဆက်အစပ်မရှိတဲ့မေးခွန်းတွေကို ‘ရှင်းလင်းဖြေကြားဖို့’ အလွတ်သဘော သမ္မန်စာတွေကို မျှော်လင့်ထားပေတော့။

ဒါက နောက်ထပ်စကားပြောဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ ပန်ကြားချက်တွေအတွက် အဖုံးအကွယ် လုပ်ထားတာပဲ။ ဒီလို မကြာခဏ အနှောက်အယှက် ပေးခံရဖန်များလာရင် လူဟာ စိတ်ပင်ပန်းလာတယ်။ ‘ငါတော့.. သွားပြီ’ ဆိုတဲ့ စိတ်မျိုး ဖြစ်လာမယ်။ မလိုလားသော ဧည့်သည်တွေကို မလာစေချင်တာနဲ့ စာရွက်တရွက်ကို လက်မှတ်ထိုးလိုက်ရတတ်တယ်။ ဒါက အခုလို သူတို့နဲ့တွေ့တာကို ဘယ်သူမှမပြောပဲ လျို့ဝှက်ထားပါမယ်လို့ ကတိပေးရတာထက်ပိုပြီးဘာမှမဖြစ်နိုင်ဘူး။

ဒီလို လုပ်လိုက်ရလို့ လျို့ဝှက်ပုလိပ်နဲ့ အဆက်အသွယ်တွေ ရပ်ဆိုင်းသွားပြီလို့ မထင်ပါနဲ့။ ဒီလို ကတိဝန်ခံချက်မျိုးကို လက်မှတ်ထိုးလိုက်ရပြီးတာနဲ့ ဒီလိုမလုပ်ရင် ဘယ်လိုဖြစ်သွားနိုင်တယ်လို့ လျို့ဝှက်ပုလိပ်ရဲ့ အမြဲခြိမ်းခြောက်လာတာကို ခံရတော့မယ်။
ဒီလို ကတိဝန်ခံချက်မျိုးကို ပြည်ထဲရေးဝန်ကြီးဌာနရှေ့မှာ ထိုးရတယ်ဆိုရင်တောင် သူ့မှာ ဥပဒေအရ အစွမ်း အာနိသင်မရှိပါဘူး။ အခုလို ပုလိပ်ရဲ့ ကျုံးသွင်းခံရသူတွေ၊ ကတိတွေပေး အကြပ်ကိုင်တာတွေခံရပြီး၊ ထောင်ချောက်ထဲ ကျသွားသူတွေအတွက် အကောင်းဆုံး အကြံဉာဏ်ကတော့ ပြတ်ပြတ်သားသား ငြင်းလိုက်ဖို့ပါပဲ။ ဘာစာရွက်ကိုမှ လက်မှတ်မထိုးပါနဲ့။ စကားပြောသမျှအားလုံးကို မှတ်တမ်းတင်ထားဖို့ တောင်းဆိုပါ။ သင့်မိတ်ဆွေတွေ၊ မြေအောက် ပုံနှိပ်တိုက်က ရဲဘော်တွေကိုလည်း ခုလို ပုလိပ်က လာချဉ်းကပ်ကြောင်း အသိပေးထားပါ။ အစိုးရရှေ့နေရုံးကို တိုင်ကြားစာရေးပါ။

အခုလို ပုလိပ်ကခြိမ်းခြောက် အကြပ်ကိုင်တာ၊ ထောင်ချောက်ဆင် ကျုံးသွင်းတာမှ ရုန်းထွက်ဖို့ တခုတည်းသော သေချာတဲ့နည်းလမ်းက ပုလိပ်ရဲ့ ညစ်ပတ်တဲ့လုပ်ရပ်တွေကို လူသိအောင်လုပ်လိုက်ဖို့ပါပဲ။ ဒါသာလျှင် တဦးချင်း စိတ်တည်ငြိမ်မှုကို ပြန်ရစေလိမ့်မယ်။ ပိုလန်ပြည်မှာ တရားဥပဒေစိုးမိုးမှုရှိစေဖို့ တိုက်ပွဲဆင်နိုင်စေလိမ့်မယ်။

ထိန်းသိမ်းခံရခြင်း Detention
ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ (၂၀၆)၊ အပိုဒ် (၁) က ဒီလိုဆိုပါတယ်။ “ပြည်သူ့စစ်အဖွဲ့သည် မသင်္ကာသူတဦးကို အပြစ်ကျူးလွန်ခဲ့သည်ဟုလည်းကောင်း၊ ထွက်ပြေး ပုန်းရှောင်ဖွယ်ရှိသည်ဟုလည်းကောင်း၊ သက်သေခံပစ္စည်းများကို ဖျက်ဆီးမည်ဟုလည်းကောင်း ယုံကြည်လောက်သောအကြောင်းရှိလျှင် ထိုသူကို ထိန်းသိမ်းထားနိုင်ခွင့်ရှိသည်။ ထိန်းသိမ်းရန်ရည်ရွယ်သည့်ကာလကို ရေးသားဖော်ပြရမည်။” ဆိုလိုတာက ပုလိပ်ကသာ မသင်္ကာသူတဦးကို ပြစ်မှု ကျူးလွန်သည်ဟု ယုံကြည်လောက်သောအကြောင်းရှိလျှင် ထိန်းသိမ်းထားနိုင်တယ်ဆိုတာပါပဲ။

ဒါက သဘောတရားသက်သက်မျှသာပဲ၊ လက်တွေ့မှာ ပုလိပ်ဖက်က လိုသလို အဓိပ္ပါယ်ဖွင့်ခွင့်တွေ ပေးပြီး၊ ဘက်လိုက်ထားတယ်။ အကျိုးဆက်ကတော့ ပိုလန်ပြည်သူ့သမတနိုင်ငံရဲ့ နိုင်ငံသားတဦးကို စွဲချက်မတင်ပဲ (၄၈) နာရီ အထိ ဖမ်းချုပ်ထားနိုင်ပါတယ်။
ဒီလို ကြိုတင်ကာကွယ်တဲ့ ထိန်းသိမ်းမှုရဲ့ ရည်ရွယ်ချက်က မသင်္ကာသူတဦးကို ပျော့သွားအောင် လုပ်ဖို့ပဲ။ ဦးကျိုးသွားအောင်လုပ်ဖို့ပဲ။ ပုလိပ်က သင်္ကာကင်းခံရသူကို ခင်ဗျားဟာ နှစ်ရှည်လများ အကျဉ်းကျသွားဖို့ လက်တကမ်းပဲ လိုတယ်ဆိုတာ သိစေချင်တယ်။ အစိုးရရှေ့နေလက်ထဲ အမှုရောက်မသွားဖို့ ကယ်တင်နိုင်သူဟာလည်း သူတို့ပဲဖြစ်တယ် ဆိုတာ သိစေချင်တယ်။

ဘာပဲဖြစ်ဖြစ် သင်္ကာမကင်းခံရသူက စကားပြောလာပြီး၊ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်လာပြီဆိုရင်၊ ကြိုတင် ကာကွယ်တဲ့ ထိန်းသိမ်းမှုကာလ အကန့်အသတ် (၄၈) နာရီ မကျော်ခင် လွှတ်ပစ်နိုင်တယ်။

The MO or SB (People's Militia, Secret Police) ပြည်သူ့စစ်ကပဲဖြစ်ဖြစ်၊ လျို့ဝှက်ပုလိပ်ကပဲဖြစ်ဖြစ် မသင်္ကာသူတယောက်ကို လွှတ်ပစ်နိုင်တဲ့ အာဏာရှိတယ်။ ဒါပေမယ့် (၄၈)နာရီအတွင်း လွှတ်ပစ်ရမယ်။ (၄၈)နာရီ ကျော်ရင် အစိုးရရှေ့နေဆီ အမှုကို လွှဲပြောင်းပေးရမယ်။

လက်တွေ့မှာတော့ မာရှယ်လောကြေညာပြီးကတည်းက ဒီအချိန်ကာလဟာ အကန့်အသတ် မရှိတော့ဘူး။ ထိန်းသိမ်းတယ် မခေါ်တော့ပဲ တားဆီးထားတယ်လို့ပဲ ပြောတော့တယ်။ ပုလိပ်က ကျနော်တို့ အယူအဆတွေနဲ့ နေပုံထိုင်ပုံတွေကို မကြိက်ရင် ကျနော်တို့အားလုံး အချိန်မရွေး ကိုယ့်နိုင်ငံထဲမှာပဲ စစ်သုံ့ပန်းဖြစ်သွားနိုင်တယ်။ ဥပဒေအရ ပုလိပ်အရာရှိက လူတဦးတယောက်ကို ထိန်းသိမ်းမယ်ဆိုရင် ဘာကြောင့် ထိန်းသိမ်းတယ်ဆိုတာ ဖော်ပြရမယ်။ တခါတရံတော့ အလွန်အန္တရာယ်ကြီးတဲ့ ရာဇ၀တ်ကောင်နဲ့ ရင်ဆိုင်နေရသလို ဆင်ခြေကန်တတ်တယ်။ “ကျနော့်ကို ဒီလိုလုပ်ခိုင်းလို့ပါ”။ ဒါမှမဟုတ် “ဟေ့ကောင်.. စကားသိပ်မရှည်နဲ့ကွ။ မင်းမျက်နှာကို ထိုးခွဲပစ်လိုက်ရမလား” စသဖြင့်ပေါ့။ ပြန်လွတ်လာရင်တော့ အစိုးရရှေ့နေဆီကို ကန့်ကွက်စာတစောင် ရေးကိုရေးရမယ်။ ဒီလိုကိစ္စတွေမှာ အတော်များများက စာပြန်မလာပေမယ့်၊ အာဏာပိုင်တွေရဲ့ ဥပဒေမဲ့လုပ်ရပ်ကို မှတ်တမ်းတင်ဖို့ လုပ်ကိုလုပ်ရမယ်။

ရှာဖွေခြင်း Searches
ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ (၁၈၁) အပိုဒ် (၁) အရ ရှာဖွေခွင့်အမိန့်ကို အစိုးရ ရှေ့နေကသော်လည်းကောင်း၊ တရားရုံးကသော်လည်းကောင်း စာနဲ့ရေးသားပြီး ထုတ်ပေးရမယ်လို့ ဆိုပါတယ်။ မည်သို့ပင်ဆိုစေ အရေးတကြီး ဆောင်ရွက်ရန်လိုအပ်သော အမှုကိစ္စများတွင် ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ (၁၉၁)၊ အပိုဒ် (၂)အရ ရှာဖွေရန်အမိန့်ကို ပြည်သူ့စစ်တပ်ဖွဲ့တပ်မှူးက ပေးနိုင်သည်။ သို့တည်းမဟုတ် ပုလိပ်အရာရှိက ၄င်းစာရွက်စာတမ်းများကို ပြသပြီး၊ ဆောင်ရွက်နိုင်သည်လို့ ရှိပါသည်။ စာဖြင့် ရေးသားထားသော အတည်ပြုချက်ကို တောင်းခံလာလျှင် အစိုးရရှေ့နေသည် (၇)ရက်အတွင်း ထိုအတည်ပြုချက်ကို ထုတ်ပေးရမည်။ ဤကျင့်ထုံးသည် လူကိုရှာဖွေခြင်း၊ အခန်း၊ အိမ်၊ ကား၊ ကားဂိုထောင်… စသည့်အားလုံးကို ရှာဖွေခြင်းကိစ္စရပ်အားလုံးနှင့် သက်ဆိုင်သည်။

သို့သော် ရာဇ၀တ်ကျင့်ထုံးသည် “အရေးတကြီး ဆောင်ရွက်ရန်လိုအပ်သော အမှုကိစ္စများ” ဆိုသည်နှင့် ပတ်သက်၍၊ ကန့်သတ်မှုကို ရှင်းလင်းတိကျစွာ ဖွင့်ဆိုထားခြင်းမရှိပေ။ အကျိုးဆက်မှာ ပုလိပ်အဖို့ ထိုအမိန့်အာဏာကို အလွဲသုံးစားလုပ်ရန် အခွင့်အရေး ရသွားတာပါပဲ။ တဖန် ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ (၁၈၂)က ရှာဖွေခြင်းကို နံနက် (၆) နာရီမှ ည (၉) နာရီအချိန်အတွင်း စတင်ပြုလုပ်ရမည်လို့ ဖော်ပြထားပြီး၊ ရှာဖွေခြင်းလုပ်ငန်းကို တညလုံး ဆက်လက် ပြုလုပ်နိုင်ပါတယ်။ ‘အရေးပေါ်ကိစ္စရပ်များ’တွင်တော့ နေ့နေ့ညည ဘယ်အချိန်မဆို လုပ်နိုင်ပါတယ်။ ဒါက ရာဇ၀တ် ကျင့်ထုံးဥပဒေက ဆိုထားတာကိုပြောတာပါ။ လပေါင်းများစွာ မာရှယ်လောအောက် နေလာခဲ့ရတဲ့ ကျနော်တို့ အားလုံး အဖို့တော့ ပြည်သူ့စစ်ကဖြစ်ဖြစ်၊ လုံထိန်းကဖြစ်ဖြစ်၊ ဘာအကြောင်းပြချက်နဲ့ဖြစ်ဖြစ်၊ ဘာ အကြောင်းပြချက်မှ မပြပဲဖြစ်ဖြစ် ကျနော်တို့အိမ်တွေထဲ အချိန်မရွေး ကျူးကျော်လာတာဟာ အထူးအဆန်း မဟုတ်တော့ပါ။

သူတို့ကတော့ မာရှယ်လောအောက်မှာ ဥပဒေမဲ့မှုကို အခွင့်ကောင်းယူမှာပဲ။ ဒါပေမယ့် ကျနော်တို့က ခုလို ရန်စကျူးကျော်တာကို မကြောက်မလန့်၊ ထိတ်ထိတ်ပျာပျာမဖြစ်ဘဲ တုန့်ပြန်ဖို့လိုတယ်။

ပုလိပ်က သင့်အိမ်တံခါးလာခေါက်ရင် ချက်ချင်း ဖွင့်မပေးလိုက်ပါနဲ့။ စိတ်အေးအေးထားပါ။ ဒါမှ သူတို့ တံခါးကို ဖျက်ပြီးဝင်လာတဲ့အခါ၊ သင့်မှာ အန္တရာယ်ပေးနိုင်မယ့် ပစ္စည်း၊ စာရွက်စာတမ်း၊ လိပ်စာစာအုပ်၊ မြေအောက်သတင်းစာ ဒါမှမဟုတ် သင့်စိတ်ထဲ ပေါ်လာသမျှပစ္စည်းအားလုံးကို ဖျက်ဆီးဖို့ အချိန်ရပြီး ဖြစ်ပါလိမ့်မယ်။ (စာရွက်စာတမ်းတွေကို ဖျက်ဆီးတဲ့အခါ ရေချိုးဇလုံကို အသုံးပြုပါ။ ပြာတွေကို ဘယ်သူက ဂရုစိုက်မှာလဲ။ လျို့ဝှက်ပုလိပ်က သင့်အိမ်တံခါးကို ချိုးဖျက်ပြီး ၀င်ပြီဆိုရင် ဒါဟာ မတော်တဆမဟုတ်ပါ။ သင့် လှုပ်ရှားမှုကို တစုံတရာ သူတို့သိပြီးဖြစ်ပါသည်။ သို့သော် ရေချိုးဇလုံထဲတွင် ပြာတွေတွေ့ရုံဖြင့်တော့ သင့်ကို တရားမစွဲနိုင်ပါ။) တံခါးကို ထုရိုက်ပြီး၊ ကျနော် မမျှော်လင့်တဲ့ ဧည့်သည်တွေရောက်လာတာကြောင့် ကြောက်ပြီး၊ သတင်းစာဟောင်းတွေ၊ စာရွက်ဟောင်းတွေကို မီးရှို့တာပါလို့ ပြောရုံပါပဲ။ (မူယင်းထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)

ရှာဖွေသူအရာရှိဟာ စာဖြင့်ရေးသား မှတ်တမ်းတင်ထားရပါမယ်။ သိမ်းဆည်း ပစ္စည်းအားလုံးကို စာရင်းလုပ် ဖော်ပြရပါမယ်။ ရှာဖွေခံရသူအနေနဲ့လည်း ထိုမှတ်တမ်းမှာ ရှာဖွေသည့်နည်းလမ်း၊ ရှာဖွေသူအရာရှိ အပြုအမူ၊ သိမ်းဆည်းခံရသည့်ပစ္စည်းအတွက် မိမိရဲ့တုန့်ပြန်မှု စတာတွေကို မိမိရဲ့သဘောထားမှတ်ချက် အနေနဲ့ ဖော်ပြခွင့် ရှိပါတယ်။

တရားဝင်မှတ်တမ်းမှာ အနည်းငယ်မျှသော ကွဲလွဲချက်ကိုတွေ့ခဲ့လျှင်ပင် လက်မှတ်ထိုးဖို့ငြင်းဆန်ပါ။ သင့်ကန့်ကွက်ချက်ကို ထိုမှတ်တမ်းတွင် ချရေးပါ။ သင့်ကိုတရားစွဲခဲ့လျှင် ထိုကန့်ကွက်ချက်က သင့်ကို တရားစီရင်ရာတွင် အကာအကွယ်ပေးနိုင်ပါလိမ့်မယ်။
(ကြိတင်ကာကွယ်မှုအတွက် ထိန်းသိမ်းခြင်း) တုန်းကလိုပဲ ရှာဖွေခံရပြီးတဲ့အခါ အခြေအမြစ်မရှိတဲ့ ရှာဖွေမှု အတွက် အစိုးရရှေ့နေထံ တိုင်ကြားစာ တစောင်ရေးပါ။

ကျွန်ုပ်တို့လှုပ်ရှားမှုသည် ပိုလန်ပြည်သူ့သမတနိုင်ငံ ဥပဒေဘောင်အတွင်းမှဖြစ်သည်။ လက်နှိပ်စက်တလုံး၊ ရေဒီယိုတလုံး၊ ပုံနှိပ်စာရွက်တချို့ ပိုင်ဆိုင်တာကို ဘယ်သူမှ တားဆီးပိုင်ခွင့်မရှိပါ။ ရှာဖွေခံရတဲ့အခါ ဒီပစ္စည်းမျိုးတွေ ရှာဖွေ သိမ်းဆည်းခံရလေ့ရှိပါတယ်။ အစိုးရရှေ့နေထံ တိုင်ကြားစာမှာ ဒီသိမ်းဆည်းခံ ပစ္စည်းတွေကို ပြန်ပေးဖို့ တောင်းဆိုတာကိုလည်း တပါတည်းဖော်ပြပါ။

လျို့ဝှက်ပုလိပ်နဲ့ ပထမအကြိမ်ဆုံတဲ့အခါ အကောင်းဆုံးဗျူဟာက ရူးချင်ဟန် ဆောင်ဖို့ပါပဲ။ ဒါ တကယ့်ကို အမှန်ပဲ။ သင့်မှာ ‘နိုင်ငံရေးနောက်ကြောင်း’ မရှိ။ ပုလိပ်နဲ့ ခုလိုတွေ့တာလည်း မတော်တဆပဲ။ သင့် ‘ပြစ်မှု’ အတွက် တခုတည်းသော အထောက်အထားသည် သင့်ကိုယ်ပေါ်တွင် တွေ့သောအရာပင် ဖြစ်သည်။

သင့်ဇာတ်လမ်းက သူတို့ကို ယုံကြည်စေဖို့ မလိုပါ။ ဒါပေမယ့် ဖြစ်နိုင်စရာ အကြောင်းတော့ ရှိရမယ်။ ဒီလိုပဲ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားရမယ်။ ဥပမာ.. သင့်ကို လမ်းမှာ သမဂ္ဂစာကြည့်တိုက်ကငှါးလာတဲ့ စာအုပ်တွေနဲ့ ရပ်တန့် စစ်ဆေးခံရပြီဆိုပါစို့။ “မာရှယ်လောဥပဒေက ပြင်းထန်လွန်းတာကြောင့် ကြောက်ပြီး ဒီမြေအောက် စာရွက်စာတမ်းတွေကို ဖျက်ဆီးမလို့ လုပ်နေတုန်း ခင်ဗျားတို့နဲ့တွေ့တာပါ။ ဒါမှမဟုတ် အခု ပုလိပ်စခန်းကို သွားအပ်မလို့လုပ်နေတုန်း ခင်ဗျားတို့နဲ့တွေ့တာပါ” လို့ပြောပါ။ စာအုပ်တွေ ဘယ်ကရတယ်။ စာကြည့်တိုက်မှူးက ဘယ်သူဆိုတာ စတာတွေ ဘာမှပြောဖို့မလိုပါ။ စာအုပ်တွေ လက်ဝယ်ရှိတာ ရာဇ၀တ်မှုမဟုတ်ပါ။ ရှင်းပြရန်လည်းမလိုပါ။ အဆုံးတော့ “ဒီဟာတွေ ရှိနေတာကို သိပ်ကြောက်နေပြီး ဒါတွေကိုရှင်းပစ်မလို့ပါ။ ကြမ္မာငင်ချင်တော့ ခင်ဗျားတို့နဲ့ ခုလို တွေ့လိုက်ရတော့ မလုပ်လိုက် ရတော့ဘူးပေါ့ဗျာ” လို့ပြောပါ။

စစ်ကြောရေးအရာရှိက သင့်ဇာတ်လမ်းဟာ လံကြုတ်ဆိုတာသိပါတယ်။ ဒါပေမယ့် ဒီဇာတ်လမ်းကိုပဲ အသေ ဆုပ်ကိုင်ပြီး ပြောနေသရွေ့ အန္တရာယ်ကရှောင်နိုင်ပါလိမ့်မယ်။

သင့်မြေအောက်ခန်းထဲမှာ ပုံနှိပ်ဖို့လုပ်ထားတဲ့ စာရွက်စာတမ်းကို ပုလိပ်ကတွေ့ သွားပြီဆိုပါစို့။ အလွယ်ဆုံး ရှင်းပြနိုင်တာက “ဒါ မာရှယ်လော မကြေညာခင်က စာရွက် စာတမ်းတွေပါ” လို့ ပြောလိုက်ပါ။ ဒီဇာတ်လမ်းက ရူးကြောင်ကြောင်တော့နိုင်ပါတယ်။ ဒါပေမယ့် ပုလိပ်ကိုတော့ လှည့်စားနိုင်ပါတယ်။ သင့်အယူအဆတွေ၊ ယုံကြည်ချက်တွေကို ပုလိပ်နဲ့ အဆွေးနွေး မခံပါနဲ့။ ‘မြေအောက်လှုပ်ရှားမှု’ ဆိုတာကို လုံးဝငြင်းပါ။ ‘လှုပ်ရှား တက်ကြွသူ’ ဆိုတာမျိုးလည်းမဖြစ်ပါစေနဲ့။

သင်ဟာ မြေအောက်လုပ်ငန်းသုံး ဝေါဟာရတွေကို လုံးမသိသူဟန်ဆောင်ပါ။ ‘ချကွက်သေ’၊ ‘ဆက်သား’၊ ‘ထောက်ပံ့ရေးလမ်းကြောင်း’.. စသည် အားလုံးကို ‘ဘာတွေလာ ပြောနေတာလဲ’ ဆိုတဲ့ ဂိုက်ဖမ်းထားပါ။ သင်ဟာ သာမန်အရပ်သားတယောက်။ တခုခုကို ‘မတော်တဆသွားတွေ့တယ်’။ ‘အခုတိုင်းပြည်က ထွက်သွားပြီဖြစ်တဲ့ မိတ်ဆွေတယောက်နဲ့အတူ လွန်ခဲ့တဲ့ ဆယ်နှစ်ကတွေ့ခဲ့တဲ့သူက ဒီဟာကို ပေးလိုက်တာ’။ ‘အခု ချိန်းထားတဲ့ နေရာမှာ ဒီလူကို သွားတွေ့ပြီး ဒီအထုပ်ကိုပေးမလို့။ သူက ဒီအထုပ်ကို မြင်ရင် ကျနော့်ကို မှတ်မိမယ်လို့ ထင်ရတာပဲ’။

ဇာတ်လမ်းက ဖြစ်နိုင်စရာတော့ဖြစ်တယ်။ ဒါပေမယ့် အူကြောင်ကြောင်တော့နိုင်တယ်။ အကောင်းဆုံး ဥပဒေသက နဲနဲပဲပြောလေ ကောင်းလေပဲ။ လျို့ဝှက်ပုလိပ်ကတော့ ဘယ်လိုမှ ယုံမှာမဟုတ်ဘူး။ ဒါပေမယ့် တရားရုံးက (တရားရုံးရောက်ခဲ့ရင်ပေါ့လေ) သင့်မှာ အပြစ်ထင်ရှားကြောင်း မတွေ့ရသေးသမျှ အပြစ် ကင်းစင်တယ်လို့ယူဆရမှာပဲ။

လွန်ခဲ့တဲ့ လအနည်းငယ် အတွေ့အကြုံတွေအရတော့ ဇာတ်လမ်းတခုထဲကို စွဲစွဲမြဲမြဲ ထပ်တလဲလဲ ပြောနေရင်၊ အပြည့်အ၀မှန်တာ မဟုတ်ဦးတော့ လူတယောက် လွတ်လာတာကို ကြုံဖူးပါတယ်။ “မသင်္ကာသူ ရှင်းလင်းတင်ပြချက်သည် ဖြစ်နိုင်စရာရှိသည်။” ဆိုတာ စစ်ခုံရုံးတရားလိုရှေ့နေက အမှုပိတ်တဲ့အခါ သုံးတဲ့စကားလုံးပါ။ (မူယင်းထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)

စစ်ကြောရေး Interrogation
သက်သေအဖြစ် ဖြစ်စေ၊ မသင်္ကာသူ တရားခံအနေနှင့်ဖြစ်စေ စစ်ကြောဖို့ ဆင့်ခေါ်တာခံရနိုင်ပါတယ်။ ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ (၆၁) က ဒီလိုဆိုပါတယ်။ “မသင်္ကာသူ ဆိုသည်မှာ ပုလိပ်စွပ်စွဲမှုကိုခံရသူ ဖြစ်သည်။ တရားခံသည် တရားရုံးက နည်းလမ်းတကျ စွဲချက်တင် စစ်ဆေးခံရသူကို ဆိုလိုသည်။”

စစ်ကြောရေးအတွက် ဆင့်ခေါ်တဲ့ သမ္မန်စာမှာ သင့်ကိုဘာအမှုနဲ့ခေါ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားရမယ်။ မသင်္ကာသူအနေနဲ့၊ သက်သေအနေနဲ့ ခေါ်တဲ့အခါ အမှုတွဲနံပတ်ကို ဖော်ပြရမယ်။ ‘ပုဂ္ဂလိကအမှု’၊ ‘ရှင်းလင်းတင်ပြရန် ဆင့်ခေါ်သည်’ ဆိုတဲ့ မှတ်ချက်မျိုးတွေပါလာရင်၊ အမှုတွဲနံပတ်ကို ချန်လှပ်ထားရင်၊ ရုံးတံဆိပ်တုံး မပါရင် သမ္မန်စာဟာ ပျက်ပါတယ်။ ဒီလိုသမ္မန်စာမျိုးကို လက်ခံလိုက်နာစရာမလိုပါ။ (မူယင်းထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)

မေးခွန်းတွေ မစခင် တာဝန်ခံစစ်ကြောသူအရာရှိက အမှုအကြောင်းအရာကို တရားလိုကို ပြောပြဖို့ တာဝန် ရှိပါတယ်။ (လက်တွေ့မှာဖြစ်ခဲပါတယ်။) မေးခွန်းတိုင်းကို စာနဲ့ရေးသား မှတ်တမ်းတင်ဖို့ တောင်းဆိုပါ။ ပြီးမှ မေးခွန်းကို ဖြေဖို့ ငြင်းဆန်ပါ။ (မူယင်းထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)

သက်သေက သူ့ကိုဖြစ်စေ၊ ဆွေမျိုးရင်းချာတဦးကိုဖြစ်စေ အရေးယူအပြစ်ပေး နိုင်သောမေးခွန်းကို ငြင်းဆန်ရန် ဥပဒေအရ အခွင့်အရေးရှိပါတယ်။ (ရာဇ၀တ်ကျင့်ထုံး ပုဒ်မ ၁၆၆)

စစ်ကြောရေးကာလမှာ သက်သေဟာ သက်သေခံအချက်အလက်ကိုပေးအပ်ဖို့ မငြင်းဆန်နိုင်ပါ။ သို့သော် သူ့ကိုဖြစ်စေ၊ ဆွေမျိုးရင်းချာတဦးကိုဖြစ်စေ အရေးယူအပြစ်ပေးနိုင်တဲ့ အချက်အလက်မျိုးကိုတော့ အကြောင်းတစုံတရာ မပြဘဲ ငြင်းဆန်ခွင့်ရှိပါတယ်။ (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၅ နှင့် ၁၆၆ ကိုညွှန်း)

မေးခွန်းတွေကိုဖြေဖို့ ငြင်းဆန်တာဟာ အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ သက်သေက မသင်္ကာသူ ဖြစ်သွားနိုင်တယ်။ သက်သေခံထွက်ဆိုနေတုန်း အချက်အလက်တချို့ဟာ နောင်မှာ သင့်ကို တရားစွဲတင်နိုင်တာမျိုး မတော်တဆ ထွက်ဆိုမိတတ်တယ်။ အချက်အလက်မှားကို ထွက်ဆိုတာထက်စာရင် မပြောဘဲ ပါးစပ်ပိတ်ထားတာက ပိုကောင်းပါတယ်။ သက်သေလိမ်ထွက်ရင် (၅) နှစ်အထိ ထောင်ချနိုင်ပါတယ်။ (မူယင်းထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များ ဖြစ်သည်။)

ဒါတွေကိုကြည့်ရင် လျို့ဝှက်ပုလိပ်နဲ့ဆက်ဆံတဲ့အခါ၊ စစ်ကြောရေးဝင်ရတဲ့အခါ၊ တခုတည်းသော လျော်ကန်တဲ့ နည်းပရိယာယ်က တချို့သောမေးခွန်းများကို မဖြေမိဖို့ပါပဲ။ မသင်္ကာသူအနေနဲ့ဖြစ်စေ၊ တရားခံအနေနဲ့ ဖြစ်စေ မေးခွန်း အမေးခံရတဲ့အခါ၊ ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ (၆၃) အရ သက်သေခံချက်ပေးဖို့ ငြင်းဆန်ခွင့်ရှိပါတယ်။ (ဒီပုဒ်မက တရားခံရဲ့ အခွင့်အရေးကို ရည်ညွှန်းပေမယ့် ပုဒ်မ (၆၁) အပိုဒ် (၂) အရ မသင်္ကာသူကလည်း ခံစားခွင့်ရှိပါတယ်။) (ပြင်ဆင်ထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)

Don't be intimidated! မကြောက်ပါနဲ့
ကျနော်တို့ ခုရောက်နေတာ Waldslow Gomulka ‘ဂေါ်မူကာခေတ်’ မဟုတ်ပါ။ သူက ‘ခန္ဓာကိုယ် ညှဉ်းပမ်းနှိပ်စက်မှု’ ကို ဆန့်ကျင်ပါတယ်။ အခုခေတ်မှာတော့ လျို့ဝှက်ပုလိပ်က စစ်ကြောရေးကာလမှာ ခြိမ်းခြောက်တာ၊ အင်အားသုံးတာ မကြာခဏလုပ်တတ်ပါတယ်။ တယောက်ကဆို သူတို့ အရာရှိချင်း ပြောနေတဲ့ ‘ဒီကောင့် ပါးစပ်ပွင့်လာအောင် ဒီကောင့်မျက်နှာကို လေးငါးချက်လောက် ထိုးလိုက်စမ်းကွာ’ ဆိုတာကို ကြားခဲ့ရပါတယ်။ (Waldslow Gomulka သည် ၁၉၅၆-၇ဝ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပထမ အတွင်းရေးမှူး ဖြစ်သည်။)

ဒီလိုခြိမ်းခြောက်မှုမျိုးကို လက်တွေ့လည်း လုပ်တတ်ပါတယ်။ စိတ်ဓါတ်ရေးရာအရ အသင့်ဖြစ်အောင် ကျနော်တို့ကိုယ်ကို ကျနော်တို့ အသင့်ပြင်ရပါမယ်။ ကံကောင်းတာက ‘စတာလင်ခေတ်’ မဟုတ်တော့တာပါ။ အဲဒီခေတ်ကတော့ ခန္ဓာကိုယ်ညှဉ်းပန်းနှိပ်စက်မှုဟာ ဖြစ်ရိုးဖြစ်စဉ်ပါ။ ခန္ဓာကိုယ်ညှဉ်းပန်းနှိပ်စက်မှုကို ပြန်လုပ်ဖို့ တရားဝင်ဆုံးဖြတ်တာမျိုးတော့ မလုပ်ရသေးပါဘူး။ ခြိမ်းခြောက်တာ၊ အင်အားသုံးတာရဲ့ ရည်ရွယ်ချက်က တဦးတယောက်ကို အန္တရာယ်ရှိနေပြီလို့ ခံစားသွားရအောင်၊ အားကိုးရာမဲ့သွားပြီလို့ ခံစားသွားရအောင် လုပ်ချင်တာပါ။

ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုလည်း ကာကွယ်နိုင်တယ်။ ပြန်လှန်တိုက်စစ်ပင် ဆင်နိုင်ပါတယ်။ ခြိမ်းခြောက်ခံရတဲ့အခါ ပြန်အော်ပါ။ ဒီလို ခြိမ်းခြောက်တာကို ပြည်တွင်းရော ပြည်ပကပါ သိအောင်လုပ်လိုက်မယ်လို့ ပြန်ခြိမ်းခြောက်ပါ။ ဖြစ်နိုင်ရင် စင်္ကြန်ဖက်ပြေးထွက်ပြီး ဆူဆူပူပူဖြစ်အောင်လုပ်ပါ။ ကိုယ့်ကိုစစ်နေတဲ့ အရာရှိထက် ကြီးတဲ့အရာရှိကို ၀င်တွေ့ဖို့ကြိးစားပြီး တိုင်တန်းပါ။ အတွေ့အကြုံအရ ဒီလို အပြုအမူက ခြိမ်းခြောက်နှိပ်စက်တာကို ရပ်ပစ်နိုင်ပါတယ်။

ဒီလိုအကြမ်းနည်းနဲ့ သတင်းမရနိုင်ဘူးဆိုတာကို သိသွားရင် လျို့ဝှက်ပုလိပ်က သူတို့ကိုပေးတဲ့ ညွှန်ကြားချက် ကို ပြန်စဉ်းစားပါလိမ့်မယ်။ (ဒီညွှန်ကြားချက်ကလည်း အချိန်မရွေး ပြောင်းနိုင်ပါတယ်။) ဖြစ်ရိုးဖြစ်စဉ်အရတော့ ‘အပျော့ဆွဲ’ နည်းကို ပြောင်းသုံးပါလိမ့်မယ်။) (မူယင်းထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)

စစ်ကြောရေးရဲ့ရည်ရွယ်ချက်က ကျနော်တို့ကို စကားပြောအောင်လုပ်ဖို့ပါ။ စ၊ စ ချင်းတော့.. “ခင်ဗျားတော့ တဘ၀လုံး ထောင်ထဲနေသွားရတော့မှာပဲ” ဆိုတာမျိုးနဲ့ ‘စိတ်ဓါတ်ရေး’ အရ ခြိမ်းခြောက်ပါလိမ့်မယ်။ ဒီနောက်တော့ “သြော်..ခင်ဗျားက ကိုယ့်ကိုယ်ကိုတင် ဒုက္ခပေးတာမဟုတ်ဘူး။ ခင်ဗျားရဲ့အနီးဆုံးနဲ့ အချစ်ဆုံးတွေကိုပါ ဒုက္ခပေးနေတာကိုး” လို့ ပြောပါလိမ့်မယ်။ ပြီးတော့မှ တဖြေးဖြေး ပိုပြီးခေတ်မီဆန်းပြားတဲ့နည်းတွေကို သုံးပါလိမ့်မယ်။

Don't get alarmed မလန့်ပါနဲ့
ဒေါသထွက်အောင် ဆွပေးတဲ့ စွပ်စွဲချက်တွေကြောင့် မလန့်လိုက်ပါနဲ့။ စစ်ကြောရေးရဲ့ နည်းတနည်းက ပြစ်မှုကို ပုံကြီးချဲ့တာပဲ။ ဒီတော့မှ စွပ်စွဲခံရသူက သတိလက်လွတ်ဖြစ်ပြီး၊ ဘာတွေ ဖြစ်လာဦးမှာလဲလို့ တွေးပြီးကြောက်လာတယ်။ ဒီတော့မှ ဒီကိစ္စမှာ တကယ်တမ်းကျတော့ သူဘယ်လောက်ပဲ ပါခဲ့တာပါ ဆိုပြီးပြောတော့မယ်။ ဒီလိုကိစ္စမျိုးမှာ နဂိုစွပ်စွဲချက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး။ ပိုဆိုးတဲ့အခြေအနေထဲကို ခုန်ဆင်း မိလျက်သား ဖြစ်နေတော့တယ်။ စစ်ကြောသူ ဘက်ကကြည့်ရင် သင်က ခုတော့ စကားစပြောနေပြီဖြစ်လို့ ဒီနည်းက အောင်မြင်တာပဲ။

စစ်ကြောသူဟာ သာမန်အားဖြင့် မသင်္ကာခံရသူထက် ဥပဒေကို ပိုနားလည်တယ်။ လွယ်လွယ်ကူကူပဲ လိမ်လည်လှည့်ဖျားနိုင်တယ်။ ဒီလိုပဲ မသင်္ကာခံရသူဟာ သူ့ အခွင့်အရေးကို မသိတာများတယ်။ ဒါကိုသိရဖို့လည်း စစ်ကြောသူကို အားကိုးလို့မရဘူး။ ဥပမာ.. စစ်ကြောသူက သင် ဒီမေးခွန်းကို ဘာလို့မဖြေသလဲဆိုတာ မရမက မေးလိမ့်မယ်။ တကယ်တမ်းက သင့်မှာ ဒီလိုအခွင့်အရေး ရှိတယ်ဆိုတာ သူကောင်းကောင်း သိတယ်။ “ခင်ဗျား မဖြေတာဟာ မဖြေချင်လို့ မဖြေတာမဟုတ်လား”။ “ဒီထွက်ချက်က ခင်ဗျားကို ရာဇ၀တ်မှုနဲ့ ရုံးတင် စစ်ဆေးနိုင်တယ် ဆိုတာ သိလို့ မဟုတ်လား”

ဒီလိုအမှုမျိုးမှာ စစ်ကြောသူက ‘ဒီထွက်ချက်က ခင်ဗျားကို ပြန်ပတ်နိုင်တယ်ဆိုတာ ခင်ဗျားက ဘာလို့ ထင်ရတာလဲ’လို့ မေးကောင်းမေးလိမ့်မယ်။ သင်စကားပြောလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့မေးတာပဲ။ အဖြေကတော့ ရှင်းရှင်းလေးပဲ။ ‘ဒီထွက်ချက်က ကျနော့်ကို ပြန်ပတ်လိမ့်မယ်ထင်လို့’ လို့ ပြန်ဖြေလိုက်ပါ။ ဒါဟာ လုံလောက်တဲ့အဖြေပဲ။ နောက်တဆင့်ကတော့ ခြိမ်းခြောက်တာပဲ။ မဖြေပဲနေရင် တရားစွဲဖို့ ခွင့်ပြုချက် တောင်းရလိမ့်မယ်ဆိုတာမျိုးပေါ့။ ဒါမှမဟုတ်လည်း “ဒါလေးဖြေလိုက်ရင် ခင်ဗျားမြန်မြန် လွတ်မှာပါ” လို့ ပြောလိမ့်မယ်။

ဒါဟာ သူတတ်နိုင်တာထက် ပိုပြောတာပဲ။ ဒီလိုဆုံးဖြတ်ချက်မျိုးပေးဖို့ သူ့မှာ အာဏာမရှိဘူး။ (စစ်ကြောသူဟာ မသင်္ကာခံရသူကို ပထမ (၄၈) နာရီ အတွင်းမှာပဲ လွှတ်ပစ်နိုင်တယ်။ အစိုးရရှေ့နေဆီက ခွင့်ပြုမိန့် မရရင် ဒီအချိန်ထက် ကျော်ပြီး ထိန်းသိမ်းထားလို့ မရဘူး။) (ပြင်ဆင်ထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)

စစ်ကြောရေးကာလတလျှောက်လုံး စစ်ကြောရေးအရာရှိဖက်က အမြဲတမ်း အကြီးအကျယ် အသာစီး ရနေတာချည်းပဲ။ သူ့ဖက်က နာစရာက နဲနဲလေး၊ ကျနော်တို့က လွတ်လပ်မှုနဲ့ အလောင်းအစား လုပ်နေရတာ။ ဒါကြောင့် ကျနော်တို့ဟာ စစ်ကြောရေးမှာ သုံးလေ့ရှိတဲ့ နည်းလမ်းတွေကို နဲနဲပဲဖြစ်ဖြစ် သိထားဖို့ကောင်းပါတယ်။

Don't panic ဖျားမသွားပါနဲ့
ခင်ဗျားဘ၀အကြောင်း တော်တော် အသေးစိတ်ကျတာလေးတွေကို ပြောလိုက်လို့ ဖျားမသွားပါနဲ့။ “ဒါတောင်သိနေမှတော့.. အကုန်လုံး သိနေ လောက်ရောပေါ့ကွာ” လို့ အလွယ်တကူ ကောက်ချက် မချလိုက်ပါနဲ့။ သူတို့မသိပါဘူး။ သင့် ကို ‘ပျော့သွားအောင်’ လုပ်ဖို့ နည်းဟောင်းကြီးကိုသုံးတာပါ။ သင့်အကြောင်း တချို့တ၀က် သင့်မိတ်ဆွေတွေကို စစ်ကြောရင်း ရသွားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်မိတ်ဆွေကလည်း အမှုနဲ့ ဘာမှမဆိုင်တဲ့ ဒီအချက်တွေကိုပြောပြီး။ စစ်ဆေးသူကို ခေါင်းရှုတ်သွားအောင်ကြိုးစားခဲ့တာပါ။ ဒီနည်းနဲ့ တဖက်သားကို တပတ်ရိုက်နိုင်လိမ့်မယ်လို့ ထင်ခဲ့တာပါ။

သင့်မိတ်ဆွေတဦးဦးရဲ့ ကိုယ်ရေးကိုယ်တာ ဘ၀အသေးစိတ်ကို ဘယ်တော့မှ စကားစမြည်လုပ်ပြီး မပြောရဘူးဆိုတာ သတိရပါ။ ဒီအချက်အလက်တွေက သူတို့ကို ဒုက္ခရောက်စေနိုင်တယ်။ သင့်ကို လူတစုနဲ့ တွဲရိုက်ထားတဲ့ သင့်ဓါတ်ပုံ ထုတ်ပြလို့ အကြောင်းမဲ့ လန့်မသွားပါနဲ့။ ဓါတ်ပုံ၊ တိပ်ခွေ၊ အစီရင်ခံစာ.. စတာတွေဟာ ပုလိပ်သတင်းပေးရဲ့ ပုံမှန်လုပ်ငန်းအချက်အလက်တွေပါ။ ပုလိပ်က ဒါမျိုးကို ပုံမှန်စုဆောင်းရတယ်။ ဒါပေမယ့် ဒါတွေကို တရားရုံးမှာ သက်သေခံမ၀င်ပါ။ သင့်ကို ခြိမ်းခြောက်ဖို့၊ ထောင်ချောက်ဆင်ဖို့နဲ့ အနိုင်အထက်လုပ်ပြီး ထွက်ချက်ယူဖို့ပဲ အသုံးကျပါတယ်။

(စာနဲ့) ထွက်ဆိုပြီးပြီဆိုရင်တော့ ကျန်တာတွေ မလိုတော့ပါ။ တရားခွင်တလျှောက်လုံးမှာ သင့်ကို ဒုက္ခ အပေးနိုင်ဆုံးက ခုလို စာနဲ့ရေးထားတဲ့ သက်သေခံချက်ပါပဲ။) (မူယင်းထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)

Do not admit anything ဘယ်ဟာကိုမှ ၀န်မခံပါနဲ့
ခင်ဗျားအကြောင်းထွက်ချက်ပေးမယ့်၊ သက်သေနဲ့ ရင်ဆိုင်တွေ့ပေးရင်တောင် ဘာကိုမှ ၀န်မခံပါနဲ့။ စိတ်ဓါတ်အရ အညွန့်ကျိုးနေတဲ့ ဒီလိုသက်သေတွေကို “သူတို့ကို မသိပါဘူး။ သူတို့နဲ့အတူ ရာဇ၀တ်မှု ကျူးလွန်ခဲ့တာ မရှိပါဘူး” လို့ တသမတ်တည်းငြင်းပြီး ရင်ဆိုင်ရင် စစ်ကြောရေး ကာလမှာဖြစ်ဖြစ်၊ အမှုစစ်ဆေးနေစဉ်မှာဖြစ်ဖြစ် သူတို့ထွက်ချက်တွေကို ပြန် ရုတ်သိမ်းသွားတတ်ပါတယ်။
သင့်မိတ်ဆွေအနည်းစုက သင်လည်း ပါပါတယ်လို့ ဆက်ပြီးထွက်ဆိုနေရင်တောင် သင့်မှာ ၀န်ခံဖို့ရာ အချိန်အများကြီး ကျန်ပါသေးတယ်။ ‘ရာဇ၀တ်မှု’ ကို ကျူးလွန်ခဲ့ပါတယ်လို့ ၀န်ခံဖို့ ဆုံးဖြတ်တယ်ဆိုရင် သင့်ရှေ့နေ ရှေ့မှာ ၀န်ခံပါ။ ပိုကောင်းတာက တရားရုံးမှာ ၀န်ခံပါ။

စစ်ကြောရေးကာလအတွင်း လွှမ်းမိုး အနိုင်ကျင့်ခံရရင်၊ ထင်ယောင်ထင်မှားဖြစ်အောင် အလုပ်ခံရရင်၊ ရှေ့နေရဲ့အကြံဉာဏ်ရယူဖို့ (ရာဇ၀တ်ကျင့်ထုံးဥပဒေနဲ့ ဆန့်ကျင်ပြီး) ငြင်းပယ်ခံရရင် နှုတ်ပိတ်နေပါ။ ဒါမှမဟုတ် ဘာမှ မပတ်သက်ခဲ့ပါဘူးလို့ ငြင်းပါ။
မသင်္ကာသူ တယောက်ထက်ပိုပြီး စစ်ကြောခံနေရတဲ့ ကာလမျိုးမှာ ပုလိပ်ကို ကျောဖို့ အခွင့်အလမ်း လုံးဝ မရှိဘူးဆိုတာ နားလည်ရမယ်။ ဆိုပါစို့.. မသင်္ကာသူတယောက်ကို (ပုလိပ်ကမေးလို့) အခြား မသင်္ကာသူတယောက်နဲ့ ကော်ဖီဆိုင်မှာစကားပြောခဲ့တာကို ပြန်ပြောပြီဆိုပါစို့။ ပုလိပ်ကိုလမ်းလွှဲဖို့ အမှုနဲ့မဆိုင်တဲ့ အသေးစိတ်အကြောင်း အရာလေးတွေကို စပြောလိမ့်မယ်။ ဒီအသေးစိတ်တွေကို ဒုတိယမသင်္ကာ ခံရသူကို သွားပြောတဲ့အခါ “ဟာ.. ဒီကောင်တော့ ဖော်ပြီ” လို့ထင်ပြီး စပြောတော့မှာပဲ။ လူတစုကို စစ်ကြောခံရရင် ပုလိပ်ကိုလှည့်စားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ သူတို့မှာ တိုင်ပင် ဆွေးနွေးခွင့်လည်းမရှိ။ ဘယ်အချက်ကို ဖော်ပြောမယ်ဆိုတာလည် ညှိနှိုင်းခွင့်မရှိလို့ ပါပဲ။

စစ်ကြောသူတွေက မသင်္ကာသူတွေကို ရင်ဆိုင်ရာမှာ သုံးလေ့ရှိတဲ့ လက်သုံးစကားက “မင်း.. ကိုယ့်ကိုယ်ကို အပြစ်မရှိဘူးထင်ပြီး စကားပြောဖို့ငြင်းနေရင် ကိုယ့်ကိုယ်ကို ဒုက္ခပေးတာဖြစ်မှာပဲ။ ရိုးရိုးသားသားနဲ့ အပြည့်အစုံပြောမှ အပြစ်မရှိရာ ရောက်မှာပေါ့”။ ဒါက ဘာမှ မှားတာတော့ မဟုတ်ဘူး။ ပိုလန် သမတနိုင်ငံရဲ့ ဥပဒေ အကြောင်းအချက်အရ ပြောရင် တရားခံဟာ အပြစ်မရှိဘူးဆိုတဲ့ ယူဆချက်ကို အခြေခံတယ်။ ဆိုလိုတာက ပြစ်မှုကျူးလွန်ကြောင်း သက်သေ ထင်ရှား မပြနိုင်သမျှ၊ နိုင်ငံသားတိုင်းဟာ အပြစ်ကင်းမဲ့တယ်လို့ ဆိုလိုတာပဲ။

စစ်ကြောရေးလုပ်ငန်းရဲ့ ရည်ရွယ်ချက်နဲ့ တည်ရှိရတဲ့အကြောင်းရင်းဟာ မသင်္ကာသူဟာ ပြစ်မှုကျူးလွန်ကြောင်း သက်သေထင်ရှားပြဖို့ပဲ။ အပြစ်ကင်းမဲ့ကြောင်း သက်သေပြဖို့မဟုတ်ဘူး။ သင့်ကိုကူညီချင်တဲ့ ‘သဘောကောင်းတဲ့ ဦးလေးကြီး’ ရဲ့ အရူးလုပ်တာကို မခံရပါစေနဲ့။ သူ့ရဲ့အရင်းခံစေတနာကို ငြင်းပယ်မိပြီလို့ ထင်မိယောင်မှား မဖြစ်ပါနဲ့။ အချိန်သာ လုံလုံလောက်လောက် ရပါစေ။ အပြစ်မရှိဘူးလို့ပြောတဲ့ သက်သေပြချက်တိုင်းကို (အမြဲတမ်းတော့ တရားဝင်တဲ့နည်းလမ်းမဟုတ်တဲ့) နည်းနဲ့ လျို့ဝှက်ပုလိပ်က မမှန်ကြောင်း သက်သေပြနိုင်တာချည်းပဲဆိုတာ မမေ့ပါနဲ့။ ဘာပဲဖြစ်ဖြစ် အမှုက တရားရုံး ရောက်သွားပြီဆိုရင်တော့ လျို့ဝှက်ပုလိပ်အတွက် အချိန်က နည်းသွားပါပြီ။ (ပြင်ဆင် ထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)
တရားရုံးမှာ လက်မှတ်ရေးထိုးထားတဲ့ သက်သေခံချက်သာ ခိုင်လုံပါတယ်။ ဒါကြောင့်ပဲ စစ်ကြောရေး မှတ်တမ်း တွေကို စစ်ကြောရေးပြီးလို့ နာရီအတော်ကြာမှ မကြာခဏ ချရေးကြတာပဲ။ မသင်္ကာခံရသူ မောပန်းနေပြီ၊ သက်သေခံချက်ကို အသေးစိတ် ပြန်လည်မစစ်ဆေးနိုင်တော့ဘူးဆိုတဲ့ အချိန်ကျမှ ဒီလိုလုပ်တာပဲ။ စစ်ကြောသူက စစ်ကြောခံရသူ မပြောတဲ့ အချက်အလက်တချို့ကိုလည်း ထည့်ဖို့ ကြိးစားကောင်း ကြိးစားလိမ့်ဦးမယ်။

အစကတည်းက မေးခွန်းတိုင်းကို သေချာစွာ ရေးဖို့တောင်းဆိုပါ။ မရေးရင် ဆက်ဖြေဖို့ငြင်းဆိုပါ။ မှတ်တမ်းထဲမှာ ဘယ်လို အသေးအဖွဲကို ချန်ထားခဲ့တာမျိုးကိုမှ လက်မခံပါနဲ့။ သင့်ထွက်ဆိုချက်နဲ့ ကွဲလွဲတာဖြစ်ဖြစ်။ တလွဲတချော် ရေးတာဖြစ်ဖြစ် ဘယ်လောက်ပဲသေးငယ်ပါစေ မှတ်တမ်းထဲမှာ လိုအပ်သလို ရှင်းလင်းချက် ထည့်ပေးဖို့တောင်းဆိုပါ။ လက်မှတ်ထိုးဖို့ ငြင်းဆန်ပါ။ (ပိုလန်ပြည် တရားဥပဒေအရ မသင်္ကာခံရသူနဲ့ သက်သေတွေဟာ စစ်ကြောရေးမှတ်တမ်းမှာ လက်မှတ်ထိုးဖို့ ဥပဒေအရ တာဝန်မရှိပါ။)
နိုင်ငံရေးအမှုတွေမှာ အစုလိုက်အပြုံလိုက် အဖမ်းခံရတဲ့အခါ စစ်ကြောသူတွေ လုပ်တတ်တာက အချင်းချင်းကြား သွေးစည်းရေးကို ဖြိခွဲပစ်ဖို့ပဲ။ အဖမ်းခံရသူ အချင်းချင်း တေ့ပေးပြီးလည်းကစားတတ်တယ်။ မကြာခဏ သူတို့ လုပ်တတ်တာက ကြံရာပါတယောက်ပေးထားတယ်လို့ထင်ရတဲ့ ထွက်ချက်ထဲမှာ အချက်အလက်သစ်တချို့ တီထွင် ထည့်သွင်းတာပဲ။ ယုံကြည်ရအောင် ထွက်ချက်ကို မှတ်တမ်းထဲ ထည့်ထားတတ်သေးတယ်။ ကိုးကားထားတဲ့ အချက်က မှန်တယ်ဆိုရင်တောင် ရည်ရွယ်ချက်က ‘တခြားသူတွေတော့ဖော်ကုန်ပြီ’ လို့ ထင်စေချင်တာပါပဲ။ ဒီလိုထင်မိပြီဆိုတာနဲ့ မသင်္ကာခံရသူဟာ စပြောတော့တာပဲ။ ခုနကိုးကားချက်ပါတဲ့ ထွက်ချက်မှတ်တမ်းဟာလည်း တရားရုံး ရောက်မလာတော့ပဲ စုပ်စမြုပ်စ ပျောက်သွားတော့တာပဲ။
နောက်ထပ် SB သုံးတတ်တဲ့ အဟောင်းမြင်းဆုံး လှည့်စားနည်းက.. သင်လုပ်နေတဲ့ လူမှုလုပ်ငန်းတွေဟာ အနောက်ဂျာမဏီ ပြန်ပြင်ရေးသမား သစ္စာဖောက်တွေ၊ အစ္စရေး လျို့ဝှက်ထောက်လှမ်းရေးအဖွဲ့နဲ့ CIA စတာတွေက ငွေကြေးထောက်ပံ့နေတာလို့ ယုံကြည်လာအောင် လုပ်တာပဲ။ မသင်္ကာခံရသူက ဒီရံပုံငွေထဲမှ ကိုယ်ကျိုးအတွက် တပြားတချပ်မှ မရဘူးဆိုစေဦး၊ (သူက သိပ်သေးတဲ့ နယ်ရုပ်ကလေးဖြစ်နေလို့) ဒီနိုင်ငံရေးလှုပ်ရှားမှုမှာပါနေတဲ့ တခြား သူတွေကတော့ ငွေရလို့လုပ်ကြတာ၊ သူတို့က ဆွတ်ဇာလန်ဘဏ်စာရင်းတွေမှာလည်း ငွေတွေအများကြီး အပ်ထားတယ်လို့ပြောလိမ့်မယ်။

သူတို့သုံးခဲ့တဲ့နည်းတွေထဲက အအောင်မြင်ဆုံးတခုကတော့ (၁၉၆၈) က သုံးခဲ့တဲ့နည်းပဲ။ (၁၉၆၈ မတ်လမှာ ကျောင်းသားပုန်ကန်မှုတခုဖြစ်ခဲ့တယ်။) သူတို့နည်းက ဆန့်ကျင်ပုန်ကန်မှုရဲ့ စစ်မှန်မှုနဲ့ အရေးပါမှုကို ငြင်းပယ်တာပဲ။ ဒီထဲပါတဲ့လူအားလုံးကို “မင်းတို့ အသုံးချခံရတာ၊ ခြယ်လှယ်ခံရတာ” လို့ပြောမယ်။ “မင်းတို့ဆရာကြီးတွေက ဂျူးတွေနဲ့ အနောက် ဂျာမန်ပြုပြင်ရေးသမားတွေပဲ။ သူတို့က သူတို့ ကိုယ်ကျိုးစီးပွားအတွက် မင်းတို့ကိုမြှောက်ပေးနေတာ။”

ကိုယ့်ကို စစ်ကြောနေတဲ့သူနဲ့ စကားမပြောရ၊ မနေနိုင်ရင် သူနဲ့ စကားစမြည်ပြောဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် တခုမှတ်ထားရမှာက သူဟာ သင့်ကိုအမြဲတမ်းတော့ တိုက်ရိုက်မေးခွန်းတွေ မေးမှာမဟုတ်ဘူး။ စီးကရက်တလိပ်၊ လဖက်ရည်တခွက်ပေးပြီး ရင်းရင်းနှီးနှီး ငယ်ပေါင်းကြီးဖော်လို စကားပြောမယ်။ သူဟာ သူ့အလုပ် သူလုပ်နေတယ်ဆိုတာ သတိရှိပါ။ စစ်ကြောရေးမှာသုံးတဲ့ နည်းလမ်းတခုက စစ်ကြောခံရသူနဲ့ မိတ်ဆွေဖွဲ့ဖို့ပဲ။ ဖွင့်ပြောလာအောင် စိတ်ဓါတ်ရေးရာအရ ဖိအားပေးဖို့ပဲ။ စစ်ကြောရေးနဲ့ သင့်ကြားမှာ ဘယ်လိုအဆက်ဆံမျိုးမှ မထားပါနဲ့။ သင့်အနေအထား ပိုခက်သွားလိမ့်မယ်။ (ပြင်ဆင်ထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)
လပေါင်းအတော်ကြာ စစ်ဆေးမေးမြန်းခံရပြီဆိုရင် စစ်ကြောခံရသူဟာ ကျိုးသွားပြီး၊ ဖွင့်ပြောတော့မှာပဲလို့ လျို့ဝှက်ပုလိပ် SB က အမြဲတမ်းမျှော်လင့်ထားတယ်။ ဒါကြောင့်ပဲ သူတို့ဟာ (ခြောက်လိုက်၊ ချော့လိုက်၊ လေပျော့လေးနဲ့ ဆက်ဆံလိုက်နဲ့) သူတို့ နည်းတွေကို အမြဲတမ်းပြောင်းနေတာ။ တခါတရံတော့ လူနှစ်ယောက်က အလှည့်ကျ လုပ်တတ်တယ်။ တယောက်က အဆက်မပြတ် ဆဲဆို အော်ဟစ်နေတယ်။ နောက်တယောက်က အေးအေးဆေးဆေး သိမ်သိမ်မွေ့မွေ့နဲ့ သင့်ကို နားလည်ဖို့ကြိုးစားနေသယောင်။ ကူညီချင်သယောင် ဆောင်မယ်။ သင့်ကို စစ်ကြောဖို့ ခေါ်သွားပြီး ဘယ်သူကမှ ဘာမှမပြောပဲ နာရီပေါင်းများစွာထားချင်ထားမယ်။ စစ်ကြောရေးကို သင့် တိုက်ခန်းကျဉ်း လေးထဲမှာ လုပ်ချင်လုပ်မယ်။ နိုင်ငံရေးမှုတွေမှာတော့ သင့်တိုက်ခန်းကျဉ်းလေးထဲမှာ သတင်းပေးတယောက်ကို ရောထားတတ်တယ်။ (ဒီလူက ထောင်ကနေ နောက်ထပ်စစ်ဆေးစရာရှိလို့ ခေါ်လာတဲ့သူ။ ဒါမှမဟုတ် တရားရုံးမှာ အစိုးရသက်သေအဖြစ် ထွက်ဆိုမယ့်သူ ဖြစ်တတ်တယ်။)

ပုံသေဖြစ်လေ့ရှိတာက ဒီလိုလူဟာ ‘သက်တောင့်သက်သာနေလိုတဲ့’၊ အလုပ်ကြမ်းမလုပ်လိုတဲ့၊ ဆိုးရွားလှတဲ့ ထောင်တွင်းဒဏ်ကို မခံနိုင်တဲ့၊ အဲဒီအစား စစ်ကြောခံဖို့ သက်သက်အတွက် အဖမ်းခံလိုသူသာဖြစ်တတ်တယ်။ သူဒီလို အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရင် စောစောလွတ်မယ်၊ ထောင်ဝင်စာများများရမယ်၊ ထောင်ဝင်စာ ခဏခဏ တွေ့ရမယ်။

စာအဆက်အသွယ်ရမယ်.. စသည်ဖြင့် ကတိပေးထားတာမျိုး ဖြစ်တတ်တယ်။ သူဟာ စစ်ကြောခံနေရတာနဲ့ တချိန်ထဲမှာ သင့်ကို စစ်ကြောနေတဲ့ စစ်ကြောရေးအရာရှိနဲ့လည်း အဆက်အသွယ်ရှိတယ်။ ဘာလို့လဲဆိုတော့ သင့်တိုက်ခန်းကျဉ်းလေးထဲမှာ သင်ဟာ သင့်ကိုယ်သင် တချိန်လုံး ထိမ်းချုပ်မထားနိုင်ဘူးဆိုတာသိလို့၊ သင့်ဆီက ‘ဖြောင့်ချက်’ ကို ရအောင်ယူဖို့ပဲ။ သူက စာပေးစရာရှိရင် ထောင်ထဲကခိုးထုတ်လို့ရအောင် သူလုပ်ပေးမယ်လို့ ပြောကောင်းပြောလိမ့်မယ်။

နောက်ဆုံး စစ်ကြောရေးအပြီး သင့်အပြုအမူ တုန့်ပြန်ပုံတွေကို အကဲခတ်ပြီး၊ အားလုံးတစမကျန် သတင်း ပို့လိမ့်မယ်။ ဒီလိုပဲ နောက်ထပ် သတိထားစရာက အကျဉ်းခန်းတိုင်းမှာ ခိုးနားထောင်တဲ့ ကိရိယာတပ်ထားတယ် ဆိုတာပဲ။ ဒါကိုရှောင်လွှဲဖို့ နည်းလမ်းဟောင်းကြီးက စာရေးပြီး သတင်းလက်ဆင့်ကမ်းတာပဲ။ ဒီလိုပဲ သင့်ထံကို ခိုးကြောင်ခိုးဝှက် ရောက်လာတဲ့ သတင်းစကား တချို့ဟာလည်း အတုတွေ ဆိုတာ မမေ့နဲ့။

သင့်ကို အလွန်အင်အားကြီးပြီး၊ အလွန်ထက်မြတ်တဲ့ အဖွဲ့အစည်းယန္တယားကြီးတခုက စစ်ကြောနေတယ်ဆိုတာ မမေ့ပါနဲ့။ သင့်ကိုစစ်ကြောနေတဲ့ စစ်ကြောရေး အရာရှိဟာ ဒီယန္တယားကြီးထဲက ဘီးငယ်လေးတခုသာ ဖြစ်တယ်။ သူဟာ တယာက်ထဲလုပ်နေတာမဟုတ်ဘူး။ သူ့ကိုလည်း အတွေ့အကြုံရင့်ကျက်တဲ့ လူတစုက စောင့်ကြည့် ထိန်းချုပ်ထားတာ။ သူ့ကို သူ့ရလဒ်နဲ့ အကဲဖြတ်တယ်။ အဲဒါဟာ သင့်ထွက်ချက်ပဲ။ ဒါ့ကြောင့်ပဲ ဒီ ထွက်ချက်ရဖို့ နည်းလမ်းပေါင်းစုံ သုံးခွင့် ပေးထားတယ်။ အသံခိုးနားထောင်တာ၊ သင့်အခန်းထဲထည့်ထားတဲ့ သတင်းပေးကတဆင့် သင့်အပြုအမူကို စောင့်ကြည့်တာ၊ သတင်းမှား ထွက်ချက်မှားတွေ ရအောင်လုပ်တာ၊ သင့်မိသားစု၊ ဒါမှမဟုတ် သင့်အမှုတွဲထဲက တဦးဦး ကျန်းမာရေး တော်တော်ဆိုးနေပြီလို့ လိမ်ပြောတာ.. အကုန်ပါပါတယ်။ အရေးကြီးတာက ရလဒ်ပဲ။ အဲဒါက သင့်ရဲ့ စာနဲ့ရေးထားတဲ့ ထွက်ချက်ပဲ။

အဖမ်းခံပုဂ္ဂိုလ်တဦးရဲ့ အထီးကျန်ဘ၀ဟာ စိတ်ဓါတ်ကို ယိုယွင်းစေတယ်။ အလွန်ကိုမှ မှန်တမ်းမဟုတ်တဲ့ ဘ၀ပဲ။ အတူနေ တယောက်ယောက်ရဲ့ အပြုအမူ တုန့်ပြန်ပုံတိုင်းကို သံသယနဲ့ စောင့်ကြည့်နေရတယ်။ စစ်ကြောရေးကာလ အတွက် အကောင်းဆုံး နည်းဗျူဟာက သာမန်အခြေအနေမှာ လွတ်လပ်တဲ့ လူတယောက်နေသလို နေဖို့ပဲ။ သင့်အပေါ် ဖိစီးလာတဲ့ အရာမှန်သမျှကို ဆန့်ကျင်တွန်းလှန်ပါ။ သူတို့ တတွေဟာ ဘာတွေပြောပြော၊ ဘာတွေလုပ်လုပ် သင့်ကို ဒုက္ခရောက်အောင်လုပ်နေကြတာချည်းပဲ။
ဒီလို အထီးကျန်ဖြစ်တာကြောင့် မှန်တမ်းမဟုတ်တဲ့ အခြေအနေတွေရဲ့ ရှုတ်ထွေးပွေလီမှုကြောင့် ဘယ်နည်း ပရိယာယ်ဟာဖြင့် ကောင်းတယ်၊ ဘယ်ဟာက ဆိုးတယ်၊ ဘယ်ဟာကလုံခြုံစိတ်ချရတယ်၊ ဘယ်ဟာက မလုံခြုံဘူး… စတဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းဟာ အတော်ထိခိုက်သွားတတ်တယ်။ သူတို့နဲ့ရင်ဆိုင်ရာမှာ ဘယ်လိုနည်းပရိယာယ်တွေသုံးရ မလဲလို့ စဉ်းစားနေရတာဟာ၊ နောက်ဆုံးမှာ အရှုံးနဲ့ ရင်ဆိုင်ရတာချည်းပဲ။ သူတို့ လိုချင်တဲ့ ထွက်ချက်မပေးမိဖို့ဆိုတဲ့ စိတ်ရဲ့ငြိမ်းချမ်းမှုကို ထိခိုက်တော့တာပါပဲ။ ဘယ်လို ဖိအားပေးခံရခံရ စစ်ကြောရေးကာလမှာ သင့်ပါးစပ်ကို ပိတ်ထား နိုင်သမျှ၊ စစ်ကြောရေး တကြိမ်ပြီးတိုင်း၊ ကိုယ့်စိတ်ကို ဖြေလျှော့ပြီး၊ နောက်စာမေးပွဲသစ်ကို ရင်ဆိုင်ဖို့ အားမွေး နိုင်လိမ့်မယ်။ တခုခုကို စပြောလိုက်မိပြီဆိုတာနဲ့ ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေက လုံးဝ ပြောင်းသွားတော့တာပဲ။

သင့်ကို စိတ်ဓါတ်အရ ညှဉ်းပန်းနှိပ်စက်မှုတွေ ရပ်သွားပြီး၊ စစ်ကြောရေးအရာရှိရဲ့ ဆက်ဆံပုံဟာ အလွန် နူးညံ့သိမ်မွေ့လာမယ်။ ဒါပေမယ့် သင် (သင်ဟာ အလွန်ရိုးသားဖြူစင်သူတဦး၊ လျို့ဝှက်ပုလိပ် SB ရဲ့ ဖိအားပေးမှုကို မခံနိုင်သူတဦး၊ သင့် မိတ်ဆွေတွေအကြောင်း တတ်နိုင်သမျှ နဲနဲပဲပြောလိုသူတဦး၊ အမှုကို ရှုတ်ထွေးသွားအောင် တတ်နိုင်သမျှ စေ့စေ့စပ်စပ် လုပ်လိုသူတဦး) ဖြစ်မယ်ဆိုရင် သင့်စိတ်ငြိမ်းချမ်းမှုကို ဆုံးရှုံးဖို့ သေချာနေပြီ။ စစ်ကြောရေး အချိန်တိုင်းရဲ့ နာရီပေါင်းများစွာအတွင်း ဘယ်ဟာကို ပြောမယ်၊ ဘယ်ဟာကို ဖုံးထားမယ်၊ ကိုယ့်ကိုယ်ကိုနဲ့ အခြားသူတွေကို အထိအခိုက် အနဲဆုံးဖြစ်အောင် ဘယ်လိုဖြေမယ် ဆိုတာတွေ စဉ်းစားနေရတာနဲ့ အချိန်ကုန် သွားတော့တာပဲ။ အတိတ်ကာလ အတွေ့အကြုံတွေအရတော့ အတော်များများဟာ စပြောဖို့ ဆုံးဖြတ်လိုက်တာနဲ့ မကြာခင် ရူးကြောင်ကြောင် ဖြစ်သွားတော့တာပဲ။ (မူယင်းထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)
နိုင်ငံရေးမှုတွေမှာ စစ်ကြောရေးမှာရတဲ့ ထွက်ဆိုချက်တွေပဲ ဥပဒေအရ သက်သေခံဝင်တယ်ဆိုတာ သတိပြုရမယ်။ ဘာပဲဖြစ်ဖြစ် ဘယ်အရာမဆို သင့်ကို စွဲချက်တင်ဖို့ သုံးနိုင်တယ်။ ဒါဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဆင်ခြင်တုံတရားအတွင်း ကျရောက်တဲ့အရာသာဖြစ်တယ်။ ရုံးတက်တရားစွဲမလား၊ မစွဲဘူးလားဆိုတာဟာ သင့်ထွက်ချက်ပေါ်မှာ တည်တာမဟုတ်ဘူး။ နောက်ဆက်တွဲ နိုင်ငံရေး အခြေအနေတွေနဲ့ပဲ ဆိုင်တယ်။

စစ်ကြောခံနေရတုန်းမှာ ငါတော့ တနေ့ မုချ ပြန်လွတ်မှာပဲဆိုတာ သတိရနေဖို့လိုတယ်။ အဲဒီအချိန်ကျ သင့်မိတ်ဆွေတွေရဲ့ မျက်လုံးကို တည့်တည့် ရင်ဆိုင်ကြည့်နိုင်စွမ်း ရှိဖို့ဟာ သိပ်အရေးကြီးတယ်။

Read More...

The Little Conspirator ပုန်ကန်သူလေး၊ အပိုင်း ၄/၄။

စစ်ကြောရေးကစားပွဲကြီး The Interrogation Game
ကျနော်တို့ စစ်ကြောရေးလုပ်တမ်း ကစားကြရအောင်လား။ ခင်ဗျားက ခင်ဗျားရဲ့ ရဲဘော်တချို့နဲ့အတူ မြေအောက်လုပ်ငန်းလုပ်လို့ အထိန်းသိမ်းခံရ (နောက်တော့ အဖမ်းခံ ရသူ) ဆိုပါစို့။ အမှုရဲ့ ဥပဒေ အခြေခံက အရေးမကြီးပါဘူး။ (အဲဒါက အချိန်မရွေးပြောင်းနိုင်တာပဲ။) ကျနော်က ခင်ဗျားကို စစ်ကြောဖို့ အထက် အရာရှိက တာဝန်ပေးထားခံရ သူဆိုပါစို့။ စစ်ကြောရေးဆိုတာ သတင်းအချက်အလက် တိုက်ပွဲပဲ။ ခင်ဗျားတို့ လူစုရဲ့  လှုပ်ရှားမှုတွေကို ပုံမှန်လုပ်ငန်းဆောင်ရွက်မှု နည်းလမ်းတွေနဲ့ စုဆောင်းထားပြီးပြီ။ (စောင့်ကြည့်တာ၊ ခိုးနားထောင်တာ၊ သတင်းပေးမွေးတာ..စသဖြင့်ပေါ့။)

ကျနော်တို့ လက်ထဲမှာ နည်းပညာပေါင်းစုံ အတော်များများရှိပေမယ့် ဒီနည်းနဲ့စုဆောင်းလို့ရတဲ့ အချက်အလက်တွေကို တရားရုံးမှာ တင်လို့မရဘူး။ (ခင်ဗျားနဲ့ ဦး‘က’ တံခါးဝမှာ အတူရပ်နေတာကို) ကျနော်တို့ စုံထောက်က ခိုးရိုက်ထားတဲ့ဓါတ်ပုံတွေ၊ ခင်ဗျား တယ်လီဖုံးနဲ့စကားပြောနေတာကို ခိုးပြီး အသံဖမ်းထားတဲ့တိပ်ခွေတွေကို တရားရုံးက သက်သေခံအဖြစ် လက်မခံဘူး။ တရားရုံးကလက်ခံနိုင်တဲ့ တခုတည်းသော သက်သေခံချက်က ခင်ဗျားနဲ့ ခင်ဗျားရဲ့ ရဲဘော်တွေပေးတဲ့ ထွက်ချက်ပဲ။ နောက်တခုက တတိယပုဂ္ဂိုလ်ကပေးတဲ့ အမှုနဲ့ဆိုင်တဲ့ ထွက်ချက်ပဲ။ ဒါကြောင့် ခင်ဗျားရဲ့ ထွက်ချက်ဟာ မရှိမဖြစ် အရေးကြီးတယ်။

ဒါကြောင့် ခင်ဗျားရဲ့ထွက်ချက်ကို လုပ်ထုံး လုပ်နည်းတွေအတိုင်း ဒီလက်နှိပ်စက်ပေါ်မှာ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း စနစ်တကျ ရိုက်ရမယ်။ စာမျက်နှာတိုင်းမှာ ခင်ဗျားလက်မှတ် ထိုးခိုင်းထားရမယ်။ အမှုတင်ဖို့အတွက် ပြင်ဆင်ရာမှာ ခင်ဗျားထွက်ချက် လိုတယ်။ ဒါပေမယ့် ခင်ဗျားကိုရုံးတင် မလား၊ ဘယ်သူက ပြစ်ဒဏ်ချမှတ်မယ် ဆိုတာကတော့ ကျနော်နဲ့ မဆိုင်ဘူး။ ကျနော်တို့ ယန္တယားရဲ့စနစ်အရ ဒါကိုဆုံးဖြတ်တာက ပုလိပ်မဟုတ်ဘူး။ နိုင်ငံရေးသမားက ဆုံးဖြတ်တာ။ အမှုရဲ့ဥပဒေရလဒ်က ခန့်မှန်းလို့မရတဲ့ နိုင်ငံရေးအခြေအနေပေါ် တည်တယ်။ သင့်ကို စီရင်ချက်ချဖို့ သင့်ထွက်ချက်လိုတယ်။ ပိုအရေးကြီးတာက သင်တို့လှုပ်ရှားမှုကို သိဖို့နဲ့ ဒီအတိုက်အခံ နိုင်ငံရေး လုပ်ငန်းမှာပါနေတဲ့ အခြားသူတွေအကြောင်းသိဖို့ပဲ။ ကျနော်တို့က ခင်ဗျားနဲ့ခင်ဗျားရဲ့ ရဲဘော်တွေအကြား ဆက်ဆံရေးကိုလည်း ဖျက်ဆီးပစ်ချင်တာပဲ။

ကျနော်တို့အတွက် အကြီးကျယ်ဆုံးအောင်မြင်မှုက ခင်ဗျားကို ကျနော်တို့လူအဖြစ် ပြောင်းပစ်ဖို့ပဲ။ (ဒါမှမဟုတ်လည်း အဲဒီလို ထင်ယောင်ထင်မှားဖြစ်အောင်) လုပ်ဖို့ပဲ။ ခင်ဗျားရဲ့ ရဲဘော်တွေအမြင်မှာ ခင်ဗျားဟာ သူတို့အကြောင်း အကုန်ဖွင့်ပြောတဲ့ သစ္စာဖောက်တယောက်ဖြစ်သွားအောင်လုပ်ဖို့က ကျနော်တို့တာဝန်ပဲ။ ထောင်ထဲကနေ စိတ်ဓါတ်ကျ၊ ဘ၀ပျက်ပြီး၊ ထွက်သွားတာကို မြင်ရရင်၊ မြေအောက်လုပ်ငန်းဟာ ဘာမှ အကျိုးမရှိပါဘူးကွာလို့ မြင်သွားအောင် လုပ်နိုင်ရင် ကျနော်တို့ကျေနပ်တယ်။ ဒါကြောင့် ခင်ဗျားကို စကား ပြောလာအောင်လုပ်ဖို့ ကျနော်တို့ ဒါလောက် သောကရောက်နေရတာပဲ။

ခင်ဗျားဟာ ခုထိတော့ ခေါင်းမာမာနဲ့ ပါးစပ်ပိတ်နေတုန်းပဲနော်။ ခင်ဗျားပါးစပ်ကို ပွင့်လာအောင် ကျနော် လုပ်ပြမယ်။ ကျနော့်မှာ အချိန်တွေအများကြီးရှိတယ်။ အချိန်ဟာ ကျနော့်ရဲ့အကြီးဆုံး မဟာမိတ်ပဲ။ ထောင်ထဲက အထီးကျန်ခြင်းနဲ့ စိတ်ဖိစီးမှုက သင့်ခုခံဆန့်ကျင်စိတ်ကို တစတစ တိုက်စားသွားလိမ့်မယ်။ ကျနော်က ခင်ဗျားကို ဘယ်အချိန်မှာ ခြောက်ပြီး၊ ဘယ်အချိန်မှာ ချော့ရမယ်ဆိုတာ ကောင်းကောင်းသိတဲ့ ပညာရှင်။ ဘယ်အချိန်မှာ ခင်ဗျားကို စီးကရက်တလိပ်တိုက်ပြီး၊ ဘယ်အချိန်မှာ စားပွဲကိုထုရမယ်ဆိုတာလည်း ကောင်းကောင်းနားလည်တယ်။

စစ်ကြောရေးတခါပြီးတိုင်း ခင်ဗျားရဲ့တုန့်ပြန်ပုံကို အသေးစိတ် သတင်းပေးနေတဲ့ ကျနော်တို့လူကလည်း ခင်ဗျားနဲ့တခန်းထဲ။ ခင်ဗျားဟာ ရင်ထဲရှိနေတာကို မဆင်မခြင် အသိခံမယ့်သူ မဟုတ်ဘူးဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အိပ်မရတဲ့ စိတ်ဖိစီးမှုရှိပေမယ့် ကောင်းကောင်းအိပ်ပျော်ပါတယ်လို့ ဖြီးလို့မရဘူး။ ခင်ဗျားရဲ့အတွေးတွေ ဒေါင်ချာစိုင်းနေတဲ့အချိန်မှာ စာတပုဒ်ကို အေးအေးဆေးဆေး ဖတ်နေနိုင်ပါတယ်လို့ ဟန်ဆောင်လို့မရဘူး။ ဒီလိုနဲ့ ခင်ဗျားဟာ ဒီလူကို ခင်ဗျား ထင်ထားနိုင်တာထက် ပိုပြီးဖွင့်ပြောမိတော့မှာပဲ။

ခင်ဗျားမှာ တန်ဖိုးထားတဲ့အရာတချို့ရှိတယ်။ ဒါကို နှစ်နှစ်ကာကာ ယုံကြည်တယ်။ (ဒီတန်ဖိုးထားမှုတွေဟာ ကျနော့်အတွက်တော့ အစိမ်းသက်သက်ဖြစ်ပေမယ့် ခင်ဗျား နှုတ်ဆိတ်နေတာကိုတော့ ဖြိုချပစ်နိုင်တယ်။) ဒီတန်ဖိုးထားမှုတွေဟာ ခင်ဗျား ယုံကြည်မှုတွေရဲ့ အခြေခံတွေပဲ။

KGB and NKVD ကေဂျီဘီ နဲ့ လျို့ဝှက် ပုလိပ်တပ်ဖွဲ့အဖို့ ခင်ဗျားအမှုကို စစ်ဆေးရခက်စေတဲ့အရာတွေ ဖြစ်ပေမယ့် ခင်ဗျား အတွက်တော့ ရှင်းနေတာပဲ။ အဲဒီ အရာတွေကပဲ ခင်ဗျားကို ပျော့သွားအောင်လုပ်လို့ရပါတယ်။ ခင်ဗျားရဲ့ အလွန်ရိုးရှင်းတဲ့ အတ္တဗီဇစိတ်ကိုတွေ့တာနဲ့ ခင်ဗျားတန်ဖိုးထားမှုတွေကို လက်နက်အဖြစ်သုံးလို့ရပြီ။ ခင်ဗျား ထောင်ကျမှာ ကြောက်တာ၊ ထောင်ထဲက စောနိုင်သမျှစောစော ပြန်ထွက်ချင်တာ.. စတာတွေဟာ ကျနော်တို့အတွက် အရေးမကြီးတော့ပါဘူး။ ခင်ဗျားက စကားပြောချင်စိတ်မရှိဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်ချင်တယ်။ ဒါမှမဟုတ်လည်း တခြားသူတွေကို၊ ခင်ဗျားရဲ့အရေးတော်ပုံကို ကာကွယ်ချင်တယ်။ ဒါမှမဟုတ်လည်း ခင်ဗျားတို့တိုက်ပွဲရဲ့ ရည်ရွယ်ချက်နဲ့ နည်းလမ်းတွေဟာ ဘယ်လောက် မွန်မြတ် သန့်စင်တယ်ဆိုတာ ပြောကောင်းပြောလိုလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်လေ ခင်ဗျား စကားပြောလာပြီဆိုရင်ပြီးတာပဲ။ ကဲ.. ခု ခင်ဗျားနဲ့ကျနော် နှစ်ယောက်စကားပြောကြတော့မယ်။ ကျနော်ကတော့ သေသေချာချာ စစ်ဆေး စမ်းသပ်ခံပြီးသား နည်းဟောင်းကြီးတွေကိုသုံးမှာပဲ။ အံ့သြစရာကောင်းတာက အဲဒီ နည်းဟောင်းကြီးတွေက (၉၀%) လောက် အလုပ်ဖြစ်တယ်ဗျ။

ခင်ဗျားကိုယ်ခင်ဗျား ဒီအခြေအနေနဲ့ နေသားတကျဖြစ်အောင် လုပ်လိုက်ပါဦး။ အလျင်မလိုပါနဲ့လေ။ ဒီစာပိုဒ်တွေကို သေချာ အချိန်ယူဖတ်ပါ။ အချက်တချက်ပြီးတိုင်း ခဏနားပြီးစဉ်းစားပါ။ စိတ္တဗေဒ ပြဇာတ်လေး တပုဒ်လိုလုပ်ပြီး စဉ်းစားပါ။ ကျနော့်နေရာမှာ သူငယ်ချင်းတယောက်ကို စစ်ခိုင်းပြီး ကစားကြည့်ပါ။ ကျနော့်မေးခွန်းတွေကို သက်ရှိ လူတယောက်ရဲ့အသံနဲ့ ကြားရတော့ ပိုအသက်ဝင်တာပေါ့။ ခင်ဗျားရဲ့ တုန့်ပြန်ပုံတွေကို ပြန်ဆန်းစစ်ပါ။ စောဒကတက်ချင်စိတ်ကို ကြိုးစားပြီးဖျောက်ပါ။ ကျနော့်ကို ရှင်းပြဖို့၊ လက်ခံလာအောင် လုပ်ဖို့မစဉ်းစားပါနဲ့။ ကျနော်က အမြဲတမ်းမှန်တဲ့လူ၊ တိတ်ဆိတ်နေတဲ့ အထဲမှာ ခင်ဗျားရဲ့စိတ်ထဲ ခင်ဗျားရဲ့အဖြေတွေကို ပြန်နားထောင်ကြည့်ပါ။

ပြီးတော့မှ ခင်ဗျားသိပ်စိတ်ရှုတ်သွားတဲ့ အချိန်လေးတွေကို ပြန်စဉ်းစားကြည့်ပါ။ မိတ်ဆွေတွေနဲ့ ဘာကြောင့် ဖြစ်ရသလဲ ဆိုတဲ့အဖြေကို တိုင်ပင်ဆွေးနွေးကြည့်ပါ။ အခက်ခဲဆုံး အခြေအနေတွေမှာတောင် ခင်ဗျား ပါးစပ်ပိတ်နေဖို့ လိုတယ်။

တနေ့ကျရင် ဒီဟာတွေဟာ အသုံးဝင်ကောင်း ၀င်လာပါလိမ့်မယ်
၁) ခင်ဗျားမဖြေဘူးဆိုရင်တော့ ခင်ဗျားကို ကျနော်တို့က ဖမ်းရတော့မှာပဲ။ အိမ်ပြန်ချင်ရင် ပြောဗျာ.. ခင်ဗျား ဒီစာစောင်တွေ ဘယ်ကရခဲ့သလဲဆိုတာကို။

၂) ခင်ဗျားအမှုက ဘာမှအရေးမကြီးပါဘူး။ ခင်ဗျား ခုလိုခေါင်းမာနေရင်သာ အစိုးရရှေ့နေက ဖမ်းဖို့ အမိန့် ပေးတော့မှာ။ ဒီလို စာစောင်အမှုတွေ ကျနော်တို့ဆီမှာ တပုံကြီး။ စာစောင်လေးလက်ထဲတွေ့ရုံနဲ့တော့ ဘယ်သူ့ကိုမှ မဖမ်းပါဘူးဗျာ။ ကျနော်တို့ အတွေ့အကြုံအရတော့ ဘယ်သူ့ဆီကနေ၊ ဘယ်ကနေ စာစောင်တွေရတယ်လို့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောတဲ့လူဟာ ဒီဖြန့်ချိရေးထဲမှာ ထဲထဲဝင်ဝင် မပါတာ သေချာတယ်။ သူတို့က ဖမ်းလောက်တဲ့သူတွေ မဟုတ်ပါဘူး။ လက်ကားသမားတွေပဲ ဒို့က စိတ်ဝင်စားတာပါ။ လက်လီသမားတွေကို ဂရုမစိုက်ပါဘူး။ စကားပြောဖို့ ငြင်းဆန် နေတဲ့သူ ကတော့ လက်ကားသမားပဲ။ ခင်ဗျားလိုပေါ့။ ခင်ဗျားစိတ်ကို ပြောင်းလဲလာအောင်လုပ်ဖို့။ ပါးစပ် ပွင့်လာအောင်လုပ်ဖို့ ထောင်ထဲမှာ (၃) လလောက်တော့ သွားနေလိုက်ဦးပေါ့။

၃) ခင်ဗျားကိုဖမ်းရတာ ခုလို ဖွင့်ပြောဖို့ ငြင်းဆန်နေလို့ပဲ။ ခင်ဗျားကို ဦး‘က’ကြီး ရဲ့ထွက်ချက် ဖတ်ပြမယ်။ သူက ဒီကိစ္စထဲမှာ ခင်ဗျားထက် အများကြီးပိုလုပ်ခဲ့တဲ့ သူဆိုတာ ခင်ဗျားသိပါတယ်။ ဒါပေမယ့် ခုသူ လွတ်သွားပြီလေ။

၎) ခင်ဗျား ခုလို ထွက်ချက်ပေးဖို့ငြင်းဆန်နေတာကို ဘယ်တရားရုံးကဖြစ်ဖြစ်၊ အစိုးရရှေ့နေကဖြစ်ဖြစ် အပြစ်ရှိတယ်လို့ ယူဆစရာဖြစ်လာလိမ့်မယ်။ ဒါ ရာဇ၀တ်ကျင့်ထုံးဥပဒေက ဆိုထားတာပဲ။ ပြစ်မှုကျူးလွန်ပြီး ပြစ်မှုကျူးလွန်သူရဲ့ စိတ်နေ သဘောထား ဘယ်လိုရှိတယ်ဆိုတာကို ဘယ်တရားရုံးကဖြစ်ဖြစ်၊ အစိုးရရှေ့နေကဖြစ်ဖြစ် ထည့်သွင်း စဉ်းစားမှာတော့ သံသယဖြစ်စရာမလိုပါဘူး။ အထူးသဖြင့် ပြစ်မှုကျူးလွန်ပြီးကြောင်း ၀န်ခံတဲ့သူတွေ၊ စစ်ကြောရေး အရာရှိတွေကို အမှုအကြောင်း အချက်အလက် ပြည့်ပြည့်စုံစုံ ပြောပြသူတွေကိုပေါ့။ ဒါဟာ အမှုကို တရားရှင်လွှတ်ဖို့။ “ပ”လပ်ဖို့ ဒါမှမဟုတ် မလွှဲမကင်းသာ ရုံးရောက်သွားရင်လည်း သက်သက်ညှာညှာစီရင်ဖို့ လုံလောက်တဲ့ အကြောင်းတွေပဲ။ ခင်ဗျား ချက်ချင်း ထွက်ချက်ပေးသလား။ အတော်ကြာကြာစစ်ပြီးမှ လပေါင်းအတော်ကြာမှ ထွက်ချက်ပေးမလားဆိုတာ တရားရုံး အတွက် အရေးမကြီးပါဘူး။

၅) ဟုတ်လိုက်လေဗျာ။ ခင်ဗျားက သူရဲကောင်းဖြစ်ချင်လို့ ပါးစပ်ပိတ်နေတာကိုး။ ခင်ဗျားက ပိုလန် ပေါင်မုန့်ကို စားပြီး၊ ရန်သူတယောက်လို နှုတ်ပိတ်ထားတော့တာကိုး။ အခုဒီမှာ ခင်ဗျားကို လာစကားပြောနေတာ အပြစ်ကင်းတဲ့သူတွေကို ရွေးထုတ်ဖို့၊ ပိုလန်ပြည်ကြီးကို ကူညီချင်ပေမယ့် အသုံးချခံနေရသူတွေကို တကယ့် ရန်သူအစစ်တွေနဲ့ ခွဲထုတ်ဖို့ပဲ။ အေး.. မင်းကတော့ ရန်သူပဲ။ ဒို့လုပ်ပြီဆိုရင်တော့ မင်း မသက်သာဘူးသာ မှတ်ပေရော့။

၆) မင်းအသက် (၃၀) ရှိပြီနော်။ ယောက်ျားရှိတယ်။ ကလေးနှစ်ယောက်နဲ့။ မင်းကို ထောင်ချလို့ရတဲ့ အထောက် အထားတွေ ဒို့မှာ တပုံကြီးရှိတယ်။ မြေအောက် စာစောင်ဖြန့်ချိမှုနဲ့ စွဲချက်တင်မလား။ အစိုးရကို ဖြုတ်ချရန်ကြံစည်တဲ့ ရာဇ၀တ် မကင်းသော အဖွဲ့အစည်းများတွင် ပါဝင်မှုနဲ့ စွဲချက်တင်မလား။ ကြိုက်တာလုပ်လို့ ရတယ်။ ဒုတိယအမှုနဲ့သာ ရုံးတင်လိုက်လို့ကတော့ စစ်ခုံရုံးနဲ့စစ်မှာ။ အောက်ထစ် (၅) နှစ်ပဲ။ (၅) နှစ်ဆိုတာ အမျိုးသမီးတယောက်အတွက်တော့ အတော်ကြာတာနော။ ယောက်ျားတယောက်ထက် စာရင်ပေါ့လေ..။ ထောင်က ထွက်လာရင် ထောင်ကနှိပ်စက်လိုက်လို့ လူကလည်း ကြောင်တောင်တောင်ဖြစ်နေ၊ ရုပ်ကလည်း အိုစနာကျလို့နေမှာ။ ရာဇ၀တ်မှုနဲ့ ထောင်ထဲရောက်လာပြီး။ ခုမင်းနဲ့ အတူတူ တခန်းထဲ နေတဲ့သူတွေကို မေးကြည့်စမ်းပါ။ ထောင်(၅) နှစ်ကျပြီး၊ ပြန်ထွက်သွားတဲ့မိန်းမ ဘယ်နှစ်ယောက်များ ပြန်စရာ အိမ်ရှိသေးလို့လဲ။ မင်းယောက်ျားကို ဆိုလိုတာနော်။ မင်းနဲ့ငါတို့နဲ့ နားလည်မှုလေး တခုလောက် စမ်းကြည့်ကြရင် မကောင်းဘူးလား။ မင်းလုပ်ပေးရမှာက တခုထဲ။ ဒေသဆိုင်ရာ အဖွဲ့အစည်းထဲက မင်းရဲ့အဆက်အသွယ်တွေကို ငါတို့ကိုပြောပြ။ ဒို့က အတင်းကြပ်ဆုံး လျို့ဝှက်ထားမှာပါ။ ပြီးတော့ မင်းကို ငါတို့က စာစောင်ဖြန့်ချိမှုနဲ့ပဲ ဆက်စစ်မယ်။ ဒါဆိုရင် ဆိုင်းငံ့ထောင်ဒဏ် (၂) နှစ်လောက်နဲ့ တရားရုံးထဲက အသာလေး လမ်းလျှောက်ထွက်သွားနိုင်မှာ သေချာတယ်။

၇) ဒီအမှုမှာ တခြားသူတွေ ဘယ်လိုထွက်ဆိုထားတယ်ဆိုတာ ငါဖတ်ပြတာ မင်း ကြားပြီးပြီမဟုတ်လား။ မင်းသူငယ်ချင်း တွေကတော့ သူတို့အပြစ်ကို ၀န်ခံနိုင်လောက်အောင် ရိုးသားကြတယ်ကွ။ အေးလေ… ငါပြောတာ သဘောမတူလည်း၊ ဘယ်သူပဲဖြစ်ဖြစ် သူတို့သတ္တိကိုတော့ လေးစားရမှာပဲကွ။ အဲ.. မင်းကတော့ တကယ့်လူကြောက်ပဲ၊ သတ္တိမရှိတဲ့ကောင်။

၈) ဦး‘က’ကြီးနဲ့တွေ့ပြီးမှတော့ မင်းသူငယ်ချင်းတွေက သူတို့သိတာ ရိုးရိုးသားသား အကုန်ပြောနေပြီဆိုတာ မင်း သံသယ ဖြစ်စရာ မရှိတော့ပါဘူးကွာ။ မင်းတို့အကြောင်း ဒို့အားလုံး သိထားပြီးသားဆိုတာ မင်းခုတော့သိပြီ မဟုတ်လား။ တကယ် အတွေ့အကြုံရင့်တဲ့ လက်ကောက်တွေကတော့ အဖော်နဲ့လုပ်တဲ့အမှုဆိုတာ အဖမ်းခံရတာနဲ့ ပေါ်တော့မှာပဲဆိုတာ ကောင်းကောင်းသိတယ်ကွ။ လူများများပါလေ ဒို့အတွက် လွယ်လေပဲ။ သူလျှိုမှု၊ ငွေအလွဲသုံးစားမှု၊ လိမ်လည်မှု အားလုံး ဒီလိုချည်းပဲ။ မင်းကြည့်လေ ဒီလိုအမှုမျိုးမှာ အနှေးနဲ့အမြန် တယောက်ယောက်က စပြောတာချည်းပဲကွ။ မင်းတို့အမှုတွဲပဲ ကြည့်လေ။ မင်းတယောက်ကလွဲလို့ လူတိုင်းကပြောနေပြီ။ မင်းတော့ နာတော့မှာပဲ။ ကြည့်လေ.. အဆုံးကျတော့ အားလုံးက ကိုယ်လွတ်ရုန်းကြတာပဲ။ တယောက်ကိုတယောက် လွှဲချလို့၊ မပြောတဲ့သူက ဓါးစာခံဖြစ်မှာပဲ။ နောက်မှ ကျနော် ပြောပါတော့မယ်ဆိုရင်တော့ သိပ်နောက်ကျသွားပြီ ကိုယ့်လူ။ တရားရုံးကလည်း အရင်ဆုံးဖွင့်ပြောတဲ့ သူကို ယုံတာပဲကွ။ ကဲ.. မင်း သူငယ်ချင်း ဦး‘က’ကြီးရဲ့ ထွက်ဆိုချက်ကို ပြန်ကြည့်ရအောင်။ သူကပြောတော့ မင်းက သူ့ကို လပ်ဗလင် (Lublin) နဲ့ လို့ထ်ဇ် (Lodz)မှာ ချကွက်သေတွေ စီစဉ်ခိုင်းခဲ့တာဆို။ ပြီးတော့ မင်းက ဘုန်းကြီး….နဲ့ အစည်းအဝေးလုပ်ဖို့လည်း ချိန်းခိုင်းခဲ့သေးတယ်ဆိုပဲ။

၉) မင်းက မင့်ကလေးကို မချစ်ဘူးလား။ ဟုတ်လား။ မင်းက ကလေးမထိန်းချင်ဘဲ ထောင်ထဲမှာပဲ နေချင်တာကိုးကွ။ မင့်ကလေးကတော့ အိမ်မှာ တယောက်ထဲ မနေရဲလို့ အိမ်နီးနားချင်းတွေဆီ ငိုပြီးတနေ့လုံး လျှောက်သွားနေတယ်။ မင်းကို ကလေးအုပ်ထိန်းခွင့် ရုတ်သိမ်းလိုက်ပြီး၊ ကလေးကို မိဘမဲ့ဂေဟာ ပို့လိုက်တာပဲကောင်းမယ်။ ဒါပဲ အကောင်းဆုံး ဖြစ်မှာပဲ။

၁၀) ကဲ.. ဒါတွေ ပွင့်ပွင့်လင်းလင်း စာရင်းရှင်းကြရအောင်လေ။ မင်း အနောက်ဂျာမဏီကို ပစ္စည်းတချို့ ပို့ခဲ့တယ်ဆိုတာ ငါတို့ ကောင်းကောင်းသိပါတယ်ကွ။ ဒီလမ်းကြောင်းကိုလည်း ငါတို့သိပါတယ်။ တန်ပြန် ထောက်လှမ်းရေးဌာနကပေးတဲ့ သတင်းအရ မင်းက ဒီလမ်းကြောင်းကတဆင့် အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပို့ခဲ့တယ်တဲ့။ သူလျှိုမှုနဲ့ တရားစွဲမခံရချင်ရင်တော့ တလမ်းပဲရှိတယ်။ ဒီပစ္စည်းတွေ မင်းကို ဘယ်သူကပေးခဲ့တယ်ဆိုတာ ဒို့ကိုပြောကွာ။ အဲဒီလူက မင်းကို သူပေးခဲ့တာဟာ သာမန်လက်ကမ်း စာစောင်လေးတွေပါလို့သာ သက်သေပြနိုင်ရင် ဒို့က နောက်တနေ့လွှတ်ပေးမှာပေါ့။

၁၁) မင်းက တကယ့်ကို ယုံကြည်ချက်နဲ့စိတ်ဓါတ် အပြည့်နဲ့လုပ်တာ ငါတို့က သိပါတယ်။ မင်း “အ” တာ၊ အတွေ့အကြုံ မရှိတာ၊ လုပ်ချင်ကိုင်ချင်စိတ်ရှိတာတွေကို သူတို့က အသုံးချသွားတာပဲ။ မင်းကို ဒီလုပ်ငန်းတွေထဲ ဆွဲသွင်းသူကလည်း တချို့အချက်တွေကို နဲနဲ ‘ကား’ ပြောတယ်ကွာ။ (၁၉၈၀) သြဂုတ်လ မတိုင်ခင် (Gdansk) သင်္ဘောကျင်းအပါအ၀င် ဆန္ဒပြပွဲများ တသီကြီးဖြစ်ခဲ့ပြီး။ ‘သွေးစည်း ညီညွတ်ရေးအဖွဲ့’ ပေါ်ပေါက်လာသည့်အချိန်)က တချို့အစိုးရ ဆုံးဖြတ်ချက်တွေ မတရားဘူးဆိုတာ ငါတို့သဘောတူပါတယ်။ အဲဒီနောက်ပိုင်းလည်း ဒီလိုပါပဲ ဆိုတာဟုတ်ပါတယ်ကွာ။ ဘာပဲဖြစ်ဖြစ်လေ မင်းကတော့ သူတို့အသုံးချခံ သက်သက်ဖြစ်နေပြီ။ မင်းကတော့ သူတို့ဘယ်သူတွေလဲ၊ သူတို့နိုင်ငံရေး ရည်မှန်းချက်တွေက ဘာတွေလဲ၊ သူတို့မှာ ဘယ်လို အဆက်အသွယ်တွေရှိတယ်ဆိုတာ မင်းကတော့ မသိရှာဘူး။ ဥပမာကွာ.. မင်းတို့ ‘သွေးစည်းညီညွတ်ရေးအဖွဲ့’ နယ်မြေခံအကြံပေးဟာ စတာလင်ခေတ်က ရဲရဲတောက် ဘုရားမဲ့ဝါဒီ ဆိုတာ မင်းသိလား။ ဂိုမူကာ (Gomulka) ခေတ်က ၀ိုင်းဇင်းသယ် (ဗီယင်နာရုံးစိုက် နာဇီမုဆိုး Simon Wiesenthal) ရဲ့ သူလျှိုဖြစ်ခဲ့ဖူးတာ မင်းသိလား။ အနောက်နိုင်ငံ ဘဏ်မှာ စာရင်းဖွင့်ထားတာ မင်းသိလား။ ဘောက်စ်ဝပ်ဂွန်း ကားကြီး စီးနေတာကော မင်းသိလား။ သူကတော့ သူ့တသက်တာ ဖူလုံနေပြီကွ။ မင်းရဲ့  ရိုးရိုးကုပ်ကုပ် နပါတယ်ဆိုတဲ့ ခေါင်းဆောင်ကြီး ဦး‘က’ကြီးကလည်း လျို့ဝှက်ချက်တွေနဲ့ပဲကွ။ မာရှယ်လောကာလက မင်းတို့အုပ်စုအတွက် ထောက်အပံ့အကူအညီတွေ ဒေါ်လာ ဘယ်လောက် ရခဲ့တယ်ဆိုတာ မင်းတို့ကို ပြောပြဖူးသလား။ ဘယ်သူ့ ဆီက ရတယ်ဆိုတာကော မပြောဘူးလား။ ငြင်းမရတဲ့ သက်သေခံတွေ ကြည့်ချင် သေးလား။

၁၂) မင်းမှာ ကလေးရှိလား၊ မရှိဘူး၊ ဟုတ်လား။ ၀မ်းနည်းပါတယ်ကွာ။ ငါမေ့ သွားလို့ပါ။ ကောင်းတာပေါ့။ အဲဒါ သိပ်ကောင်းတာပေါ့။ လူနဲနဲပဲခံရလေကောင်းလေပေါ့ကွာ။ ဒါပေမယ့် တခုတော့ရှိတယ်။ မင်း အပြစ်ရှောင်သွားရင်တော့ သွေးဆုံးနေပြီနော။ ကလေးရဖို့ အခွင့်အလမ်းတော့ မရှိတော့ဘူးပေါ့ကွာ။

၁၃) မင်းကိုစစ်ဆေးလို့ရတဲ့ အချက်အလက်တွေနဲ့ မင်းကို သူလျှိုမှုနဲ့ ရုံးတင်လို့ရတယ်။ မင်းအမှုကို စစ်ခုံရုံးကို လွှဲလို့ရတယ်ဆိုတာ မင်းသိလား။ စက်ရုံ ‘က’ ကြီးဟာ စစ်ပစ္စည်းထုတ်လုပ်မှုမှာ ပတ်သက်နေတယ်ဆိုတာ မင်းသိလား။ P8 ဌာနက ဘာတွေလုပ်နေတယ်ဆိုတာကော မင်းသိလား။ မင်းမသိဘူး မဟုတ် လား။ P8 စက်ရုံအလုပ်သမားတွေထဲက ဘယ်သူတွေ မင်းဆီက ငွေနဲ့ အစားအစာတွေ ရနေတယ်ဆိုတာ ငါတို့သိတယ်။ ‘အဖိနှိပ်ခံများအတွက် အကူအညီ’ လို့တော့ နာမည်ခံထားတာပေါ့ကွာ။ သူတို့ချင်း ဘယ်လို အပြန်အလှန် ဆက်သွယ်မှုရှိတယ်ဆိုတာ မင်းမသိဘူး။ ဒါ ထောက်လှမ်းရေး လုပ်ငန်းကွ။ မင်း ငါတို့ပြောတာ ယုံပါကွာ။ စစ်လက်နက် ထုတ်လုပ်ရေးလုပ်ငန်းက အလုပ်ဖြုတ် ခံရသူတွေရဲ့အမည်တွေ၊ လိပ်စာတွေရမယ်ဆိုရင် ဘယ်ထောက်လှမ်းရေးအဖွဲ့ကမဆို ငွေပေးမှာပဲကွ။ ဘယ်သူ အရက်သောက်လွန်လို့ အလုပ်ဖြုတ်ခံရတယ် ဆိုတာတောင် သူတို့က သိချင်သေးတယ်။ သပိတ်သမားတော့ မပြောနဲ့တော့ပေါ့ကွာ။ မင်း ငါပြောတာ နားထောင်စမ်းပါ။ ထောက်လှမ်းရေး အေဂျင်စီတခုအတွက် သူတို့အားလုံးဟာ အလားအလာရှိသော သူလျှိုတွေပဲ။ မင်းက အဲဒီ သူလျှိုစုဆောင်းရေးလုပ်ငန်းမှာပါနေတာ မင်းသိလား။ မင်းက မသိလို့ လုပ်နေတာလား။ သူလျှိုလုပ်ငန်း ဇာတ်ရှုတ်ကြီးထဲ ပါနေတာကို မသိလောက်အောင် “အ” တာလားတော့ ငါတို့ မသိဘူးပေါ့ကွာ။ မင်းကို ငါတို့ များများမမေးပါဘူး။ ဒီ ကုသိုလ်ဖြစ်လုပ်ငန်းမှာ မင်းအပြင် ဘယ်သူပါသေးလဲဆိုတာပဲ ငါက သိချင်တာပါ။ ဒါလေးပါပဲကွ။ ဒါက တကယ်ကို ကုသိုလ်ဖြစ်လုပ်ငန်း အစစ်ဖြစ်တယ်ဆိုရင် ဘယ်သူမှ မထိခိုက်စေရပါဘူး။ မင်းကိုတော့ တခုသတိပေးလိုက်မယ်။ မင်းကို ဒို့လွှတ်ပေးလိုက်ပြီး၊ သိပ်မကြာခင် မင်း မတော်တဆမှုတခုခုနဲ့ တွေ့မယ်။ ဒါမှမဟုတ်လည်း ကိုယ့်အိမ်မှာ သေကြောင်း ကြံတာကိုပဲဖြစ်ဖြစ် တွေ့ရလိမ့်မယ်။ ထောက်လှမ်းရေးဌာနတွေက သူတို့ ဘာလုပ်ရမယ်ဆိုတာ ကောင်းကောင်း သိတယ်ကွ။

၁၄) မင်းကို ဦး‘က’က ငွေတွေ ခဏခဏပေးတာ ငါတို့သိပါတယ်ကွ။ အဲဒီထဲက တချို့နဲ့ မင်းက ဆေးဆိုးပန်းရိုက် အလုပ်ရုံလေးထောင်ဖို့၊ ကျန်တဲ့ပိုက်ဆံကို အထိန်းသိမ်းခံ မိသားစုတွေကို ထောက်ပံ့ဖို့ပေါ့ကွာ။ ဦး‘က’ကြီးက ရိုးပါတယ်ကွ။ သူက ဒို့ကို အကုန်လုံး အသေးစိတ်ပြောပြတယ်။ ဒေါ်လာနဲ့ အနောက် ဂျာမန် ‘မတ်’ ငွေတွေ ဘယ်မှာလဲတယ်။ ပိုလန်ဇလော့တီ ဘယ်လောက်ရတယ် ဆိုတာ ငါတို့အကုန်သိတယ်။ မင်းက သူ့ကို လက်ကျန် ရှင်းတမ်းမပေးလို့နဲနဲတော့ စိတ်ပူနေတယ်ကွ။ ဘယ်သူ့ကို ဘယ်လောက် ပေးလိုက်ရတယ်ဆိုတာ မင်းက ဒို့ကို မပြောဘူးပေါ့လေ။ အေး.. ကောင်းပါတယ်ကွာ။ ၀ါဒဖြန့်ချိရေးအတွက်တော့ ဒီလိုဖြစ်တာ ပိုကောင်းတာပေါ့ကွာ။ မင်းကို အသေးစား ငွေအလွဲသုံးစားလုပ်သူ၊ လူလိမ်အဖြစ်နဲ့ ငါတို့က ရုံးတင်မယ်။ သိပ်ကိုကောင်းတဲ့အမှုပေါ့ကွာ။ ‘ကြီးမိုက် လူရှုတ်ကြီးက သမဂ္ဂပိုက်ဆံယူ မြေအောက်တော်လှန်ရေးသမား သူရဲကောင်း ဟန်ဆောင်ခြင်း’ ပေါ့ကွာ။ ညကလပ်တွေမှာ မင်း ဘယ်လို ပိုက်ဆံဖြုန်းခဲ့တယ်ဆိုတာ ကျမ်းကျိန်ပြီး သက်သေထွက်မယ့်သူတွေ တပုံကြီး ရှိတယ်ဆိုတာ မင်းသိတယ် မဟုတ်လား။ ဒို့အတွက် အလုပ်လုပ်ပေးနေတဲ့ ဖာတွေ အများကြီးရှိတယ်ဆိုတာ မင်းသိပါတယ်။ မင်းမှာရွေးစရာ (၂) ခုပဲရှိတယ်။ ဒို့မေးတာဖြေပြီး သွေးစည်းညီညွတ်ရေးအဖွဲ့ဝင်တွေကို ရုံးတင်စစ်တဲ့ အမှုတွဲထဲပါမလား၊ နိုင်ငံရေးအရ သိပ်ကိုအရေးကြီးတဲ့၊ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေနဲ့ အတူပေါ့ကွာ။ ဒါမှမဟုတ် ဦးနှောက်မရှိပဲ ခုလို ငြင်းနေပြီး၊ တရားခံဝက်ခြံထဲမှာ ထိုင်မလား။ ၀ါဆောတမြိ့လုံးက ဖာတွေက မင်းအမှုအတွက် သက်သေထွက်ကြမှာကွ။ စဉ်းစားပေါ့ကွာ။ မင်းရွေးတဲ့ အတိုင်းပါပဲ။

၁၅) မင်း အခုလို ခေါင်းမာတာ၊ နှုတ်ဆိတ်နေတာဟာ မင်းတယောက်ထဲနာမှာ မဟုတ်ဘူး၊ တခြားသူတွေလည်း နာမှာ။ မင်းအခန်းက ဒို့ရှာတွေ့တဲ့ လက်ကမ်းစာစောင် ရှေ့အဖုံးမှာ ဒေါ်‘ခ’ကွေးရဲ့ ဖုန်းနံပါတ်တွေ့ထားတယ်ကွ။ ဒို့က သူ့ကို ဖမ်းထားပြီးပြီ။ သူက သိပ်ပြီး စိတ်ဓတ်ကြံ့ခိုင်သူမဟုတ်ဘူးဆိုတာ မင်းသိပါတယ်။ သူ့မှာကလေးတယောက်လည်း ကျန်ခဲ့တယ်ကွ။ သူ့ဆီကထွက်ချက် ဒို့ရထားပြီးပြီ။ မနက်ဖန်ကျရင် သူ့ကို ထောင်ထဲမှာ ဆက်ထားမလား၊ လွှတ်ပစ်မလားဆိုတာ ဒို့ဆုံးဖြတ်မယ်။ ကံဆိုးချင်တော့ သူ့ထွက်ချက်တွေက ဝေ့လည်ကြောင်ပတ်နဲ့ သိပ် အားပျော့ လွန်းတယ်။ အစိုးရရှေ့နေက သူ့ကို ထောင်ထဲမှာပဲ ဆက်ထားတော့မှာ ငါစိုးရိမ်တယ်ကွာ။ မင်း ဒို့မေးတာ မဖြေဘူး ဆိုရင်။ သူ့ဖုန်းနံပတ်ကို ဘယ်ကရခဲ့တယ်ဆိုတာ မပြောဘူး ဆိုရင်တော့ အစိုးရရှေ့နေက ဒီလိုပဲ လုပ်ရတော့မှာပဲ။

၁၆) မင်းရဲ့အချစ်ဆုံးမိတ်ဆွေ မ‘ဂ’ငယ်ရဲ့ ထွက်ချက်ကြောင့် အခုလိုအဖမ်းခံရတယ်ဆိုတာ မင်း ကောင်းကောင်း သိပါတယ်။ သူက ကြာကြာ အာမခံနိုင်ဘူးလေကွာ။ သူက ဒို့ကို ရိုးရိုးသားသား ပြည့်ပြည့်စုံစုံ ထွက်ချက်လည်းပေးပြီးရော တခါထဲ ရုတ်တရက် အရုပ်ကြိးပြတ် ကျသွားတော့တာပဲ။ သတ်သေဖို့ ကြိုးစားတော့တာပဲ။ ဒို့ စိတ်ရောဂါ ဆရာဝန်က ပြောတာတော့ စိတ်ကျရောဂါတဲ့။ သူ့ကို အခု အထူးဆောင်မှာထားလိုက်ပြီ။ အဲဒီအဆောင်ရဲ့အခြေအနေက ကျန်းမာ သန်စွမ်းတဲ့ ယောက်ျားတယောက်တောင် ရင်ဆိုင်ဖို့ မလွယ်ဘူး။ ဒီကောင်မလေးကို မင်းက မင်းရဲ့ အစိုးရ ဆန့်ကျင်ရေး အုပ်စုထဲ ထည့်လိုက်တာ ဒို့သိပါတယ်။ မင်းက သူ့အထက်က။ ခုတော့ ဒီကလေးမလေးရဲ့ နောင်ရေးက မင်းလက်ထဲမှာ။ မင်းဆီက ဒို့ ထွက်ချက်ရရင်။ အင်း.. ဆိုပါတော့ကွာ… မင်းက သူ့ကို ဒန့် (Gdansk) သင်္ဘောကျင်းကို သုံးလေးခေါက် လွှတ်တယ်။ မြေအောက် စာစောင်တွေဖြန့်ချိရာမှာ နဲနဲပါးပါးလောက် ပါခဲ့တယ်ဆိုတာလောက်နဲ့ ဆိုရင်တော့ ဒို့က သူ့ကို ချက်ချင်း လွှတ်လိုက်မှာပဲ။ ဒို့ကို ယုံပါကွာ။ ဒို့ကလည်း ထောင်ထဲမှာ ခုလို သတ်သေတာတွေ ခဏခဏ မဖြစ်စေချင်ပါဘူး။ သူကတော့ ခုအချိန်မှာ ဘာမဆို လုပ်နိုင်တယ်နော။ ကဲ.. ဒို့ တယောက်ကိုတယောက် နားလည်နိုင်ပြီလား။ အလွန် သနားစရာကောင်းတဲ့ စိတ်ကျရောဂါရနေတဲ့ မိန်းကလေး တယောက်ရဲ့ လွတ်မြောက်ရေးဟာ မင်းလက်ထဲမှာ ဆိုတာကို။

၁၇) မင်းနဲ့စေ့စပ်ထားတဲ့၊ မင်းနဲ့အတူဖမ်းမိတဲ့ ကောင်မလေးက မင်းကို ကာကွယ်ဖို့တော့ ကြိုးစားနေတာပဲကွ။ သူက ဒို့ကိုပြောပြတာတော့ အတော်ကြာပြီကွ။ သူ့ထွက်ချက်ထဲက တချို့ကို ဒို့ဖတ်ပြမယ်။ အချစ်စိတ်လွှမ်းနေတဲ့ မိန်းမတွေ ထုံးစံပေါ့ကွာ။ သူလုပ်ခဲ့တာတွေ ပုံကြီးချဲ့ပြော။ မင်းလုပ်ခဲ့တာတွေ လျှော့ပြော။ ဒီပုံအတိုင်းဆို သူကတော့ ထောင်ဒဏ် အတော်တန်နေပြီကွ။ မင်းသိတဲ့ အတိုင်းပဲ သူက မလည်ဘူးလေ။ လူတိုင်းကလည်း မင်းလို ခေါင်းမမာဘူး။ ငါ့အတွေ့ အကြုံအရပြောရရင်၊ ငါ မင်းကိုပြောရ၊ မရတော့ မသိဘူးပေါ့ကွာ။ မင်း Bridge ဖဲ ကစားတတ်လား။ ကစားတတ်တယ်။ ဟုတ်လား။ ပြောပြစမ်းပါကွာ။ ကောင်းကောင်းကစားတတ်တာနဲ့ ညံ့ညံ့ကစားတတ်တာ ဘယ်ဟာကပိုလွယ်သလဲ ဆိုတာ နားထောင်စမ်း။ မင်းသာ တကယ်ကောင်းကောင်းကစားတတ်ရင် ပွဲကို ရှေ့ကဦးဆောင်ရတယ်ကွ။ မင်းသာပြောမယ်ဆိုရင် မင်းထွက်ချက်အတိုင်း ငါက ဒီကောင်မလေးကို စစ်ရမှာပဲ။ သူ့ထွက်ချက်အတိုင်း စစ်စရာမလိုဘူး။ တကယ်တော့ ငါမင်းကို ခုလိုရှင်းမပြရဘူး။ မင်းကို ဂုဏ်သရေရှိ လူကြီးလူကောင်းလို့ ငါ မထင်ဘူးကွ။ ဖာခေါင်းတောင် မင်းထက် ပိုပြီး သိက္ခာရှိရှိ ခုလို ကျင့်ဝတ်ဆိုင်ရာ ပြဿနာကို ရှင်းနိုင်သေးတယ်။ ဘယ်လိုလဲ။ မြေအောက်တော် လှန်ရေးသမား သူရဲကောင်းကြီးရဲ့။ ထွီ…. အလကားကောင်။ ကောင်မလေးက သူ့ကိုယ်သူ ပုံချနေသမျှ မင်းက အေးအေးဆေးဆေး ထိုင်စောင့်လို့။

၁၈) အစိုးရဆန့်ကျင်ရေးစာရွက်စာတမ်းတွေကို မင်းအခန်း (မင်းမှာ အခန်းလည်း မရှိပါဘူး) က မိတာမဟုတ်ဘူး။ မင်းမိဘတွေရဲ့အခန်းက မိတာဆိုတာ မင်းသိတယ် မဟုတ်လား။ မင်းအဖေ ဘယ်မှာလုပ်တယ်။ သူ့ရာထူးက ဘာဆိုတာ မင်းသိပါတယ်။ မင်းကတော့ ဒီစာရွက်စာတမ်းတွေ ဘယ်ကရတယ်ဆိုတာ ဒို့ကို ခုထိ မပြောသေးဘူး။ ဒါဆိုရင် ဒါတွေကို မင်းအဖေဆီက ရတယ်လို့ ပြောရမှာပဲ။ ဟုတ်တယ်မဟုတ်လား။ ငါတို့ကတော့ ဒီလမ်းမြှောင်လေးကို ရှာဖို့ ဆုံးဖြတ်ပြီးပြီ။ ငါပြောတာ ယုံစမ်းပါကွာ။ ဒို့က လုပ်မယ်ဆိုရင်၊ လုပ်ပြီဆိုရင် မင့်အဖေတော့ ကိစ္စပြတ်ပဲ။ ငါ အမှတ်မမှားဘူးဆိုရင် မင်းအဖေက ပင်စင်ယူဖို့ (၂) နှစ်ပဲ လိုတော့တာပဲ။ ဟုတ်တယ်မဟုတ်လား။

၁၉) မင်းဟာငယ်လည်းငယ်။ ဉာဏ်လည်းထက်တဲ့ မိန်းကလေးတယောက်ပဲ။ မင်းမှာ အယူအဆတွေ၊ ယုံကြည်ချက်တွေ၊ အစီအစဉ်တွေ ရှိမှာပဲ။ ဒါပေမယ့် စစ်ကြောရေးတလျှောက်လုံး မင်းက တကယ့် ငတုံးတယောက်လိုပါပဲလား။ တခုခုယူခဲ့တယ်၊ တခုခုကို တခြားတနေရာကို လွှဲပေးလိုက်တယ်၊ တယောက်ယောက်နဲ့ တွေ့ခဲ့တယ်၊ ဒါပဲ။ တခြားလူတွေ ထွက်ချက်က တခုခုတော့ အဖြေထွက်တာပဲ။ ဥပမာအားဖြင့်ကွာ.. ‘က’ကြီးကဆို သူ့နိုင်ငံရေးအမြင်တွေကို အစီရင်ခံစာ အရှည်ကြီးရေးပေးတယ်။ ဒါဆို ဒို့ကလည်း သူ့ကို နိုင်ငံရေးသမားတယောက်အဖြစ် ရုံးတင်လို့ရတာပေါ့။ မင်းကျတော့ သူ့ရဲ့မယား။ မြေအောက်လုပ်ငန်းသုံး ယာယီအဖော် မိန်းကလေးတယောက်အဖြစ်ပဲ ပြောလို့ရတော့မှာ။ ဒီဟာက မင်းနဲ့ လိုက်ပါ့မလားဆိုတာ ငါတော့ သိပ်မသေချာဘူး။

၂၀) ‘မြေအောက်အဖွဲ့’ဆိုတဲ့ထဲက မင်းသူငယ်ချင်းတွေလုပ်နေပုံကတော့ တကယ့်ကို အပျော်တမ်း ဆန်လွန်းတယ်။ မြေအောက်စည်းကမ်းတွေလည်း မလိုက်နာဘူး။ မင်းအရင်တခါ အဖမ်းခံရတာလည်း။ ဒီကောင်တွေ ပေါ့ပေါ့ဆဆလုပ်လို့၊ အသုံး မကျလို့ပဲ၊ မင်းကတော့ သူတို့ထက် အများကြီးသာတယ်။ ပါရဂူတယောက်ပဲဆိုတာ ငါတို့သိတယ်။ (ဒီဟာ မင်းရေးတယ်ဆိုတာ ငါတို့သိပါတယ်ကွ။ ‘က’ကြီးက ပြောထားပြီးပြီ။) မင်းရေးထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာရင် မင်းတို့အစုကို မိဖို့မလွယ်ဘူး။ ကံဆိုးချင်တော့ မင်းက အလကားကောင်တွေနဲ့ သွားပေါင်းမိတာကိုးကွ။ မင်းကတော့ တကယ့်လူတော်ပါ။ ဒို့က အလုပ်ကို သေချာလုပ်တတ်တဲ့သူတွေကို သဘောကျပါတယ်။ တရားရုံး စစ်ချက်မှတ်တမ်း တွေဟာ (တခြားမင်းရှေ့က အစုတွေလိုပဲ) တချိန်ကျ သမိုင်းသုတေသီတွေအတွက် သမိုင်းဝင်ပစ္စည်းဖြစ်မှာ သေချာတယ်။ အဲဒီသမိုင်းသုတေသီတွေက မင်းတို့အစုကို တကယ့်စည်းရုံးမှုရှိတဲ့၊ နိုင်ငံရေးအရ ရင့်ကျက်တဲ့ အစုအဖြစ် မြင်စေချင်သလား၊ ငပေါအုပ်စုတစုအဖြစ် မြင်စေချင်သလား။ သမိုင်းဝင်ကျန်စေချင်ရင် မင်းတို့အစုကို အကောင်း မြင်စေချင်ရင်ပြောကွာ။ မင်းတို့ သတင်းစာ ဖြန့်ချိရေးကွန်ယက် ဘယ်လို တည်ဆောက်ထားတယ်ဆိုတာကို။

၂၁) မင်းက ဒုတိယလှိုင်းထဲမှာပါတယ်။ နောင်မှာ ပုလိပ်နဲ့စစ်သားတွေကို ဓါတ်ဆီပုံးနဲ့ ပစ်မယ့်သူတွေပေါ့။ မင်းလို ကောင်တွေ တွေ့ဖူးပေါင်းများပါပြီကွာ။ ဟေ့ကောင်.. ဒီဒုတ်ကို ကြည့်စမ်း။ ဟိုဖက် လှည့်မသွားပါနဲ့ကွ။ ငါ့လူတွေက မင်းကို ဘာမှ မလုပ်ပါဘူး။ ဒို့မှာ အချိန်အများကြီးရှိတယ်။ အများကြီးရှိတယ်။ နားထောင်စမ်း။ ဒါတွေ မင်းကို ဘယ်သူ ပေးတာလဲ။

၂၂) မင်းရှေ့ကစာအုပ်ကို ကြည့်စမ်း။ ဒါဘာလဲ။ ဘယ်သူရေးတာလဲ။ ဘာလို့ရေးတာလဲ။ မင်းက ပါးစပ်ပိတ်နေတယ် ပေါ့လေ။ ကောင်းလိုက်တာကွာ့ မင်းက ခုလို သေချာပါးစပ်ပိတ်ထားဖို့ လေ့ကျင့် သင်ကြားခံထားရသူပဲ။ အရင်တုန်းကတော့ KOR လက်ကမ်းစာစောင် (၁၉၇၆ တွင် ဖွဲ့စည်းခဲ့သော အလုပ်သမားကာကွယ်ရေးကော်မတီ၊ KOR ထုတ်ဝေရေး လုပ်ငန်းကို ရည်ညွှန်းသည်။)ဆိုတာ ရှိခဲ့ဖူးတယ်ကွ။ အဲဒီထဲမှာ ဥပဒေ ပြဋ္ဌာန်းချက်တွေထဲက ထုတ်နှုတ်ပြီး၊ အမျိုးမျိုး လိမ်ကောက်ပြီး ဖွင့်ဆိုထားတဲ့ ဖွင့်ဆိုချက်တွေပါတယ်။ ‘နိုင်ငံသားနှင့် လျို့ဝှက်ပုလိပ်’ ဆိုတဲ့ အခန်းမျိုးပေါ့။ ခု မင်းရှေ့က ဟာပဲလေ။ အဲဒါဘာလဲဆိုတာ မင်းသိလား။ ဒါ သူလျှိုလုပ်ငန်းအတွက် စံကျတဲ့ညွှန်ကြားလွှာပဲ။ ဖမ်းမိတဲ့အချိန် သူလျှိုတယောက် ဘာလုပ်ရမယ်ဆိုတဲ့ လက်စွဲစာစောင်ပဲ။ ဒီလက်စွဲစာစောင်ရဲ့ အခြေခံက ဘာလဲဆိုတာ မင်းသိလား။ ဒီမှာ အဲဒီညွှန်ကြားချက်မိတ္တူ၊ CIA အရှေ့ဥရောပဌာနခွဲကနေ ဒို့ရဲ့ တန်ပြန်ထောက်လှမ်းရေးဌာနက ရခဲ့တာ။ ‘ဦးနှောက် အဆေးခံရခြင်းကို တုန့်ပြန်ရာတွင် အားထားနိုင်သော လေ့ကျင့်ခန်းအဖြစ် အာရုံကြောလေ့ကျင့်ခန်း’ ဆိုတာပဲ။ မင်းရှေ့က စာစောင်နဲ့ အခုအချက်အလက်တွေနဲ့ တိုက်ကြည့်လေ။ အချက် (၂၂)ချက်လုံးဟာ အတူတူပဲ။ မတူဘူးလား။ မင်းကတော့ နှုတ်ဆိတ်နေတုန်းပဲ။ သူလျှိုလက်စွဲထဲက ညွှန်ကြားချက်တွေအတိုင်း လိုက်နာနေတုန်းပဲမဟုတ်လား။

Read More...